လူတို့တွင် ဖြစ်တတ်သော ‌ရောဂါနှင့် ဆေးမြီးတိုများ

#အသည်းရောင်အသားဝါပျောက်ဆေး
အသည်းရောင်အသားဝါရောဂါဖြစ်လျှင်
ဆင်သားရေ ၅ ကျပ်သား၊ မက်လင်ချဉ် ၁၀ ကျပ် သားကိုရေ ၁ ပိဿာနှင့်ကျိုပါ။
ရေ ၅၀ ကျပ်သား ခန့်ကျန်လျှင် ဆေးအိုးကို မီးဖိုပေါ်မှ ချ၍ အအေးခံပါ။
၄င်းဆေးကို လက်ဖက်ရည်ကြမ်းပန်းကန်ဖြင့် နေ့ တစ်ခွက်၊ ညနေတစ်ခွက်၊ ညအိပ်ရာဝင်ခါနီး တစ်ခွက် သောက်ရမည်။
၄င်းနောက် လူနာသည် ခြင်ထောင်ထူထူထဲတွင် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းပြီးအိပ်ပါ။ အိပ်ပျော်သွားပြီး ဖယောင်းတိုင်တစ်တိုင် ကုန်သည်နှင့် လူနာစောင့်က ခြင်ထောင်ကို လှပ်ပေးလိုက်ပါ။ အသားဝါဓာတ်မှာ ဖယောင်းတိုင်၌ ပါသွားသည်။ အသည်းရောင်အသားဝါရောဂါ ပျောက်ကင်းသွားလိမ့်မည်။

#ဒန်းကြီးပင်အစွမ်း အံ့မခန်း

ဒန်းကြီးအပင်သည် နေရာတိုင်းတွင် ပေါက်ရောက်သောအပင်မျိုး ဖြစ်သည်။ အဝတ်ကိုဆိုးသော မဲနယ်အတုံးအခဲတို့သည် ဤဒန်းကြီးပင်မှ အရွက်တို့ကို ချက်ထုတ်ယူထားခြင်း ဖြစ်သည်။

ဒန်းကြီးပင်ရွက်ခြောက်ကို အမှုန့်ထောင်း၍ ပျားရည်နှင့် တေကာ ဆီးကင်းလုံးခန့် ဆေးလုံးက လေးများ ပြုလုပ်ပါ။ ၄င်းဆေးကို နေ့တစ်လုံး၊ ညတစ်လုံး သောက်ပေးလျှင် အသည်းနာ၊ ဝက်ရူးပြန်ရောဂါနှင့် အာရုံကြောရောဂါတို့ကို ပျောက်ကင်းစေသည်။

ဆီးအောင့်၊ ဆီးချုပ်လျှင် ဒန်းကြီးရွက်ကို ရေနှင့်ကြိတ်၍ ဆီးစပ်ပေါ်တွင် အုံပေးလျှင် လုံးဝ သက်သာသွားစေသည်။
အကျိတ်အခဲဖြစ်၍ ကိုက်ခဲနေလျှင် အဝတ်ဆိုးသည့် မဲနယ်ကို ရေနှင့်ဖျော်ကာ မကြာခဏ လိမ်းပေးရသည်။

အိုင်းအနာကြီးများ ရောင်ရမ်းကာ ပုပ်စော်နံနေပါက မဲနယ်မှုန့်ကို မကြာခဏဖြူးပေးရသည်။
ဆီးကျောက်တည်လျှင် ဒန်းကြီးပင်မြစ်ကို ပြုတ်၍ သောက်ပေးရသည်။
ကလေးငယ်များ၏ ပါးစပ်တွင် မက်ခရုဖြစ် နေလျှင် ဒန်းကြီးပင် အညွန့်ကလေးများကို ပျားရည်နှင့်ကြိတ်၍ သုတ်လိမ်းပေးရသည်။

#အမောရောဂါပျောက်ဆေး(တစ်နည်း)
ရှမ်းဘာသာဖြင့် ယာကယ်ယိုဆောင်စ် ခေါ် နနွကင်းနက်သည် တောတောင်ထဲမှာသာ ပေါက် ရောက်သည်။ အရွက်က ပတဲကောင်အရွက်နှင့်တူ သည်။ နနွင်းနက်ဥကို ဓားဖြင့်လှီးကြည့်လျှင် မဲနယ်နှင့် အရောင်တူသည်။
ဆေးနည်းမှာ နနွင်းဥခုနစ်ဥကို ရေနွေးနှင့် ပြုတ်ပါ။ အမောရောဂါသည်က နံနက်စောစော ရေ အရင်ချိုးပါ။ ၄င်းနောက် နနွင်းနက်ပြုတ်ရည်နှင့် ချိုးပါ။ နနွင်းနက်ဥပြုတ်ရည် လက်ဖက်ရည်တစ်ပန်းကန်လုံးစာကို နေ့တိုင်းသောက်ပေးပါ။ လေးရက်မြောက်နေ့တွင် သိသိသာ အမောကျသွားသည်ကို တွေ့ရမည်။

#အကြောတင်နာ၊ ဒူးနာ
အကြောတင်နာ၊ ဒူးနာလျှင် ထိုနေရာကို ရေခဲအုပ်ပေးထားပါ။ ရေခဲရည်စွတ်ထားသော အဝတ်ဖြင့်စည်း၍ အိပ်စက်ပါ။ အပူခိုးများကင်း၍ ပျောက်ကင်းစေပါသည်။

