အာကာသကြီးတွေ ဘယ်လောက်ကျယ်ဝန်းသလဲ…

လူ့လောက ဝေါဟာရအနေနှင့် ကမ္ဘာနှင့် လူနှင့် အနီးစပ်ဆုံးအပိုင်းကို လေထုတို့ထက်ဝေးသောဒေသကို ကောင်းကင်၊ ကောင်းကင်ထက် ဝေးသောဒေသကို အာကာသဟုခေါ်လေ့ခေါ်ထရှိကြပါသည်။ အာကသထက် ဝေးသောဒေသတွေ ရှိနေပါသည်။
ကျွန်တော့်ဆီသို့ ကြွရောက်လာကြသော နတ် ကြီးများ၊ တန်ခိုးရှင်ကြီးများသည် များသောအားဖြင့် အာကာသကြီးထဲ အလင်းနှစ် မည်၍မည်မျှ ဝေးသော ဒေသက ကြွလာကြောင်း မိန့်ကြားလေ့ရှိပါသည်။
နောက်ပိုင်းအလွန်ဝေးလံသော အာကာသကြီးမှ သာမက မဟာအာကာသကြီးထဲမှ ကြွရောက်လာသော တန်ခိုးရှင်ကြီးများ တွေ့လာရပါသည်။ ထိုတန်ခိုးရှင်ကြီးများသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် တန်ခိုးရှင်ကြီးများ ဖြစ်ကြပါသည်။
ကျွန်တော်တို့ လူအများ နားလည်လက်ခံထားသည့် အသုံးအနှုန်းဝေါဟာရ စကားလုံးတွင် အာကာသကြီး၊ အာကာသထဲ စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိ ကြပါသည်။ “မဟာအာကာသ”ဆိုသည့်စကားလုံးသည် ယခင်က မရှိသေးပါ။ ကျွန်တော့်ဆီ ကြွရောက် လာသော တန်ခိုးရှင်များက စတင် အသစ်တစ်ခု ထွင်လိုက်သော ဝေါဟာရစကားဖြစ်ပါသည်။
မဟာအာကာသထက်ဝေးသော အာကာသကြီးလည်း ရှိနေပြန်ပါသည်။ ထိုဒေသကို “အဂ္ဂမဟာ အာကာသ”ဟု ထိုဒေသမှ ကြွရောက်လာသော တန်ခိုးရှင်ကြီးများက စတင်သုံးစွဲခေါ်ဝေါ်ပါသည်။
စာရှုသူလည်း ကောင်းကင်၊ အာကာသ၊ မဟာအာကာသ၊ အဂ္ဂမဟာအာကာသဆိုသည့်ဒေသတို့သည် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမှ ဘယ်လောက် ဝေးကွာသည်၊ ဒီဒေသကြီးတွေမှာ ဘယ်လိုပုဂ္ဂိုလ်တွေ၊ ဘယ်လိုဘုံဋ္ဌာနတွေ တည်ရှိနေသည်ကို သိချင်ပေလိမ့်မည်။
ကျွန်တော် ၂၂-၁-၂၀၁၈ ရက် ည ခုနစ် နာရီမှာ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေသည့် တန်ခိုးရှင်ကြီးကို မေးလျှောက်ကြည့်ပါတယ်။ တန်ခိုးရှင်ကြီး ဖြေကြားသည့်အတိုင်း တင်ပြလိုက်ပါတယ်။

ကောင်းကင်

ကမ္ဘာနှင့် အကွာအဝေး သုံးမိုင်အတွင်းရှိသောဒေသကို ကောင်းကင်ဟုခေါ်သည်။

အာကာသ

အာကာသဆိုသည်မှာ ကမ္ဘာမြေမှ အကွာအဝေး အလင်းနှစ် သုံးသန်းနှစ်သိန်း (၃၂,ဝဝ,ဝဝဝ) အကွာအဝေးအတွင်းရှိဒေသကို အာကာသဟု ခေါ် သည်။
(အလင်းနှစ်ဆိုသည်မှာ အလင်းရောင်သည် တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,ဝဝဝ ပြေးသည်။ တစ်နှစ်တာ အချိန်အတွင်း အလင်းရောင်ပြေးသော မိုင်ပေါင်းကို အလင်းနှစ်ဟု ခေါ်ပါသည်)

