ဆုံးမစကားတွေ နားထောင်စေ

ဗုဒ္ဓဘုရားရှင်သည် ချွေချွတ်လိုသော သတ္တဝါ ဝေနေယျ၏ စရိုက်ကိုကြည့်၍ အဆုံးအမကို ပြုရာတွင် တရားတော်၏ အဆုံး၌ သရဏဂုံတည်ခြင်း၊ တစ်မဂ်တစ်ဖိုလ်ဆိုက်ခြင်း၊ ရဟန္တာဖြစ်ရခြင်း စသည့် အကျိုးတရားများကို ရရှိကြလေ၏။ ဗုဒ္ဓသည် အတု မရှိသော ဉာဏ်ရှင်၊ သမ္မာသမ္ဗုဒ္ဓတည်းဟူသော သဗ္ဗညုတဘုရားရှင်ဖြစ်တော်မူ၍ ဆုံးမထိုက်သူကို မည်သို့သောတရားဖြင့် ဆုံးမရမည်ကို သိတော်မူ၏။ သိတော်မူသည့်အတိုင်းလည်း ဆုံးမသည်ဖြစ်ရာ နာကြားရသူအဖို့ သံသရာတည်းဟူသော ဒုက္ခဆင်းရဲမှ လွတ်မြောက်ကာ တရားတော်အတိုင်း ကျင့်ကြံပွားများ နေထိုင်တော်မူ၏။ ဤသည်ကား ဗုဒ္ဓစာပေ အလိုပြဆိုသော ဆုံးမတော်မူခန်းဖြစ်သည်။

ဗုဒ္ဓသည် ဆုံးမထိုက်သူကို ဆုံးမရာတွင် အတုမရှိ အမြတ်ဆုံးသော ဂုဏ်တော်ပိုင်ရှင်လည်း ဖြစ်သည်။ ဗုဒ္ဓနှင့် တစ်ဂိုဏ်းတည်းဖြစ်သော်လည်း မိဘတို့သည် သားသမီးအပေါ် ဆိုဆုံးမရာတွင် ဆိုဆုံးမ၍ လွယ်ကူသော သားသမီးများလည်း ရှိသကဲ့သို့ ဆုံးမရခက်ခဲသော ပြောစကား နားမထောင် သော သားသမီးများလည်း ရှိတတ်ကြပါသည်။ ဆုံးမသောသူ၊ ဆိုဆုံးမခံယူသူနှင့် ဆိုဆုံးမသည့် အကြောင်းအရာတို့အပေါ် မူတည်၍ ကွဲပြားခြားနားခြင်းသာ ဖြစ်သည်။
အရိယာမဟုတ်သော အကုသိုလ်အညစ်အကြေးမှ မကင်းသော ပြောဆိုဆုံးမသူနှင့် ဆိုဆုံးမသည့် အကြောင်းအရာတို့သည် တစ်ခါတစ်ရံ အပြစ် မကင်းတတ်ကြပေ။ အမှန်ဖြစ်နိုင်သလို အမှားလည်း ဖြစ်နိုင်လေ၏။
သို့သော် အုပ်ထိန်းသူ၊ မိဘတို့၏ ဝတ္တရားတွင် မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်ဟု ပါ ရှိနေသောကြောင့် သားသမီးများ လမ်းမမှားစေဖို့ အမှားမဖြစ်စေဖို့ အပြစ်မကျစေဖို့ မကောင်းမှုကိစ္စ များအတွက် တားဆီးရမည်ဖြစ်သည်။ သားသမီးများ အတွက် ပစ္စုပ္ပန်၊ အနာဂတ် နှစ်ဖြာသော ဘဝတွေ ကောင်းမွန်စေရေးအတွက် ကောင်းရာကို ညွှန်ကြား ပြသသွန်သင်ပေးနေရမည်သာဖြစ်သည်။
မကောင်းမှုတွေ မဖြစ်အောင်တား ဆီးပေးပြီး ကောင်းမှုတွေပွားစည်းစေ အောင် သွန်သင်ညွှန်ပြဆုံးမကြရာတွင် ဆုံးမစကားကို နား ထောင်သောသားသမီး များရှိသကဲ့သို့ ဆုံးမရ မလွယ် ကူသော၊ ပြောစကား နားမ ထောင်သောသားသမီးများလည်းရှိနေတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ကာမူမိဘများသည်သား သမီးများကို ဆုံးမရလွယ် သူ၊ ပြောစကားနားထောင်စေလို သူများသာ ဖြစ်လိုကြပါသည်။
ပြောဆိုဆုံးမရာတွင် အဆုံးမ ခံမည့်၊ မိမိဆုံးမ ရမည့်သူ၏ စရိုက်ကိုခွဲ၍ သိထားရန်လိုအပ်ပါသည်။ လူစရိုက်၊ နတ်စရိုက်၊ ဘီလူးစရိုက်ဟူ၍ သုံးမျိုးရှိသည်။ လူအုပ်စု၊ နတ်အုပ် စု၊ဘီလူးအုပ်စုဟုလည်းသတ်မှတ်နိုင်သလိုလူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူး နက္ခတ်ဟူ၍လည်း ခွဲခြားထား၏။ မိမိစကားပြောဆိုလိုသူ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၃ ဖြင့် စားလျှင် –

