သစ်တံခါးဆရာတော်၏ ဘယ်နေ့ သား/သမီးမဆို လာဘ်ပိတ်၍ စိတ်ညစ်နေပါသလား…?

ဒါက မိမိမှာ ပိတ်ဆို့နေသော ကံကိုဖော်ပြီး စရဏအားဖြင့် မြှင့်တင်သော နည်းစနစ် ဖြစ်ပါသည်။

မိမိ မွေးနေ့ ၏ နံနက်ပိုင်း ၉:၄၅ မိနစ် (သို့ ) ၁၀:၁၀ မိနစ် တွင် ဆောင်ရွက်ရပါမည် ။

ထူးခြားစွာ လာ်ဘ်ပွင့်၍ ငွေရွှင်စေနိုင်ပါသည်။

ပြုလုပ်ရန်…

ကြေးအိုး (သို့) အောင်အိုး (သို့) မြေအိုးပတ်လည်တွင် ” စ,ဓ,ဗ,ဝ.. အောင်.. လာဘ်ရွှင်စေ ငွေဝင်စေရန် ကင်းစေ အောင်မြင်စေဟု ရေးပါ။

ဈေးဆိုင် ကုမ္ပဏီဆိုင်ဖြစ်ပါက ရောင်းကောင်းစေပါသည်။

ထို့နောက် ထိုအောင်အိုးအတွင်းသို့ မိမိ၏ နေ့နံ ပဉ္စပွတ် – ဆပွတ် အညွန့်အား၊ ဂြိုလ်သက် အလိုက် ထည့်၍ အိမ်၊ ရုံးခန်၊း ဆိုင်ခန်း စသည့် လေဝင်လေထွက်ကောင်းသည့် အမြင့်တစ်နေ
ရာတွင် တင်ထားပါ။

၃ ရက် ပြည့်လျှင် တစ်ကြိမ် လဲပေးပါ။ ထူးခြားစွာ သိသာလာစေပါသည်။ အမြဲ ဆောင်ရွက်နိုင်ပါကလည်း ကောင်းပြီး၊ အမြဲမလုပ်ပါက (၁၀) ရက် ဆောင်ရွက်လျှင် ရပါသည်။

မှတ်ချက်.. ပဉ္စပွတ်၊ ဆပွတ်၊ အညွန့်ပန်းများ တွဲထိုးရာတွင် ပညက်ဖော်၍ မထိုးမိစေရန် ဂရုစိုက်ပါ။ ဒါက မိမိမှာ ပိတ်ဆို့နေသော ကံကိုဖော်ပြီး စရဏအားဖြင့် မြှင့်တင်သော နည်းစနစ် ဖြစ်ပါသည်။ အတော်ကောင်းပါသည်။ တကယ် လာဘ်ပိတ်ပြီး စိတ်ညစ်နေရသူများ
သေချာသတိထားပြီး (၁၀) ရက် အဓိဋ္ဌာန်ပြုကာ ဆောင်ရွက်ကြပါ။ ထူးစွာ လာဘ်ပွင့်ပြီး စိတ်အေးရပါမည်။

“အရဟံ၊ ဗုဒ္ဓေါ အရဟံ၊ အရဟံ ဗုဒ္ဓေါ၊ ဗုဒ္ဓဿ ဂုဏာ တေဇသာ၊ သဗ္ဗ သိဒ္ဓိ လာဘံ မေ ဘဝိဿတိ”

ဟူသော ဂါထာဖြင့် ပုတီးစိပ်၍သော်လည်းကောင်း (၂၇) ခေါက် ရွတ်၍ သော်လည်းကောင်း မနက်တိုင်း နေ့စဉ်ရွတ်ဖတ်ပေးပါက ပို၍ ထိရောက်ပါသည်။

  • တနင်္ဂနွေ – ပျဉ်းမ (၁၉)၊ သီဟိုဠ် (၂၁)
  • တနင်္လာ – သီဟိုဠ် (၂၁)၊ ထန်း (၁၀) ညွန့်
  • အင်္ဂါ – ထန်း (၁၀) ညွန့်၊ အုန်း (၆) ညွန့်
  • ဟူး – အုန်း (၆)၊ ကံကော် (၁၅)
  • တေး – ကံကော် (၁၅)၊ ဇီး (၈)
  • သောကြာ – ဇီး (၈)၊ ရွက်လှ (၁၇)
  • စနေ – ရွက်လှ (၁၇)၊ ပျဉ်းမ (၁၉)

ဥပမာ… တနင်္ဂနွေဖြစ်ပါက ပျဉ်းမ (၁၉) သီဟိုဠ် (၂၁)၊ သောကြာသား ဖြစ်ပါက ဇီး (၈) ရွက်လှ (၁၇) တို့အား အောင်အိုးတွင် ထိုးရမည် ဖြစ်ပါသည်။

အလုပ် မလုပ်ပဲနှင့်တော့ မည်သည့်ဝင်ငွေမှ မရနိုင်ပါ ..!

#သစ်တံခါးဆရာတော်၏ စာအုပ်မှ ကူးယူဖော်ပြပါသည်။