အဘအောင်မင်းခေါင်၏ သင်ကြားပို့ချချက်များ

အဘအောင်မင်းခေါင်၏ သင်ကြားပြသချက် များကို ဖော်ပြပေးလိုက်ရပါသည်။ မကြာခင်မှာလည်း အဘအောင်မင်းခေါင် ထွက်ပွဲရှိသောကြောင့် တင် ဆက်ပေးရခြင်း ဖြစ်ပါသည်။

 

(က) ကျင့်စဉ်ကဏ္ဍ

(၁) ပိတ်ဖြူတစ်တောင်ပတ်လည် ဘုရားရှင် ၏ ရှေ့မှောက်တွင်ခင်းပါ။ ပိတ်ဖြူပေါ်တွင် ကြေးဗန်း တစ်ဗန်းမှာ အလင်းနှစ်တိုင် ထွန်းညှိပူဇော်ပါ။ ကြေး ခွက်နှင့် သောက်တော်ရေ သုံးခွက် ကပ်လှူပါ။ စရဏထိုင်ကာနီး ကိုယ်လက်သန့်စင်ပါစေ။ စရဏ ထိုင်ရန် အဝတ်တစ်စုံ သီးသန့်ထားပါ။

 

(၂) ဘုရားခန်းမှ ကင်ပွန်းရေကြည် ဖလား တစ်လုံး အမြဲထားပါ။ စရဏထိုင်ခါနီး ဘေးပတ် လည်ကို ထိုရေဖြင့် လိုက်တောက်ထားပါ။ သန့်ရှင်း စေရန်နှင့် မကောင်းသာ အငွေ့အသက်များ ကင်း ပျောက်စေရန် ရည်ရွယ်ပါသည်။

 

(၃) ဗုဒ္ဓရှေ့မှောက်တွင် သရဏဂုံဆောက် တည်ပြီး ငါးပါးသီလခံယူထားပါ။ မေတ္တာပို့၍ ခံယူပါ။

 

(၄) စရဏကျင့်စဉ်မစမီ ကြိုက်ရာနည်းဖြင့် စည်းတားပါ။ (၂၄)ပစ္စည်းဖြင့် စည်းတားလျှင် (၂၄) ခေါက်ရွတ်မှ စည်းလုံသည်။ သဗ္ဗေ ဗုဒ္ဓါအစချီ အရပ် ဆယ်မျက်နှာ စည်းချဂါထာဖြင့် စည်းချလျှင် တစ် ခေါက်ရွတ်က စည်းလုံသည်။ စရဏထိုင်သူ၏နောက် တွင် အလင်းသုံးတိုင်ကို တစ်ယောက်ယောက်က ထွန်းပေးခြင်းဖြင့် မီးစည်းချနိုင်သည်။

 

(၅) ၁၀၈ လုံး ပုတီးဖြင့် သုဂတော ဟူသော ဗုဒ္ဓ၏ ဂုဏ်တော်တစ်ပါးကို တစ်ကြိမ်ရွတ်ဆိုကာ ပုတီးတစ် လုံးချပါ။ ဂုဏ်တော်ကို ရွတ်ဆိုနေစဉ် လာခြင်း ကောင်းတော်မူသော မြတ်စွာဘုရား၊ ကောင်း သော စကားကို ဆိုတော်မူလေ့ရှိပြီး ကောင်း မြတ်သော နိဗ္ဗာန်သို့ စံဝင်တော်မူသော မြတ်စွာ ဘုရားဟု အာရုံပြုပါ။

 