၁ ကြွင်းနေပါက နတ်စရိုက်၊ နတ်အုပ်စု၊ နတ်နက္ခတ်သမားများဖြစ်သည်။
၂ ကြွင်းနေပါက လူစရိုက်၊ လူအုပ်စု၊ လူ နက္ခတ်သမားများဖြစ်သည်။
ဝ ကြွင်းနေပါက ဘီလူးစရိုက်၊ ဘီလူးအုပ်စု၊ ဘီလူးနက္ခတ်သမားများ ဖြစ်သည်။

မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၃ ဖြင့်စားပါ က ၁ ကြွင်းနေသော သူများအား စကားပြောဆိုလျှင် ချိုသာသော အသံနှုန်းထားဖြင့် ယဉ်ကျေးသော အသုံးအနှုန်းများကို အသုံးပြုပြီး ချော့မော့၍ ပြောဆိုရမည်။ စကားလုံးများသည် နူးညံ့သိမ်မွေ့ပြီး ဖော်ရွေပျူငှာမှုရှိရမည်။ သို့မှသာ မိမိ၏ စကားများ ပြောဆိုတိုင်း အောင်မြင်လိမ့်မည်။

မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၃ ဖြင့်စား ပါက ၂ ကြွင်းနေသော သူများအား စကားပြောဆိုလျှင် ပြောနေကျအသံထက် ကျယ်လောင်သော အသံမျိုးဖြင့် ပြောဆိုရမည်။ စကားလုံးတိုင်းသည် မာကြောခက်ထန်ပြီး ရိုင်းသည်ဟု ထင်ရသော အသုံးအနှုန်းများ ပါဝင်ရမည်။ အသံမာမာဖြင့် အော် ဟစ်ပြီး ပြောဆိုနိုင်မှသာလျှင် မိမိ၏ ပြောဆိုသော စကား အောင်မြင်စေလိမ့်မည်။

ဤကဲ့သို့ တွက်စစ်ပြီး လူနတ်ဘီလူးခွဲခြား၍ ဆိုဆုံးမသော နည်းသည် နားထောင်နာယူ မှတ်သားလွယ်စေသော ပြောဆိုဆုံးမနည်း ဖြစ်သည်။ အယူတော်မင်္ဂလာခြံ၊ မရမ်းတလင်းမြေမှ အဘ ဆရာကြီးမင်းသိင်္ခ၏ ပညာဒါနလက်ဆောင် ယတြာလေးတစ်ခုလည်းရှိပါသေးသည်။ ဆိုဆုံးမ၍မရသော သားသမီး၏ အင်္ကျီကို ကရွတ်ခွေ၍ သောက်ရေအိုး အောက်တွင်ထားရှိပြီး မိခင်၊ အုပ်ထိန်းသူ အကြီးအကဲက ရေသောက်တိုင်းခွက်ကျန်ရေဖြင့် ထိုကရွတ် ခွေထားသည့် အင်္ကျီကို မကြာခဏ ဖျန်းပေးရခြင်းဖြစ်သည်။ ထိုသောက်ရေအိုးထဲမှ ရေဖြင့်လည်း ဘုရားသောက်တော်ရေ ကပ် လှူ၍ ဆုတောင်းပေးခြင်းဖြင့် မလိမ္မာ သော၊ ပြောစကား နားမထောင်သော သားသမီးများ လိမ္မာယဉ်ကျေးကာ ပြောစကား နားထောင်လာမည်ဖြစ်ပါသတည်း။