ပညာစက်၊ သိုက်ဆက်

ပြဿနာရဲ့အစကတော့ သူတို့မိသား စုတွင်း မှာ တစ်ယောက်နဲ့တစ်ယောက်ကြည့် မရတာက စခဲ့ တာပါတဲ့။

“ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ဆရာရယ် …၊ ကျွန်မတို့မိသားစုတွေက ပတ်ဝန်း ကျင်က ပြောစမှတ်ဖြစ်လောက်အောင် တစ်ယောက် နဲ့တစ်ယောက် မိသားစုလိုက် အဆင်ပြေနေကြ တာပါ …၊ ဒါပေမဲ့ ခု လေးငါးလလောက်အတွင်းမှာ ဘာတွေက ဘယ်လို ဖြစ်လာမှန်းမသိ ပါဘူးအရင်က အပြစ်လို့ မထင်တာတွေကိုလည်း အပြစ်ကြီးလုပ်ပြီး ပြောကြတယ် …၊ ရန်တွေဖြစ်ကြ အော်ကြီးဟစ် ကျယ်တွေနဲ့ ရှက်ဖို့တောင် ကောင်းပါတယ်”

သူပြောလိုက်ကတည်းက ဘယ်သူ နှောက် နေတယ်ဆိုတာ သတိထားမိလိုက်ပါတယ်။ ဒါပေ မဲ့ ကျွန်ုပ်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း မစစ်ဆေးရ သေးဘဲ ဘာမှမပြောတတ်တာကြောင့် စစ်ဆေးဖို့ ပြောလိုက်ရပါတယ်။

“ခင်ဗျားတို့မှာရှိနေတဲ့ပြဿနာ ဘာဆိုတာ မှန်းကြည့်လို့တော့ရပါတယ် …၊ ဒါပေမဲ့ မှန်း ကြည့်တာထက်စစ်ဆေး ကြည့်ပြီးမှပြောတာ ပိုသ ဘာဝကျမယ်လေ …၊ ဒါကြောင့် အရင်စစ်လိုက်ရ အောင် …”

အမေနဲ့သမီးလာတာမို့ မိခင်ဖြစ်သူကို အရင် စစ်လိုက်ပါတယ်။

ပယောဂစက်ရဲ့သဘောမှာ သူများ အတိုက် (စုန်း၊ နတ်၊ ကဝေ၊ မှော်)စသဖြင့် ရှိနေတတ်ပေမယ့် စစ်ဆေးရင်မတွေ့တတ်တာမျိုးလည်း ရှိနေတတ်ပါ တယ်။ တချို့လူတွေ ကြပြန်တော့လည်း မြူလောက် ကလေး ပညာစက်ရှိနေရင်တောင် မိနေတတ်ပါ တယ်။

မိခင်ကိုစစ်ဆေးကြည့်တဲ့အခါ ဘာမှမတွေ့ပါ ဘူး။ ဒါကြောင့် သမီးဖြစ်သူကို စစ်ဆေးလိုက်ပါ တယ်။ သမီးဖြစ်သူကို စစ်လိုက်တော့မှ ပညာစက်တွေရော သိုက်ဆက်နဲ့ ရိုးရာမကျေနပ်တာပါ တွေ့ လိုက်ရပါတယ်။

“ပညာစက်တော့ရှိနေတယ် …၊ ဒါပေမဲ့ သူများလုပ်ထားတာက နည်းနည်း လောက်ပဲထိမယ် ထင်ပါတယ် …၊ ခင်ဗျားတို့ ရိုးရာလည်းမလုပ် ဒီကောင်မလေး သိုက်ဆက်ကိုလည်း ပစ်ပယ်ထား ကြပုံရတယ် …”

ဒါ့အပြင် သူတို့မှာတွေ့လိုက်ရတာက အ စောင့်တွေပါ။ အောက်မလွတ်တဲ့အစောင့်တွေ တွေ့ လိုက်ရတာကြောင့် ဒါတွေကိုလည်း မသိကျိုးနွံ ပြု လိုက်လို့မရပါဘူး။ တချို့တွေ ရဲ့ကုသမှုမှာ ကိုယ့် အတိုက်ကိုယ် မိတဲ့စက် (တစ်နည်း-အောက်မလွတ် တဲ့အစောင့်)တွေကို မဖယ်၊ မရှင်းလိုက်တာကြောင့် ပယောဂစက် ကုန်သွားပေမယ့် အဲဒီ့ကိုယ့်အတိုက် ကိုယ်မိတာ တွေရှိနေသေးတော့ ကုသာကုလိုက် တယ်။အရှင်းမပျောက်သလိုဖြစ်နေတတ်ကြပါတယ်။