(၆) တစ်ရက်လျှင် ပုတီးသုံးပတ်ဖြင့် သုံးရက် အဓိဌာန်ဝင်ပါ။ တစ်ရက်လျှင် ပုတီးကိုးပတ်ဖြင့် ကိုး ရက်အဓိဌာန်ဝင်ပါ။ တစ်ရက်လျှင် ပုတီး ၂၇ ပတ် ဖြင့် ၂၇ ရက်အဓိဌာန်ဝင်ပါ။ တစ်ကြိမ်နှင့် တစ်ရက် ကြား နားလိုက ခဏနားပါ။ သို့မဟုတ် ဆက်ဝင်ပါ။ ၂၇ ရက်ပြည့်ပြီးပါက စရဏတစ်ကြိမ် အောင်မြင် ပါသည်။

 

(၇) အဓိဌာန်ရက်များတွင် သက်သတ်လွတ် စားပြီး နားရက်များတွင် ကုန်းသတ္တဝါသားရှောင်ကာ ရေ သတ္တဝါသားစား၍ ကျင့်က ပိုထူးခြားသည်။

 

(၈) ဒီကျင့်စဉ်ကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ကောင်းသော လာဘ်လာဘရရှိခြင်း၊ ကောင်းသော သတင်း၊ ကောင်းသော စကားကြားသိရခြင်း၊ ကောင်း စွာနေထိုင် အိပ်စက်ရခြင်း၊ ကောင်းသော မိတ်ဆွေ၊ ပတ်ဝန်းကျင်နှင့်သာ တွေ့ရှိရခြင်းနှင့် ကောင်းစွာ ဘဝ ကူးရခြင်းစသော အကျိုးပေးများ အနှေး အမြန် ရရှိပါလိမ့်မည်။

 

(ခ) ဆေးကဏ္ဍ

အဘပေးသော ဆေးနည်းတိုများသည် ဓာတ်သဘော ဂမ္ဘီရသဘောများဖြစ်ပါသည်။ ကရိ ကထ မများ၊ စရိတ်လည်းမကုန်၊ အန္တရာယ်လည်း မဖြစ်ပါ။

 

(၁) ကျန်းမာရေးဓာတ်ဆင်နည်း

အဝတ်ဗီရိုထဲက ဝေဒနာရှင်၏ အင်္ကျီအထပ် မှာ အပေါ်ကစ၍ တစ် နှစ် သုံး လေး ရေပါ။ လေး ဂဏန်းမြောက် အင်္ကျီကို အပေါ်သို့ ပြန်တင်ပါ။ ဓာတ် ယတြာဖြစ်သည်။

 

(၂) ယားနာ

ရှောက်ကိုင်းတစ်ကိုင်းကို ပြုတ်၍ ရေနှင့်ရော ချိုးပါ။ ယားနာပျောက်ကင်း သက်သာစေသည်။

 

(၃) ကျီးပေါင်းတက်လျှင်

အုန်းဆီ (သို့) မုန်ညင်းဆီကို ခပ်သွက်သွက် အနာပေါ်လိမ်း ရွှေဆိုင်းမှ ရွှေတစ်ရွက်ကပ်၍ ပွတ်ပါ။ ရွှေနှစ် ရွက်ကပ်၍ ပွတ်ပါ။ ရွှေ သုံးရွက်ကပ်၍ ပွတ်ပါ။

 

(၄) ရေစီးကမ်းပြို

သွားဖုံးရိ၊ သွေးယို၊ ရေစီးကမ်းပြိုဖြစ်ခဲ့လျှင် နို့စို့အရွယ်ကလေး၏ ချေး (သို့) ကြက်ချေးကို ပြာချ လှော်ရန် (ဖိုရှိပါက) လုံထဲထည့် မီးကျွမ်းအောင်ထိုး ပြာကို သွားဖုံးမှာ သိပ်ပေးပါ။

 

(၅) ချောင်းဆိုး ရင်ကျပ်

ငှက်ပျောသီးဖီးကြမ်းမှည့်မှည့် သုံးလုံးကို ရွှေ ဆိုင်းမှ ရွှေတစ်ရွက်စီကပ် တစ်ရက်တစ်လုံးနှင့် သုံးရက် ဆက်တိုက်စားပေးပါ။

 

