ဘယ်နေ့ သား/သမီးမဆို လာဘ်ပိတ်၍ စိတ်ညစ်နေပါသလား…။

ထူးခြားစွာ လာ်ဘ်ပွင့်၍ ငွေရွှင်စေနိုင်ပါသည်။ ဈေးဆိုင် ကုမ္ပဏီဆိုင်ဖြစ်ပါက ရောင်းကောင်းစေပါသည်။

မိမိ မွေးနေ့၏ နံနက်ပိုင်း ၉:၄၅ မိနစ် (သို့ ) ၁၀:၁၀ မိနစ်တွင် ဆောင်ရွက်ရပါမည်။ ထူးခြားစွာ လာ်ဘ်ပွင့်၍ ငွေရွှင်စေနိုင်ပါသည်။

ပြုလုပ်ရန်… ကြေးအိုး (သို့) အောင်အိုး (သို့) မြေအိုး ပတ်လည်တွင် “စ,ဓ,ဗ,ဝ .. အောင် .. လာဘ်ရွှင်စေ ငွေဝင်စေ၊ ရန်ကင်းစေ၊ အောင်မြင်စေဟု ရေးပါ ။

ဈေးဆိုင် ကုမ္ပဏီဆိုင်ဖြစ်ပါက ရောင်းကောင်းစေပါသည်။ ထို့နောက် ထိုအောင်အိုးအတွင်း သို့ မိမိ၏ နေ့နံ ပဉ္စပွတ် – ဆပွတ် အညွန့်အား ဂြိုလ်သက်အလိုက် ထည့်၍ အိမ်၊ ရုံးခန်း၊ ဆိုင်ခန်း စသည့် လေဝင်လေထွက် ကောင်းသည့် အမြင့်တစ်နေရာတွင် တင်ထားပါ။

၃ ရက်ပြည့်လျှင် တစ်ကြိမ် လဲပေးပါ။ ထူးခြားစွာ သိသာလာစေပါသည်။ အမြဲ ဆောင်ရွက် နိုင်ပါကလဲ ကောင်းပြီး အမြဲမလုပ်ပါက (၁၀) ရက် ဆောင်ရွက်လျှင် ရပါသည်။

မှတ်ချက် .. ပဉ္စပွတ်၊ ဆပွတ်၊ အညွန့်ပန်းများ တွဲထိုးရာတွင် ပညက်ဖော်၍ မထိုးမိစေရန် ဂရုစိုက်ပါ။ ဒါက မိမိမှာ ပိတ်ဆို့နေသော ကံကို ဖော်ပြီး စရဏအားဖြင့် မြှင့်တင်သော နည်း စနစ်ဖြစ်ပါသည်။ အတော်ကောင်းပါသည်။ တကယ် လာဘ်ပိတ်ပြီး စိတ်ညစ်နေရသူများ
သေချာ သတိထားပြီး (၁၀) ရက် အဓိဋ္ဌာန်ပြုကာ ဆောင်ရွက်ကြပါ။ ထူးစွာ လာ်ပွင့်ပြီး စိတ်အေးရပါမည်။

‘အရဟံ။ ဗုဒ္ဓေါ အရဟံ။ အရဟံ ဗုဒ္ဓေါ။ ဗုဒ္ဓဿ ဂုဏာ တေဇသာ။ သဗ္ဗ သိဒ္ဓိ လာဘံ မေ ဘဝိဿတိ။’ ဟူသော ဂါထာဖြင့် ပုတီးစိပ်၍သော်၎င်း (၂၇) ခေါက် ရွတ်၍သော်၎င်း မနက် တိုင်း နေ့စဉ်ရွတ်ဖတ်ပေးပါက ပို၍ ထိရောက်ပါသည်။

ဥပမာ… တနင်္ဂနွေ ဖြစ်ပါက ပျဉ်းမ (၁၉) သီဟိုဠ် (၂၁)။ သောကြာသား ဖြစ်ပါက ဇီး (၈) ရွက်လှ (၁၇) တို့အား အောင်အိုးတွင် ထိုးရမည် ဖြစ်ပါသည်။

အလုပ် မလုပ်ပဲနှင့်တော့ မည်သည့်ဝင်ငွေမှ မရနိုင်ပါ..။

#သစ်တံခါးဆရာတော်၏ စာအုပ်မှ ကူးယူဖော်ပြပါသည်။