“ခင်ဗျားတို့အိမ်မှာ ကိုယ့်အတိုက် ကိုယ်မိစေ တဲ့ အစောင့်တွေရှိနေသေးတယ် …၊  အဲဒါတွေအ ရင်ရှင်း လိုက်ရအောင် …၊ သိလျက်နဲ့ ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ယူထား၊ဆောင်ထား၊ သိမ်းထား၊ သောက်ထား၊ ဖယောင်းတိုင်ထွန်း ထားတာတွေရှိရင် ကျွန်တော့်ကိုအပ်လိုက်ပါ …”

“အပ်ပါတယ် ဆရာ …”

ကျွန်ုပ်လည်း သူတို့မိသားစု ကိုယ်တွင်း ကိုယ်ပ၊ အိမ်တွင်းအိမ်ပတို့မှာရှိနေတဲ့ အောက်မလွတ် တဲ့အစောင့်မှန်သမျှကို ထုတ်ပေးလိုက်ပါတယ် …၊ အောက်မလွတ်တဲ့ အစောင့်ဆိုတာ ဘီလူး၊ သရဲ၊ မြေဖုတ်၊ မှင်စာ၊ အစိမ်း စသည်တို့ကိုဆိုလိုတာပါ။ ဘီလူးထဲမှာတောင်မှ ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ ရွှေရောင် သံလျက်ကိုင်ထားရင် မနှင်ပါဘူး။ ဘီလူး ပေမယ့် အဆင့်မြင့်တဲ့ဘီလူးတွေပါ။ နိမ့်တဲ့ အ ကောင်တွေကို နှင်ခြင်းဖြစ်ပါတယ်။

အစောင့်တွေဟာ တစ်ကောင်ပြီး တစ်ကောင် ဘုရားကန်တော့ပြီး ထွက်သွားကြပါတယ်။ အောက် အစောင့်တွေရှင်းပြီဆိုမှ ပညာစက်ကိုခေါ်သွင်း လိုက် တာပါ။

“မင်းဘယ်သူလဲ ပြော …”

“အောက်လမ်းပါ”

“ဘာတွေလုပ်ထားလဲ”

“အဲဒီ့အိမ်က အကြီးအကဲနှစ်ယောက်ကို မကျေနပ်လို့ အိမ်တိုက်ထားပါတယ်”

“ဘာနဲ့တိုက်တာလဲ”

“အစိမ်းလည်းပါတယ် ဘီလူးလည်း ပါ တယ် …”

“အဲဒါတွေကို ဘာလုပ်ခိုင်းထားတာလဲ”

“စိတ်ရှုပ်အောင် အိမ်ဆူအောင် လုပ်ထား တာပါ”

“ဘီလူးက”

“အိမ်ထဲမှာ ဟိုလူ့ကိုကပ် ဒီလူ့ကို ကပ် လုပ်ပြီး စိတ်ရိုင်းဝင်အောင် လုပ်ထားတာပါ”

ကျွန်ုပ်လည်း အောက်လမ်းဆရာ လုပ်ထား သမျှ ပညာစက်တွေကို သိမ်းခိုင်းလိုက်ပါတယ်။ ပညာစက်သိမ်းပြီးနောက် သစ္စာဆိုခိုင်းပြီး ပြန်လွှတ် လိုက်ပါတယ်။ အောက်လမ်းပညာနဲ့သူများကို တိုက် ခိုက်နေကြသူတွေဟာ အမှန်တော့သူတို့ကိုယ်သူတို့ အောက်လမ်းဆိုတဲ့ဆိုင်းဘုတ် အောက်ကလုပ်နေ ကြတာမဟုတ်ပါဘူး။ တခြားအဆင်ပြောရာ ဆိုင်း ဘုတ်အောက်ကနေ လုပ်နေကြတာပါ။ အဓိကက တော့ သူတို့ဘာဆိုတာထက် သူတို့လုပ်ထားသမျှ ပညာစက်တွေ ကုန်အောင်သိမ်းပြီး ကာယကံရှင်တွေ စိတ်ရောကိုယ်ပါကျန်းမာ ချမ်းသာသွားဖို့သာ လုပ် ဆောင်ပေးပါတယ်။

ပညာစက်သိမ်းပြီးသွားတဲ့အခါ နောက်ထပ် ကျန်နေသေးတာက သမီးရဲ့သိုက်ဆက်ပါ။

သိုက်နန်းရှင်ကိုခေါ်ပြီး လိုအပ်တာ တွေမေး မြန်းလိုက်ပါတယ်။ မလိုတာတွေကို လုံးဝမေးလေ့မရှိ ပါဘူး။ အမျိုးအနွယ်ကိုမေးပါတယ်။ နေရာကို မေးပါ တယ်။ ညီအစ်ကို မောင်နှမဘယ်နှစ်ယောက်လဲ။ ကာယကံရှင်က နံပါတ်ဘယ်လောက်လဲ၊ သက်တမ်း သတ်မှတ် ချက် ရှိ/ မရှိ၊ ကာယကံရှင်ကိုဘယ်လို အသိ ပေးထားခြင်းရှိ/မရှိ။ ခု ဘာကြောင့်အနှောက် အယှက်ပေးတာလဲ။ စသဖြင့်လိုအပ်တာတွေ မေးပြီး သက်တမ်းသတ်မှတ်ချက်ရှိရင် သက်တမ်းစေ့ရ အောင်တောင်းလိုက်ပါတယ်။ မရှိရင်တော့ သိုက်နန်း ရှင်တွေအနေနဲ့ ဘာလိုအပ်လဲ ကာယကံရှင်က ဘာလုပ်ပေးရမှာလဲ ညှိနှိုင်းလိုက်ပါတယ်။

