သူများအတင်းပြောတဲ့
ပါးစပ်လောက်
အောက်တန်းကျတဲ့
ပါးစပ်မရှိဘူး..
သူများပျက်စီးကြောင်းကြံတဲ့
စိတ်ဓာတ်လောက်
အောက်တန်းကျတဲ့
စိတ်ဓာတ်မရှိဘူး..
အဲ့ဒီစိတ်ထားမျိုး
အတွေးအကျင့်မျိုးတွေ
ကိုယ့်ဆီမှာရှိသေးလား
ရှိနေသလားဆိုတာ
ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်….
မြင့်မြတ်တဲ့ပုဂ္ဂိုလ်က
မိမိအကျိုးစီးပွားကိုလည်း
မှန်မှန်ကန်ကန်ဆောင်ရွက်သလို
အများအကျိုးစီးပွားကိုလည်း
အမြဲရှေးရှုလေ့ရှိတယ်..
အများအကျိုးစီးပွား
ပျက်ပြားမဲ့အလုပ်ကို
ဘယ်တော့မှ မကြံသလို
ပြောလည်းမပြောဘူး
လုပ်လည်းမလုပ်ဘူး..
တစ်ယောက်ကိုတစ်ယောက်
တိုက်ခိုက်နေတယ်
ရန်ဖြစ်နေတယ်ဆိုတာ
စိတ်ဓာတ်ခွန်အားမရှိလို့..
အောက်တန်းကျတဲ့
စိတ်ဓာတ်ပိုင်ရှင်တွေက
သူတစ်ပါးကို ပြစ်တင်ဖို့
ရှုံ့ချဖို့ ကဲ့ရဲ့ဖို့ပဲ
အမြဲတမ်း အာရုံစိုက်နေတယ်..
ကိုယ့်အပြစ်ကျ ကိုယ်မကြည့်ပဲ
သူတစ်ပါးကိုချည်း အပြစ်ပြောပြီး
ဝေဖန်ရှုံ့ချပြီဆိုကတည်းက
အောက်တန်းစားပုဂ္ဂိုလ်လို့သာမှတ်..
အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေက
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်..
အမှန်တရားကို လမ်းညွှန်ပြတယ်..
လူ့ဘဝလေးခဏရခိုက်မှာ
ယုတ်မာတဲ့အလုပ်ကတော့ဖြင့်
လူတိုင်းလုပ်တတ်တယ်..
မြင့်မြတ်တဲ့အလုပ်က
ဒီဘဝကလေး
အခုမြတ်စွာဘုရားသာသနာပွင့်တဲ့
ခဏကလေးပဲ တို့လုပ်နိုင်မှာ..
ဒီလိုမြတ်စွာဘုရားရဲ့သာသနာနဲ့
ခဏကြုံရတဲ့ကံဟာ
အလွန်ပဲ ဘုန်းကံထူးလှပါတယ်..
ဒါကြောင့် ကိုယ့်ရဲ့အရထူးတဲ့
ပြည့်စုံလာတဲ့ အကြောင်းကံကို
မကောင်းတဲ့ အတွေး အကြံ
အလုပ် အပြောတွေနဲ့တော့
မဖျက်ဆီးလိုက်ကြနဲ့….။
ဆရာတော် ဦးသုမင်္ဂလ
စေတနာမေတ္တာအရင်းခံဖြင့်
မျှဝေပူဇော်သည်..။
Credit – Ohmarshin