ခရီးစဉ်တွေ အောင်မြင်စေ

အင်္ဂဝိဇ္ဇာကျမ်းရင်း လင်္ကာတွင် အထက် ဆောင်ပန်း၊ အောက်နင်းကြမ်း ဟုရှိပါသည်။ ဘဝအ တွက် အရေးပါသော ခရီးတစ်ခုခု သွားရမည့်သူသည် ၎င်း ကြမ်းဓာတ်နှင့် ဆောင်ပန်းဓာတ်ကို ယတြာပြု ဓာတ်ဆင်သွားခြင်းဖြင့် ခရီးစဉ်များ ချောမွေ့အောင်မြင်စေမှာ ဖြစ်သည်။

ရှေးမြန်မာဘုရင်များသည် စစ်ချီစစ်တိုက် ထွက်ရာတွင် နင်းကြမ်းဓာတ်နှင့် ဆောင်ပန်းဓာတ် ကို ယတြာပြု၍ စီရင်လေ့ရှိကြောင်း ကျမ်းဟောင်း သာဓကများလည်း ရှိခဲ့ကြပါသည်။ “အထက်ဆောင် ပန်း၊ အောက်နင်းကြမ်း တစ်ခန်းမှတ်ယူမှီး”ဟု ကျမ်း ရင်းလင်္ကာတွင် ဖော်ပြထားသော်လည်း ဆောင်ရွက်သော ယတြာသည် နဝင်းကြေဖို့ လိုအပ်ပါသည်။ နဝင်းကြေ၍ နဝင်းမိသော ယတြာဖြစ်မှသာလျှင် အစွမ်းထက်မှာ ဖြစ်သည်။

၄ နှင့် ၅ ကို ပေါင်းခြင်းသည် ၉ နဝင်းဟု သတ်မှတ်ခြင်းထက် စတုရန်းဌာနနှင့် ပဉ္စပွတ်ဌာနကို တွဲစပ်ယူခြင်းသည်သာ နဝင်းကြေ၍ နဝင်း မိသော ယတြာဖြစ်သည်။ အထက်ဆောင်ပန်း အောက်နင်း ကြမ်းယတြာသည်လည်း ထို့ အတူသာဖြစ်လေသည်။ တြိရန်းနှင့် စတု ရန်းနံတွေအား နင်းကြမ်းဓာတ်ပြုပြီး အညွန့် နံအား ဆောင်ပန်းဓာတ်ပြုခြင်း ဖြစ်သည်။

တြိရန်း+စတုရန်း+ဒွိရန်(အညွန့်) ဌာနများ သည် ၃+၄+၂ ဖြစ်သောကြောင့် ၉ ဂဏန်းရ၍ နဝင်းကြေ ယတြာဖြစ်သည်။

ခုနစ်ရက်သားသမီးများ သည် ခရီးစဉ်နှင့် ပတ်သက်သော ဆောင်ရွက်စရာပြုဖွယ်ကိစ္စများ အဆင်ပြေ အောင်မြင်စေရန် ဤသို့ဆောင်ရွက်သွားသင့်သည်။

  • တနင်္ဂနွေသားသမီးများသည် မြေစာသုံးညွန့်နှင့် ရွက်လှ လေးညွန့်ကို စုပြုံ၍ ခုနစ် ချက်တိတိ နင်းပြီး ကံ့ကော်ညွန့်ကို ဆောင်သွားရမည်။
  • တနင်္လာသားသမီးများသည် ရွက်လှ လေးညွန့်နှင့် ပိန်းရွက် ငါးရွက်ကို စုပြုံ၍ ကိုးချက်တိတိ နင်းပြီး ညောင်ရွက်ကို ဆောင် သွားရမည်။
  • အင်္ဂါသားသမီးများသည် ပိန်းရွက် ငါးရွက် နှင့် သီဟိုဠ် ခြောက်ရွက်ကို စုပြုံ၍ ၁၁ ချက်တိတိနင်း ပြီး ရွက်လှပန်းကို ဆောင်သွားရမည်။
  • ဗုဒ္ဓဟူးသားသမီးများသည် သီဟိုဠ် ခြောက် ရွက်နှင့် နာနတ် ခုနစ်ရွက်ကို စုပြုံ၍ ၁၃ ချက်တိတိ နင်းပြီး ပိန်းရွက်ကို ဆောင်သွားရမည်။
  • ကြာသပတေးသားသမီးများသည် နာနတ် ခုနစ်ရွက်နှင့် အုန်း တစ်ညွန့်ကို စုပြုံ၍ ၈ ချက်တိတိ နင်းပြီး ပိန်းရွက်ကို ဆောင်သွားရမည်။
  • သောကြာသားသမီးများသည် အုန်း တစ်ညွန့်နှင့် ကွမ်းနှစ်ရွက်ကို စုပြုံ၍ သုံးချက် တိတိနင်းပြီးနှင်းဆီပန်းကိုဆောင်သွားရမည်။
  • စနေသားသမီးများသည် ကွမ်းနှစ်ရွက်နှင့်မြေစာသုံးညွန့်ကို စုပြုံ၍ ငါးချက်တိတိနင်းပြီး အုန်းညွန့်ကို ဆောင်သွားရမည်။

အထက်ပါ ဆောင်ပန်း နင်းကြမ်းယတြာများသည် နဝင်းကြေသော၊ နဝင်းမိသော ယတြာ အစီအရင်များသာဖြစ်သည်။

ယုံကြည်စွာဖြင့် ဆောင်ရွက်လျှင် ဆောင်ရွက်သောသူ၏ ကိုယ်ကျင့်သီလနှင့် ဇွဲလုံ့လ၊ စိတ်ဓာတ်ခွန်အားပေးမူတည်ပြီး အကျိုးပြုအစွမ်းထက်စေမှာ ဖြစ်လေသည်။

သိဒ္ဓိစံ(မင်္ဂလာကုန်း)