အမှိုက်ပုံးကို ဘယ်နားမှာ ထားသင့်သလဲ

ဒီခေတ်ကြီးမှာကတော့ အဆင်ပြေသလိုပဲ အိမ်တွေဝယ်ကြ၊ ဆောက်ကြရမှာပါပဲ။ ဟုတ်ပါပြီ …။

ကျွန်တော်တို့မြန်မာတွေဟာ အိမ်ဆောက်တဲ့ အခါ၊ အိမ်ဝယ်တဲ့အခါ ဘယ်ဘက်ကိုမျက်နှာလှည့် သလဲဆိုတာကို အရေးတယူ တွက်ချက်လေ့ရှိကြပါတယ်။ ဘုမ္မိအရပ်ဆိုရင် မျက်နှာလှည့်လို့မကောင်း ဘူးဆိုပြီး ယူဆကြပါတယ်။

ဒီခေတ်ကြီးမှာကတော့ အဆင်ပြေသလိုပဲ အိမ်တွေဝယ်ကြ၊ ဆောက်ကြရမှာပါပဲ။ ဟုတ်ပါပြီ …။

ဒါဖြင့်ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့၊ ရုံးခန်းတို့မှာ အလုပ်စားပွဲ မလှည့်သင့် တဲ့အရပ်ကို ပြောပြချင်ပါတယ်။ ဒါမှမဟုတ် အဲဒီ အရပ်မျက်နှာတွေမှာ အမှိုက်ပုံးလို စွန့်ပစ်တဲ့ပစ္စည်း ထားသင့်တယ်ဆိုတာလေး ပြောပြချင်ပါတယ်။

အလုပ်မှာ ဦးဆောင်သူရဲ့ နေ့သားနဲ့ ချိန်ဆပြီး ထားဖို့ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ တနင်္ဂနွေသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံး ကို တောင်အရပ်မျက်နှာမှာ ထားသင့်ပါတယ်။

အကယ်၍ သင်ဟာ တနင်္လာသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံး ကိုအနောက်တောင်အရပ်မျက်နှာမှာထားသင့်ပါတယ်။

အကယ်၍ သင်ဟာ အင်္ဂါသားသမီး ဖြစ် ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံးကို အနောက်အရပ်မျက်နှာမှာ ထားသင့်ပါတယ်။

အကယ်၍ သင်ဟာ ဗုဒ္ဓဟူးသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံး ကိုအနောက်မြောက်အရပ်မျက်နှာမှာထားသင့်ပါတယ်။

အကယ်၍ သင်ဟာ ကြာသပတေးသားသမီး ဖြစ် ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ် ခန်းတို့မှာအမှိုက်ပုံးကိုအရှေ့ မြောက်အရပ်မျက်နှာမှာ ထား သင့်ပါတယ်။

အကယ်၍ သင်ဟာ သောကြာသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံးကို အရှေ့တောင်အရပ် မျက်နှာမှာ ထားသင့်ပါတယ်။

အကယ်၍သင်ဟာစနေ သားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာအမှိုက်ပုံးကို မြောက် အရပ်မျက်နှာမှာထားသင့်ပါတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့အခန်းနဲ့ လိုက်လျော ညီအောင် ချိန်ဆပြီး ထားဖို့ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့ အရပ်မျက်နှာတွေနဲ့ ကိုယ့်ရဲ့အခန်းနဲ့ ဘယ်လိုမှ မအပ်စပ်ဘူးဆိုသူများအတွက်တော့လည်း မ တတ်နိုင်ဘူးပေါ့ဗျာ …။ အဆင်ပြေသလိုပဲ ထားရမှာပေါ့နော် …။

မင်းဟန်ငွေ(အယူတော်မင်္ဂလာ)