(၆) ရောင်ရမ်းနာ၊ အကြောတင်ခြင်း

ရရာအပင် ပဉ္စငါးပါးကို ညနေခြောက်နာရီ မထိုးမီ ဆွဲနုတ်၊ သန့်စင်သောရေ နှင့်ဆေးပါ။ သုဂ တော ဂုဏ်တော်ကို ဥုမ် ခံ၍ (၉၉)ခေါက် ရွတ်ဆိုပြီး ကြိတ် ပါ။ အရည်ထွက်အောင်ကြိတ်ပြီး လိမ်းပေးလျှင် ပျောက်သည်။

 

(ဂ) ပညာပေးကဏ္ဍ

 

(၁) အာဟာရသိဒ္ဓိ

ထမင်းစားလျှင် ဟင်းနှင့်တွဲ၍ မစားမီ ဦးစွာ ထမင်းချည်းတစ်ဆုပ် (သို့) သုံးဆုပ် (သို့) တစ်နိုင်ကို အဆုပ်ပြုလုပ်၍ ဗုဒ္ဓအားရည်မှန်း၍ ကပ်လှူပါ။ ပြီးလျှင် ထမင်းဆုပ်များကို စားပါ။ လူ့ခန္ဓာရှိ ပိုးမျိုး ၈၀ မှ သူတော်စင်ပိုးများအား ကျွေးမွေးခြင်းဖြစ်၍ ခုနစ်ရက်စာ အာဟာရသိဒ္ဓိရှိပါသည်။

 

(၂) ဆပ်ပြာလှူခြင်း

ရဟန်း၊ သံဃာ မြင့်မြတ်သော ပုဂ္ဂိုလ်များ အား ဆပ်ပြာ (အမွှေးဆပ်ပြာမဟုတ်၊ သန့်စင်သော ဆပ်ပြာ ရိုးရိုး) လှူဒါန်းခြင်းဖြင့် မိမိ၏လက်တစ်ထွာ အနီးဝန်းကျင်ရှိ မိစ္ဆာ၊ မကောင်းသောအရာများ အဝေးသို့ လွှင့်ထွက်စေသည်။

 

(၃) အစောင့်

သက်မဲ့အရာဝတ္ထု ဖြစ်ပါစေ၊ နာမ(အမည်ရှိ လျှင်) အစောင့် ရှိပါသည်။ လူတွင် ခြေထောက်သည် အနိမ့်ကျဆုံးသော အရာဖြစ်သဖြင့် မိမိ၏ခြေနှင့် ဘာပစ္စည်းကိုပဲ တိုက်မိတိုက်မိ ကန်တော့ ကန်တော့ ဟု စိတ်က ပြန်တောင်းပန်လိုက်ပါ။ ရန်ကင်းရန်ရှင်း သည်။

 

(၄) ကားမတော်တဆ ထိခိုက်မှု မဖြစ် အောင်

ခရီးသွားခါနီး မတော်တဆမှုမဖြစ်အောင် မသွားမီ ကားဘောနက်ဖုံးပေါ်တွင် လက်ညှိုးဖြင့် (စဓဗဝ) စမလေးလုံးကို စတိရေးပါ။ ရှေ့မီးကြီး နှစ်လုံးကို သန့်စင်သော အဝတ်နှင့်သုတ်ပါ။

 

(၅) နတ်၊ သိုက်နှောင့်၍ ခံနေရသူများ၊ ရောဂါကြီးသူများအတွက် ဓာတ်ဆင်နည်း

လူနာအဝတ်တစ်စုံ (အပေါ်၊ အောက်)ကို အိတ်နှင့် ထုပ်ကာ စာတန်းကပ်ပါ။ စာရေးရန်မှာ (မည်သူမဆို ယူနိုင်သည်၊ ဒါနပြုလိုပါ၏)ဟု ရေးပါ။ နံနက်ငါးနာရီမှ လမ်းလေးခွဆုံတွင် ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့လျက် သွားထားခဲ့ပါ။