သိုက်နန်းရှင်နဲ့ လူသားကြားမှာ အဆင်ပြေ အောင်ညှိယူလိုက်ပြီးမှ ကတိကဝတ် ထားပြီးပြန် လွှတ်တာပါ။

အိမ်ထောင်ရေးကြောင်းဆိုရင်တော့ အိမ် ထောင်ပြုဖို့ ခွင့်ပြု/မပြု မေးမြန်းရပါတယ်။ ခွင့်မပြု ဘူးဆိုရင်လည်း ခွင့်ပြုအောင်ပြောယူ အလဲအထပ် လုပ်ရပါတယ်။

“ဒီတနင်္လာသမီးလေးကို ဘာတွေ လုပ် ထားတာလဲ”

“အိမ်ထောင်ရေးအဆင်မပြေအောင် မိသား စုကြားမှာ ဆူနေအောင်လုပ်ထားတာပါ”

“ဘာလို့လဲ”

“အိမ်ထောင်ပြုတာမကြိုက်လို့ပါ”

“ခု အိမ်ထောင်လည်းပြုပြီးနေပြီ ဒီအချိန်မှ မင်းတို့မကြိုက်လို့ဆိုပြီး အိမ်ထောင် ရေးထိခိုက်လို့ တော့မဖြစ်ဘူး …၊ အဲဒီ့တော့ မင်းတို့အတွက် နဂါးစာချပေးမယ် …၊ သိုက်ပွဲလှူခိုင်းပေးမယ် …၊ ကောင်းမှုကုသိုလ်လုပ်တိုင်း အမျှအတန်းပေးခိုင်းမယ်၊ ဒါဆိုကျေနပ်လိုက်ပါ”

အဆုံးမတော့ သိုက်နန်းရှင်တွေလည်း သူ တို့ဘက်က တစ်ထစ်လျှော့ပေးပါတယ်။ ဒါကြောင့် ကာယကံရှင်ကို သူတို့အလိုကျ လုပ်ပေးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေပေးလိုက်ပါတယ်။

နောက်ပြီး အိမ်ထောင်ရက်သားနဲ့ မိသား စုနဲ့နေတဲ့သူတွေဖြစ်တာကြောင့် ရိုးရာ နတ်များကို လည်း လက်ဘက်တစ်ရိုး ကွမ်းတစ်ယာ ဒါနပြုဖို့ ရိုးရာနတ်အမှန်လည်း ပြောပေးလိုက်ပါတယ်။ လူ သားတစ်ယောက်အနေနဲ့ ဘာသာ၊ သာသနာအကျိုး လုပ်ရာမှာလည်း သိုက်ဆက်၊ နတ်ဆက်တွေကို မမေ့ မလျော့ အမျှပေးဝေ အဆင်ပြေအောင်လုပ်သင့် ပါတယ်။

စိန္တာမယဆရာပိုင် နဲ့မိသားစု ဆွေမျိုး မိတ်သင်္ဂဟ တပည့်အပေါင်းတို့ရဲ့ နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ ရဟန်းခံရှင်ပြုသိက္ခာထပ် အလှူတော်မင်္ဂ လာကို ၂၀၁၈-ခုနှစ် မတ်လနောက်ဆုံးပတ် (စနေ၊ တနင်္ဂနွေ)မှာ ဆဌမကြိမ်မြောက် ဒါနပြုမှာဖြစ်ပါ တယ်။ သို့ဖြစ်ပါသောကြောင့် ရဟန်းတစ်ပါး ကျပ်-ငါးသောင်း၊ ကိုရင်တစ်ပါး ကျပ်-လေးသောင်း နဲ့သာသနာ့အမွေခံယူ ကုသိုလ်ပြု လှူဒါန်းလို့ရပြီဖြစ် ကြောင်း အသိပေးအလှူခံအပ်ပါတယ်။

ဆယ်တန်းဖြေမယ့်ကျောင်းသားတွေအတွက်  စာမေးပွဲကိုစောင့်ရှောက်တဲ့ နတ်ဝိဇ္ဇာကြီး(၇)ပါးဆီမှာ ၁-၂-၂၀၁၈ နေ့ကစပြီး အပ်ပေးနေပါပြီ။

လပြည့်လကွယ်မှလွဲလို့နေ့စဉ်မနက် ၁၀း၃၀ နာရီမှ ညနေ ၄းဝ၀ နာရီအထိ အပ်ပေးပါတယ်။

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