ဘိုးတော်ဘုရားလက်ထက် အမတ်ကြီး ဦးပေါ်ဦး အမည်ပေးသော စိန္တကျော်သူဦးသြ၏ “အကြံကုန် ဂဠုန် ဆားချက်ကိန်း” ယတြာ
လူတိုင်း အခက်အခဲကြုံလာသောအခါ..အညံ့နှင့်ကြုံသောအခါ…လာဘ်လာဘပိတ်ဆို့နေသောအခါများ တွင်..ဤ ယတြာကို ပြုလုပ်ပါက လက်တွေ့အကျိုးရှိပေသည်။ မည်သူမဆို လက်တွေ့ ဆောင်ရွက်၍ အကျိုးကျေးဇူးများစေသောနည်းဖြစ်၍ အခက်အခဲများ..အညံ့များ…လာဘ်လာဘပိတ်နေသည်များ ပြေပျောက် ကျော်လွှားနိုင်ပါသည်။ ထို့ကြောင့် ဗဟုသုတ ရစေရန်နှင့် အဆင်ပြေကြစေရန် ရည်သန်၍ တင်ပြလိုက်ရပါသည်။
+ တနင်္ဂနွေနေ့ မွေးဖွားသူများ
တနင်္ဂနွေနေ့ မွေးသူများသည် အင်္ဂါနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္ဂနွေ ထောင့်တွင် 💐 ကံကော်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ တနင်္လာနေ့ မွေးဖွားသူများ
တနလာၤနေ့ မွေးသူများသည် ဗုဒ္ဓဟူးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္လာ ထောင့်တွင် 💐 ဇီး(၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ အင်္ဂါနေ့ မွေးဖွားသူများ
အင်္ဂါနေ့ မွေးသူများသည် ကြာသပတေးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ အင်္ဂါထောင့်တွင် 💐 ရွက်လှညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ ဗုဒ္ဓဟူးနေ့ မွေးဖွားသူများ
ဗုဒ္ဓဟူးနေ့ မွေးသူများသည် သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ဗုဒ္ဓဟူးထောင့်တွင် 💐 ပျဉ်းမညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ ဗုဒ္ဓဟူးညနေ (ရာဟု)တွင် မွေးဖွားသူများ
ဗုဒ္ဓဟူးညနေ မွေးသူများသည် သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ရာဟုထောင့်တွင် 💐 မေမြို့ပန်း (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ ကြာသပတေးနေ့ မွေးဖွားသူများ
ကြာသပတေးနေ့မွေးသူများသည် စနေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ကြာသပတေးထောင့်တွင် 💐 သီဟိုဠ်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ သောကြာနေ့ မွေးဖွားသူများ
သောကြာနေ့ မွေးသူများသည် တနင်္ဂနွေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ သောကြာထောင့်တွင် 💐 ဒန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ.. လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
+ စနေနေ့ မွေးဖွားသူများ
စနေနေ့ မွေးသူများသည် တနင်္လာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ စနေထောင့်တွင် 💐 အုန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။
ယတြာအစွမ်းထက်ခြင်း..မထက်ခြင်းသည်….မိမိ..သီလ.. သမာဓိ ..နှင့် ယတြာအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိခြင်းတို့အပေါ် မှီခိုပါသည်။
ထို့ကြောင့် ယုံကြည်စွာ ပြုလုပ်ပါ။ကပ်လှူပါ၊ဆုတောင်းပါ။
ထို့နောက် ငါးပါးသီလအား ကာလတခုအထိ ဆောက်တည်စောင့်ထိန်းပါ။
၃၁ ဘုံ သားတို့နှင့် မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တို့အား မေတ္တာပို့ အမျှဝေပါ။
အားလုံးဘေးဘယာကင်းဝေးပြီး..အညံ့များပြေပျောက်၍ လာဘ်လာဘ များပွင့်လန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ဆရာကြီး စံ-ဇာဏီဘို
