ဘာလိုနေလဲ သိကြားမင်းဆီတောင်းပါလား

ကျွန်ုပ်တို့သည် လူ့လောကအတွင်း၌ တစ်ခုမဟုတ်လျှင် တစ်ခုဆိုသလို လိုအပ်မှုများရှိနေတတ်၏။

ကျွန်ုပ်တို့သည် လူ့လောကအတွင်း၌ တစ်ခုမဟုတ်လျှင် တစ်ခုဆိုသလို လိုအပ်မှုများရှိနေတတ်၏။ အိမ်ပိုင်မရှိသေးသူသည် အိမ်ပိုင်တစ်လုံး လိုချင်နေ၏။ မော်တော်ကားမရှိသောသူသည် မော်တော်ကားတစ်စီးလိုအပ်နေ၏။ တယ်လီဖုန်းမရှိသေးသူသည် တယ်လီဖုန်းလေးတစ်လုံးလိုအပ်နေ၏။ ၎င်းလိုအပ်ချက်များကို ဂမ္ဘီရသဘောဖြင့် ဖြေရှင်းရန် နည်းမှာ…

ငှက်ပျောသီးပျော်ပျော်(၁၀)လုံးကို ကြွေပန်းကန်ပြားတွင် အခွံခွာ၍ထည့်ရ၏။ ထိုငှက်ပျောသီးများကို သကြားအုပ်သွားအောင်ဖြူးရ၏။ (ငှက်ပျောသီး ၁၀လုံး သကြားအုပ်အောင်ဖြူးမည်ဆိုလျှင် သကြား ၁၅ကျပ်သားလိုအပ်၏။)

ပြီးလျှင်ဖယောင်း တိုင်အဖြူတစ်တိုင်တွင် အောက်၌ဖော်ပြထားသော သကြားစမကို ကပ်၍ပူဇော်ရမည်။

ထိုသို့ပူဇော်ရာတွင် တနင်္ဂနွေနေ့နှင့် သောကြာနေ့ နံနက်ငါးနာရီတွင် ပူဇော်ရ၏။ ဤနည်းကို ရှေးအခါက သကြားပွဲဟုခေါ်ဝေါ်ကြ၏။ ရှေးအခါကဆိုလျှင် နံ့သာဖုငှက်ပျောသီးပျော်ပျော်ဖြင့် ပြုလုပ်၏။

ယခုခေတ်၌မူ ဖီးကြမ်းငှက်ပျောသီးပျော်ပျော်ဖြင့် ပြုလုပ်လျှင်လည်းရ၏။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