ခုနစ်ရက်သားသမီးများ အခက်အခဲများ ပြေပျောက်၍ အောင်မြင်ကြီးပွား တိုးတက်စေရန်အလို့ငှာ

ကျွန်မသည် လက်ရှိကာလမှာ တစ်ပါးသူ၏ ကံကြမ္မာကို နိမိတ်ဖတ်ဟောပြောသူ တစ်ဦးဖြစ်ပါတယ်။ ကျွန်မ ဗေဒင်ဆရာမဖြစ်ခင် တစ်ချိန်တစ်ခါ က အစစအရာရာ အဆင်မပြေမှုတွေများပြီး စိတ် ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဤသို့ ကြုံတွေ့နေရချိန်မှာ ကျွန်မ ယုံကြည်အားထားရသော ဆရာဖြစ်သူက သမီးရဲ့ ဒုက္ခတွေ၊ ပြသနာတွေ ပြေပျောက်ချင်ရင် ဘာမှမလုပ်နဲ့ …။ ဘုရားပုံမှန်ရှိခိုး၊ ၂၄ ပစ္စည်း ပဋ္ဌာန်းကို နေ့စဉ် မိမိသက်စေ့ထက် တစ်ခေါက်ပို ရွတ်ပြီး လိုရာ တစ်ခု ဆုတောင်းပါလို့ ဆိုလာတဲ့အခါ ကျွန်မ ယုံယုံကြည်ကြည် ပြုလုပ်ခဲ့ပါတယ်။ တစ်လ နှစ်လ မသိသာပါဘူး …နေ့စဉ် ပုံမှန်လုပ်ပြီး တစ် နှစ်လောက်ကြာတဲ့အခါ အတော်လေးသိသာ ထင် ရှားလာပါတယ်။ အခက်အခဲ ပြသနာတွေ ကြုံတွေ့တဲ့ အခါမှာ (၂၄)ပစ္စည်းကို ဖြည်းဖြည်းမှန်မှန် ရွတ်ဆိုပြီး လိုရာ တောင့်တလိုက်ရုံနဲ့ သိသိသာသာပြည့်လာ တယ်။ ထီပေါက်တယ် … ကံကောင်းမှုတွေ ရလာ တယ် …ကံစမ်းမဲတွေ ပေါက်တယ် …ကံဆိုး မိုးမှောင်ကျမယ့် ကိစ္စတွေကနေ လွတ်မြောက်လာ တယ် …အစစအရာရာ တဖြည်းဖြည်း အဆင်ပြေ ချောမွေ့လာတယ်။ ကျွန်မ ဆရာက ဘာကြောင့် ကျွန်မကို (၂၄)ပစ္စည်းပဋ္ဌာန်းရွတ်ခိုင်းသလဲဆိုတာ ဗေဒင်လောက ရောက်လာတဲ့အခါမှ သဘောပေါက် ခဲ့တာပါ။
ကျွန်မ တနင်္ဂနွေသမီး အင်္ဂဝိဇ္ဇာတိုင်ထူတဲ့အခါ ကြာသပတေးက နဝင်းပါ။ နဝင်းဆိုတာ အောင်မြင်ခြင်းနေရာ –
ဒီတော့ ပဋ္ဌာန်းရွတ်ခိုင်းတာပါလားဆိုတာကို ဒီတော့မှ သဘောပေါက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မ ကိုယ်တွေ့ လက်တွေ့ မျက်ဝါးထင်ထင် ရရှိလာသော အကျိုးဆက်ကို ကျွန်မရဲ့ ချစ်ပရိသတ်တွေကိုလည်း မျှဝေပေးချင်ပါတယ်။ ခုနစ်ရက်သားသမီး နေ့နံအ လိုက် ရွတ်ဖတ်ရမှာလေးတွေ ပြောပြချင်ပါတယ်။

(၁) တနင်္ဂနွေ သားသမီးများ အောင်မြင်တိုးတက်လိုပါက

ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ရပါမယ် … ပဋ္ဌာန်းအကျဉ်းဖြစ်ဖြစ်၊ အကျယ်ဖြစ်ဖြစ် ရပါတယ်။ အဓိကက နေ့စဉ်မပြတ် စိတ်ရှည်ရှည် ပြုလုပ်နိုင်ဖို့ ပါပဲ။

(၂) တနင်္လာသားသမီးများ အောင်မြင် တိုးတက်လိုပါက သုဂတောဂုဏ်တော် တစ်နေ့ကို ပုတီး ၁၀၈ လုံးနဲ့ ခြောက်ပတ် ရွတ်ဖတ်ပူဇော်ရပါမယ်။

(၃) အင်္ဂါသားသမီးများ အောင်မြင် တိုးတက်လိုပါက ဒိဝါတပတိဂါထာတော်ကို နေ့စဉ် ရွတ်ဖတ်ပူဇော်ရပါမယ်။ မိမိသက်စေ့ထက် တစ်ခေါက်ပို ရွတ်ခြင်း သို့မဟုတ် ခုနစ်ခေါက် ပုတီးအပတ်ရေ ခုနစ်ပတ် စိပ်လို့ရပါတယ်။
(၄) ဗုဒ္ဓဟူးသားသမီးများ အောင်မြင်တိုးတက်လိုပါက အရဟံ ဂုဏ်တော်ကို ၁၀၈ လုံး ပုတီးဖြင့် ခြောက်ပတ် နေ့စဉ် ရွတ်ဖတ် ပူဇော်ရပါ မယ်။
(၅) ကြာသပတေးသားသမီးများ အောင်မြင် တိုးတက်လိုပါက ဘုရား ဂုဏ်တော်၊ တရားဂုဏ်တော် သံဃဂုဏ်တော်များကို နေ့စဉ် ပွားများရပါမယ်။
(၆) သောကြာသားသမီးများ အောင်မြင် တိုးတတ်လိုပါက ဇ ရှစ်ချက် ဂါထာကို နေ့စဉ် အနည်းဆုံး ရှစ်ခေါက် သို့မဟုတ် ၁၀၈ လုံးပုတီးဖြင့် ရှစ်ပတ် ရွတ်ဖတ်ပူဇော်ရပါမယ်။
(၇) စနေသားသမီးများ အောင်မြင်တိုးတက် လိုပါက လောကဝိဒူ(သို့မဟုတ်) ဗုဒ္ဓေါ ဂုဏ်တော်ကို နေ့စဉ် ၁၀၈ လုံး ပုတီးဖြင့် လေးပတ် သို့မဟုတ် ၁၇ ပတ် ပွားများ ရွတ်ဖတ်ပူဇော်ရပါမယ်။
ယခု ကျွန်မ ရေးသားသော အကြောင်းအရာမှာ သေးငယ်ကောင်းသေးငယ်မယ်၊ လွယ်ကောင်း လွယ်ပါလိမ့်မယ်။ သို့သော် ရရှိမယ့် အကျိုးတရား ကတော့ ကြီးမားပါတယ်။ ယုံယုံကြည်ကြည်နဲ့ နေ့စဉ် မပျက် ပြုလုပ်နိုင်မယ်ဆိုရင် စာဖတ်သူ ပရိသတ်များ အတွတ် အကျိုးများစွာ ရရှိနိုင်မယ်လို့ ယုံကြည်ပါ တယ်ရှင့်။ ဆရာမ မေသုခ(ွှမေသအ ဗညါနူ)