မဟာအာကာသ

မဟာအာကာသဆိုသည်မှာ ဤကမ္ဘာမြေမှ အလင်းနှစ် ၃၂,ဝဝ,ဝဝဝ မှ အလင်းနှစ် ၆၀,ဝဝ,ဝဝဝ ခြောက်သန်းအတွင်းရှိ အာကာသကြီးတစ်ခုလုံးကို ‘မဟာအာကာသ’ဟု ခေါ်သည်။

အဂ္ဂမဟာအာကာသ

အဂ္ဂမဟာအာကာသဆိုသည်မှာ ဤကမ္ဘ မြေမှ အလင်းနှစ် ခြောက်သန်း ၆၀,ဝဝ,ဝဝဝ မှ အလင်းနှစ် တစ်ဆယ့်ရှစ်သန်း ၁၈၀,ဝဝ,ဝဝဝ အတွင်းရှိ အာကာသကြီးတစ်ခုလုံးကို အဂ္ဂမဟာအာကာသဟု ခေါ်သည်။

ဘုံဋ္ဌာနတွေ ဘယ်မှာရှိသလဲ

လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ ၂၀၊ နိဗ္ဗာန်ဘုံနဲ့ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံ၊ ငရဲကြီးရှစ်ထပ်နှင့် မဟာဘူသန္နငရဲကြီး၊ စကြဝဠာများ၊ ဂြိုဟ်များ နက္ခတ်တာရာ အားလုံးသည် အာကာသကြီးအတွင်း မှာသာ ရှိကြပါသည်။ သင်္ခါရ မမြဲသော သဘော တရားကို အခြေခံဖွဲ့စည်း တည်ဆောက်ထားသော လူ နတ် ဗြဟ္မာ သတ္တဝါများ၊ စကြဝဠာများ ဘုံဋ္ဌာန အားလုံးသည် ဤအာကာသကြီး အတွင်းမှာသာ ရှိကြပါတယ်။ မမြဲသော သင်္ခါရတရားကြီးသည် ဤ အာကာသကြီးအတွင်းရှိ ရုပ်ဝတ္ထုပစ္စည်း၊ ပုဂ္ဂိုလ် သတ္တဝါ၊ နတ်ဗြဟ္မာများနှင့်သာ ဆိုင်ပါသည်။ ဤ အာကာသကြီးအပြင်ဘက်ရှိ မဟာအာကာသ၊ အဂ္ဂ မဟာအာကာသကြီးအတွင်းရှိ ဘုရားရှင်ကြီးများနှင့် သက်ဆိုင်ခြင်း မရှိပေ။
မဟာအာကာသကြီးအတွင်း၌မူ အလွန် တန်ခိုးကြီးသော တန်ခိုးရှင်ကြီး ခုနစ်ဆူသာရှိသည်။ ဤတန်ခိုးရှင်ကြီးများသည် အာကာသကြီးထဲသို့ ကြွရောက်လာလေ့မရှိကြပါ။
အဂ္ဂမဟာ အာကာသကြီးအတွင်းတွင်မူ အလွန် တန်ခိုးကြီးသော တန်ခိုးရှင်ကြီး သုံးဆူသာရှိသည်။ ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားရှင်ကြီးများ မဟုတ်ကြပါ။ ၄င်းတန်ခိုးရှင်ကြီး သုံးဆူသည် အခြွေအရံ နတ်သားတစ်သိန်းစီနှင့် သီတင်းသုံးလျက်ရှိသည်။
ဤကမ္ဘာမှ သိပ္ပံပညာရှင်များသည် အာကာသ ကြီးအတွင်းမှာသာ ရှိသော အချို့သော စကြဝဠာများအကြောင်းကိုသာ တွေ့ထိသိရှိကြခြင်းဖြစ်ပြီး မဟာအာကာသနှင့် အဂ္ဂမဟာ အာကာသကြီးများ အကြောင်းကိုမူ တစ်စွန်းတစ်စမျှ သိရှိကြခြင်း မရှိသေးပေ။