#ထိခိုက်ရှပြီး သွေးမတိတ်လျှင်
ထိခိုက်ရှပြီးသွေးမတိတ်လျှင် နှမ်းဆီ၊ ပဲဆီ ရရာဆီကို သိပ်ထည့်ပြီး ဖိပေးထားပါ။ သွေးခဲပြီး သွေးတိတ်သွားစေပါသည်။

#အမောလုံဆေး
သံပုရာသီးအလုံး ၅၀ ကို ညှစ်၍ရသောအရည်(အစေ့အဖတ်မပါအောင် ရေစစ်နှင့်စစ်ပစ်ပါ) ထဲသို့ လက်ချုပ်အပ် ၂၅ ချောင်းထည့်၍ ဖန်ဘူးထဲ တွင် ထည့်ပြီး ၄၅ ရက်ခန့် အဖုံးလုံအောင်ထည့်ထားပါ။
ပုလင်းကိုလှုပ်ပြီးမှ နံနက်ဇွန်းကြီးတစ်ဇွန်း၊ ညဇွန်းကြီးတစ်ဇွန်း နေ့စဉ်သောက်ပေးလျှင် အမောလုံစေပါသည်။

#ဆီးကျောက်ပျော်ကျဆေး
ဗေဒါပင်နှင့် ဝက်သားကို အလေးချိန်အတူ ရောပြီးချက်စားပါ။ ဆီးကျောက်တည်ခြင်းကို ပျော်ကျသွားစေသည်။

#ငှက်ဖျားရောဂါကြောင့် ကိုယ်ဖောယောင်လျှင်

စပါးလင်အပင်ကြီးကြီး တစ်ပင်လုံးကို ရေဆေးသန့်စင်ပြီး ရေဖြင့်ပြုတ်ပါ။ စပါးလင် ပဉ္စငါးပါး ရည်ထဲသို့ ငရုတ်ကောင်းစေ့မှုန့် အသင့်အတင့်ထည့်၍ အကြမ်းတစ်ပန်းကန်လုံးခန့် တစ်နေ့နှစ်ကြိမ် သောက်ပါ။

#အပူလောင်နာဆေး
မီးအပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ကြက်သွန်နီဥကို အနာပမာဏကိုကြည့်၍ ညက်အောင် ထောင်းပြီး အုံ ပေးထားရသည်။

နောက်တစ်နည်း
လက်ပံပင်မှ အစေးကိုခြစ်ယူပြီး သံပန်းကန်ထဲထည့်ကာ အောက်မှမီးဖြင့် အပူပေးပါ။ ဖြူဖွေး သွားသော အခဲလေးများကို ညက်နေအောင်ထောင်း ပြီး လက်ပံပြာအား အုန်းဆီ ၅ ကျပ်သားနှင့်ဖျော် ပါ။ အပူလောင်နာကို ၄င်းဆေးကို လိမ်းပေးရသည်။

#ဆီးရောဂါ ကျောက်ကပ်ရောဂါ ပျောက်ဆေး
ဆေးနည်းမှာ ဆင်ရိုးကို လက်ဖက်ရည် တစ်ပန်းကန်လုံးစာရအောင် ရေနှင့်သွေးပါ။
ထို့နောက် ဆန်ပုန်းရည်နှစ်ဆဖြင့် ရော၍ တစ်နေ့သုံးကြိမ် သောက်ပေးပါ။ အပုပ်အစပ်ကို ရှောင်ရမည်။ ဆိတ်သားနှင့်ကျောက်ဖရုံသီးကို အရည်သောက်ချက်၍ သောက်ပါ။ ပုစွန်ဆိတ်နှင့် မန်ကျည်းရွက် ရင့်ရင့် လက်တစ်ဆုပ်စာကို ဟင်းချိုချက်သောက်လျှင် ပျောက်သည်။

#အသက်ရှည်အနာမဲ့ဆေး
ပေါက်နွယ်ပင်၏ အပွင့်သည် အဖြူရောင် ရှိသည်။ ပေါက်နွယ်အဖြူဥမျိုးမှာ အပင်ကိုတူးလျှင် သုံးဥ၊ လေးဥ ရတတ်သည်။ အုန်းသီးကြီးကြီး အရွယ်ခန့်ရှိပြီး အလေးချိန်ငါးဆယ်သား၊ ခြောက် ဆယ်သားခန့်ရှိတတ်သည်။ ယင်းဥမှာပွ၍ အမျှင်များသည်။
ယင်းဥ၏အခွံကိုသင်ပြီးမှ ဓားဖြင့်ပါးပါးလှီး၍ နေလှန်းပါ။ ခြောက်သောအခါ အမှုန့်ထောင်းရမည်။ ဥကြီးလျှင် ၃၅ ကျပ်သားခန့်ရတတ်သည်။ ၄င်းဆေး မှုန့်ကို နွားနို့၊ ကျွဲနို့တို့ဖြင့်တေ၍ ဆီးသီးခန့်လုံးကာ နေလှန်းပါ။ ၄င်းဆေးလုံးကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်သုံးပေးလျှင် အနာရောဂါကင်း၍ အသက်ရှည်စေသည်။

အောင်ဘသိန်း