 

(၆) ရာထူးသင်တန်းစာမေးပွဲ ဝင်မည့်သူ များ

ထီးဖြူတစ်လက် အကန့်လေးတွေမှာ စာသုံး ကြောင်း ရေး (၁) အမည် (၂) ဖြေဆိုသည့်စာမေးပွဲ (၃) ဖြောင့်ဖြူးစွာ အောင်မြင်စေဟု စာတန်းရေးပြီး ထို ထီးကို ဖွင့်၊ ကိုယ့်မွေးနေ့၊ ကိုယ့်မွေးနံဘုရား၊ မွေးနံထောင့်မှာ လှူဒါန်းပါ။

 

(၇) နာနာဘာဝပြောင်းရွှေ့ခြင်း

တစ်ထွာလောက် အပင်တစ်ပင်ကို အိုးလေး တစ်လုံးနှင့် သေသေချာချာပျိုးပါ။ အိမ်အခန်းထဲ (နာနာဘာဝ၊ မကျွတ်မလွတ်သောသူများရှိသော နေရာ)မှာ တစ်ညသိပ်ထားပါ။ နောက်တစ်နေ့ နံနက် မိုးမသောက်မီ ゞင်းအိုးကလေးကို ကိုင်၍ အိမ်ပရိဝဏ် အတွင်းမှာရှိသည့် မကျွတ်မလွတ်သော နာနာဘာဝ ဟူသမျှတို့ နင်တို့အတွက် နေရာဌာနပေးပြီးပြီ။ လိုက်ခဲ့တော့ဟု သုံးကြိမ် ပြောပြီးလျှင် အိမ်တံ စက်မြိတ် အပြင်ထုတ်ပါ။ လမ်းတစ်နေရာ (သစ်ပင် ကြီး အောက်မှာမထားရ)တွင် ကျန်းမာပါစေ၊ ချမ်း သာပါစေ ပြော၍ထားခဲ့ပါ။

 

(၈) လမ်းမှာ ခြေခွင်လဲ ဒဏ်ရာရခဲ့လျှင် လဲသောနေရာကို ထွီခနဲ တံတွေးတစ်ချက်ထွေး၊ ရေတစ်ခွက်ကို ဗျန်းခနဲနေအောင် လောင်း၍ ကျန်း မာပါစေ၊ ချမ်းသာပါစေ ပြောပါ။ မြေကိုင်ခြင်း၊ မြေဖုတ် ဘီလူးစားခြင်း မပြုနိုင်ပါ။

 

(၉) အစာစားလျှင်

 

(က) အပင်းထည့်ခြင်း – မကောင်းသော အကြံအစည်ဖြင့် အစာတွင် အပင်းထည့်ခြင်း။

 

(ခ) နာမ်နှိမ်ခြင်း – မကောင်းသော အကြံ အစည်ဖြင့် တံတွေးထွေးထည့်ခြင်း၊ မသန့်သော လက်ဖြင့် စီရင်ခြင်း။

 

(ဂ) တန်ပြန်ခြင်း – မည်သည့် အစားအစာ မဆို စိတ်က သင်္ကာမကင်းဖြစ်လျှင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟု စိတ်က ရွတ်ဆိုပြီးမှ စားပါ။ အန္တရာယ်ကင်း စိတ် အကြံမြောက်၊ အဆိပ်အကင်းပြေ၏။ (သို့) မစားမီ အစာထဲတွင် အမှိုက်ပါလေဟန် လက်ညှိုး ဖြင့်ထိ၍ အပြင်သို့ ဖယ်လိုက်ပါ။ တန်ပြန်၏။

 

မှီငြမ်း ။   ။ ဂမ္ဘီရမဂ္ဂဇင်း (အမှတ်စဉ် – ၂၈) ၏ ဖိုးဒေါင်းသား၏ ဆောင်းပါး

စဝ်ခွန်ဖသိုင်