ပုဂံ ရွှေဆံတော်

ရွှေသင်္ကန်းကုသိုလ်

၂၀၁၇ ခု၊ စက်တင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ဆရာဇင်ယော်နီဦးဆောင်သော အဘမင်း သိင်္ခ၏ တပည့်ပရိသတ်များ စုပေါင်း၍ ၉ ကြိမ် မြောက်အဖြစ် ပုပ္ပား-ပုဂံဘုရားဖူးထွက်ခဲ့ကြပါသည်။

ပုပ္ပား-ပုဂံမှသည် ကယားပြည်နယ် လွိုင် ကော်၊ ရှမ်းပြည်နယ် အင်းလေးဖောင်တော်ဦး၊ မွေ တော်ကက္ကူ၊ ထန်းဆမ်းဂူ၊ ပင်းတယ ရွှေဥမင်၊ ကုံလုံ …စသည်များသို့လည်း ကျွနု်ပ်တို့ ရောက်ခဲ့ကြပါ သည်။

ဆရာနှင့်ခရီးသွားရသည်မှာ ကျွန်တော်တို့ အဖို့ ကုသိုလ်ရသည့်အပြင် မရောက်ဖူးသော ဒေသ များသို့လည်း ရောက်ဖူးရသည်၊ အထွေထွေဗဟု သုတများလည်း မရချင်အဆုံး ရကြရပါသည်။

ဆရာ့ထံတွင် ဗေဒင်ပညာ သင်ယူသောအခါ ကိန်းခန်းအလိုက်၊ ကိစ္စရပ်အလိုက် ဘုရားရင်ဘတ် တော်ကို ရွှေချခြင်း၊ ဘုရားခြေထောက်တော်ကို ရွှေ ချခြင်း ယတြာနည်းများကိုလည်း မှတ်သားခဲ့ဖူးပါသည်။

မှတ်မှတ်ရရ ကျွန်တော်တို့ ပုဂံ ရွှေဆံတော် ဘုရားသို့ ဖူးမြော်ကြစဉ် နံရံ၌ချိတ်ထားသော မှန် ဘောင်သွင်းထားသည့် စာရွက်လေးတစ်ရွက်ကို ဆရာက လက်ညှိုးညွှန်ပြရင်း – “အဲဒါလေး ဓာတ်ပုံရိုက်လာခဲ့ပေါ့ …၊ မင်းတို့ ဗေဒင်ဟောတဲ့အခါ အသုံးတည့်လိမ့်မယ် …” ဟု ပြောပြသဖြင့် ကျွန်တော်လည်း မှတ်တမ်းဓာတ် ပုံ ရိုက်ယူခဲ့ပါသည်။

ထိုစာရွက်ကလေးမှာ မြတ်စွာဘုရားရှင်အား ပူဇော်ခြင်းကြောင့် ကုသိုလ်ရစေမည့်အပြင် လောကီ အကျိုးထူးများလည်း ရရှိစေနိုင်မည်ဖြစ်ပါသော ကြောင့် ခုနစ်ရက်သားသမီးအားလုံးအတွက် ပုဂံ ဘုရားဖူးခရီးစဉ်အမှတ်တရ ရေးသားဖော်ပြလိုက်ရပါသည်။

၁။ မြတ်စွာဘုရားပလ္လင်တော်ကို ရွှေသင်္ကန်း ဆက် ကပ်လှူဒါန်းရသောအကျိုးအားကြောင့် မိမိ၏ ဘုံဗိမာန်အဆောက်အဦ၊ နေရာထိုင်ခင်း တည်တံ့ ခိုင်မြဲမြင့်မားတိုးတက်ရပါလို့၏အရှင်ဘုရား။

၂။ မြတ်စွာဘုရားဝဲဘက်ခြေဖဝါးတော်၊ ယာ ဘက်ခြေဖဝါးတော်တို့ကို ရွှေသင်္ကန်းဆက်ကပ်လှူ ဒါန်းရသောအကျိုးအားကြောင့် လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေးနှင့်ပတ်သက်သော လမ်း ခရီးများသွားသည့်အခါ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စင်္ကြာမင်းကဲ့သို့ အလျင်အမြန် ခရီးနှင်ပေးတော်မူပါအရှင်ဘုရား။

၃။ မြတ်စွာဘုရား ဝဲဘက်လက်ဖဝါးတော်၊ ယာဘက်လက်ဖဝါးတော်တို့ကို ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းရသောအကျိုးအားကြောင့် အပ္ပါယ်တံခါးပိတ် ၍ လာဘ်တံခါးပွင့်ကာ ဝင်မလာမစဲတသဲသဲ လာဘ် လာဘ ပေါများရပါလို့၏အရှင်ဘုရား။

၄။ မြတ်စွာဘုရားရင်ဘတ်တော်နှင့် ဝမ်းဗိုက် တော်တို့ကို ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရသော အကျိုးအားကြောင့် နှလုံးစိတ်ဝမ်း အေးချမ်းရပါလို၏ အရှင်ဘုရား။

၅။ မြတ်စွာဘုရား ဝဲဘက်လက်မောင်းတော် နှင့် ယာဘက်လက်မောင်းတော်တို့ကို ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းရသောအကျိုးအားကြောင့် ဘုန်း တန်ခိုးအင်အား ကြီးမားရပါလို၏အရှင်ဘုရား။

၆။ မြတ်စွာဘုရား ဆံကျစ်တော်၌ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းရသောအကျိုးအားကြောင့် မိမိ၏ လုပ်ငန်းဆောင်တာများ အထွဋ်အထိပ်သို့ ရောက်ရ ပါလို၏အရှင်ဘုရား …။

ဝဠာမိုးအောင်

(အယူတော်မင်္ဂလာ)