စိတ်ဖိစီးမှုများ လျော့နည်းစေသော အစီအရင်

ဘဝမှာ ဖိစီးမှုတွေအများကြီးရှိတဲ့အခါမှာ ဘာ ကိုမှ မလုပ်ချင် မကိုင်ချင်ဖြစ်တတ်လာပါတယ်။ ဒီတော့ ဖိစီးမှုတွေကို ဘယ်လိုဖယ်ရှားရမလဲ ဆိုတာနဲ့ ပတ် သက်တဲ့ အစီအရင်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီအစီအရင် လုပ်ဖို့အတွက် ဆိုရင်တော့ အောက်ပါပစ္စည်းတွေ လိုအပ်ပါတယ်။
– အနီရောင် ဖယောင်းတိုင်တစ်တိုင်
– အဖြူရောင် ဖယောင်းတိုင်တစ်တိုင်

– လာဗင်ဒါအဆီ
– သစ်ကြံပိုးအဆီ
– နဂါးသွေးကျောက်
– သလင်းကျောက်
အနီရောင် ဖယောင်းတိုင်ကို ကိုယ့်အရှေ့မှာ ထားပြီးနောက်မှာ သစ်ကြံပိုးအဆီနဲ့ သုတ်လိမ်းပြီး ကိုယ့်စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတင်းအားတွေအားလုံး ထွက်ခွာနေပြီလို့ အာရုံပြုထားပါ။ ပြီးတော့ နဂါးသွေးကျောက်ကို လက်ထဲမှာကိုင်ထားပြီး သင့်စိတ်ထဲမှ ဖိစီးမှုတွေအားလုံးက ကျောက်တုံးထဲကို ပြောင်းရွေ့နေပြီဆိုပြီး စိတ်ထဲမှာ အာရုံပြုထားရမှာဖြစ်ပါတယ်။
ထို့နောက်မှာတော့ သစ်ကြံပိုးအဆီ သုတ်ထားတဲ့ ဖယောင်းတိုင်ကို အဝေးမှာ ထားလိုက်ပြီး နဂါးသွေးကျောက်ကို အဲဒီဖယောင်းတိုင်ရဲ့ အခြေမှာ ချထားလိုက်ရမှာ ဖြစ်ပါတယ်။
ပြီးနောက်မှာ အဖြူရောင် ဖယောင်းတိုင်ကို ကိုယ့်နားမှာ ချထားပြီး လာဗင်ဒါအဆီနဲ့ ပွတ်တိုက် နေရင်း ငြိမ်းချမ်းမှုရှိတဲ့ အတွေးတွေ ရောက်ရှိလာကာ ဖိစီးမှုတွေ လွတ်ထွက်သွားပြီလို့ စိတ်ထဲမှာ ခံစားနေ ရမှာ ဖြစ်ပါတယ်။
ပြီးနောက်မှာတော့ ဖယောင်း တိုင် နှစ်တိုင်လုံးကို လောင်ကျွမ်း စေလိုက်ရမှာ ဖြစ်ပြီးတော့ သလင်းကျောက်ကိုတော့ သွား လေရာမှာ ကိုယ်နဲ့မကွာ ဆောင်ထားရမှာပါ။
နောက်ပိုင်း စိတ်ဖိစီးမှုဖြစ်တိုင်း ဒီသလင်းကျောက်လေးက ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ကာရှိုင်း
(ကြယ်စင်ချစ်သူ)