အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၃) ဂဏန်းသမားများ

ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့ အဲဒီလူကို ၃-ဂဏန်း သမားလို့ ခေါ်ရမှာပဲ။ သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။

သူတို့ရဲ့ မျက်နှာကို ကြည့်ရင် အစဉ်သဖြင့် အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။ ဘယ်လိုနေရာကို ရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်ကြတယ်။ သဘာ၀ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တလေးတစား လိုက်နာကြတယ်။ အလုပ် ဝတ္တရား ကိုလည်း အလွန် ရိုသေ တတ်ကြတယ်။

သူတို့နဲ့ သင့်တော်တဲ့ အရောင်တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင်။ ပန်းနုရောင်တွေ ဖြစ်တယ်။

ကျောက်မျက်ရတနာထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမားနဲ့ သင့်တော်တဲ့ ကျောက်ပဲ။

၃-ဂဏန်း သမားတွေ အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့ အင်္ဂလိပ်လရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။ ၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။ ၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယတန်းစား ကံကောင်းတဲ့နေ့တွေပါပဲ။

၃-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဦးခေါင်းပိုင်းမှာ အများဆုံး ဖြစ်တတ်တယ်။ ပြီးတော့ အကြောရောင် ရော၈ါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။

သူတို့အတွက် အကောင်းဆုံး ဓာတ်စာကတော့ နာနတ်သီး ဖြစ်တယ်။ ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၁) ဂဏန်းသမားများ

အဘမင်းသိင်္ခပြောပြတဲ့ ဂဏန်းဗေဒင်ထဲက မူလ (၂) ဂဏန်းသမားများ