ဖြစ်ခြင်း ပျက်ခြင်း သင်္ခါရ သဘောတရားကြီးကို အခြေခံဖွဲ့စည်းထားသော စကြဝဠာတွေ၊ သတ္တဝါတွေ၊ သစ်ပင်တောတောင်တွေလည်း ဤအာကာသ ကြီးအတွင်းမှာသာ ရှိပြီး ဤအာကာသကြီးအတွင်း မှာသာ အကျုံးဝင်ပါသည်။ မဟာအာကာသကြီးနှင့် အဂ္ဂမဟာအာကာသကြီးများအတွင်းရှိ တန်ခိုးရှင်ကြီးများသည် မပျက်မစီး ထာဝရတည်မြဲနေသော တန်ခိုးရှင်ကြီးများ ဖြစ်သည်။ သင်္ခါရသဘောတရား ကို အခြေခံဖွဲ့စည်းထားသော တန်ခိုးရှင်ကြီးများ မဟုတ်ကြပါ။
အာကာသကြီးများတွင် သူ့အုပ်စုနှင့်သူရှိနေ ပြန်ပါသည်။ အာကာသကြီးပေါင်း ၃၆၀ ပါဝင်သော အုပ်စုတစ်စု၊ အာကာသကြီးပေါင်း ၂၂၀ ပါဝင်သော အုပ်စုတစ်စု၊ အာကာသကြီးပေါင်း ၂၀ဝ ပါဝင်သော အုပ်စုတစ်စု သီးခြားစီရှိနေကြပြန်ပါသည်။
ထို့အပြင် အာကာသဟင်းလင်းပြင်ကြီးများ လည်း ရှိနေပါသေးသည်။ ထို အာကာသဟင်းလင်း ပြင်ကြီးများတွင် အပြာရောင် အာကာသဟင်းလင်း ပြင်၊ အစိမ်းရောင်၊ စိမ်းဝါရောင်၊ ခရမ်းရောင်၊ အနက်ရောင် အာကာသဟင်းလင်းပြင်ဟူ၍ ရှိပြန် ပါသည်။ ထို အာကာသဟင်းလင်းပြင်ကြီးများ အတွင်း၌မူ စကြဝဠာတွေ၊ ဂြိုဟ်ကမ္ဘာတွေ သက်ရှိသက်မဲ့ သတ္တဝါတွေ မရှိကြပါ။ နာမ်လောကမှ အလွန်တန်ခိုးကြီးသော နတ်ကြီးတွေ၊ တန်ခိုးကြီး နတ်ကြီးတွေ၊ တန်ခိုးရှင်ကြီးတွေသာ အခြံအရံ နတ် များနှင့် သီတင်းသုံးလျက်ရှိကြပါသည်။
ရူပဗေဒနှင့် စကြဝဠာဗေဒဆိုင်ရာ သိပ္ပံ ပညာရှင်ကြီး စတီဖင်ဟော့(ပ)ကင်းက စကြဝဠာရဲ့ အဆုံးသတ်ဆိုတာ မရှိကြောင်း၊ လူသားတွေဟာ စကြဝဠာတွေရဲ့ အဆုံးကို ဘယ်တော့မှ တွေ့ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ယခုကဲ့သို့ မဟာအာကာသကြီးတွေ အဂ္ဂမဟာ အာကာသကြီးတွေ၊ အာကာသဟင်းလင်းပြင်ကြီး ရှိနေကြောင်း သိရှိခဲ့ မည်ဆိုလျှင် ဘယ်လိုစကားလုံး ဘယ်လို ဝေါဟာရ များနှင့် မှတ်ချက်ပြုမှာပါလိမ့်။
သတ္တဝါများ ကျန်းမာချမ်းသာပါစေ …
ဆရာဝင်း(သာကီနွယ်)
(ဤဆောင်းပါးပါ အယူအဆများသည် စာရေးသူ၏အယူအဆများသာဖြစ်ပါသည်၊ အယ်ဒီတာအဖွဲ့၏အာဘော်မဟုတ်ပါကြောင်း၊
အယ်ဒီတာအဖွဲ့)