မိတ်ဆွေတို့အတွက် တစ်ပတ်တာ ယတြာလက်ဆောင် (၃-၄-၂၀၁၉ မှ ၉-၄-၂၀၁၉)

ဒီတစ်ပတ်အတွင်း ငွေကံကောင်းချင်ရင် …

တနင်္ဂနွေသားသမီးများ ———- ဘုရားမှာ နန်းကြီးသုပ်လှူပါ။

တနင်္လာသားသမီးများ ———- ဘုရားမှာ နာနတ်ယိုလှူပါ။

အင်္ဂါသားသမီးများ ———— ဘုရားမှာ ဇီးယိုလှူပါ။

ဗုဒ္ဓဟူးသားသမီးများ ———– ဘုရားမှာ သံပုရာရည်လှူပါ။

ကြာသပတေးသားသမီးများ ——- ဂုဏ်တော်ကိုးပါး သက်စေ့ရွတ်ပါ။

သောကြာသားသမီးများ ——— သမ္ဗုဒ္ဓေဂါထာတော်ကို ပုတီးနှစ်ပတ်စိပ်ပါ။

စနေသားသမီးများ ———— သီလရှင်ကို ဆပ်ပြာခဲလှူပါ။

 

ဒီတစ်ပတ်အတွင်း အလုပ်ကိစ္စ အောင်မြင်ချင်ရင်

တနင်္ဂနွေသားသမီးများ ———- မုန့်ဟင်းခါးဆွမ်းတော်ကပ်လှူပါ။

တနင်္လာသားသမီးများ ———- ဘုန်းတော်ကြီးကို သစ်သီးလှူပါ။

အင်္ဂါသားသမီးများ ———— မိဘဆရာတို့ကို ကိတ်မုန့်လှူပါ။

ဗုဒ္ဓဟူးသားသမီးများ ———– ဘဂဝါဂုဏ်တော်ကို ပုတီး(၅)ပတ်စိပ်ပါ။

ကြာသပတေးသားသမီးများ ——- ဘုရားမှာ သံပုရာရည်လှူပါ။

သောကြာသားသမီးများ ——— ဘုရားပုလ္လင်တော်မှာ ရွှေသင်္ကန်းကပ်လှူပါ။

စနေသားသမီးများ ———— သောကြာထောင့်မှာ သာသနာ့အလံ(၆)လက်လှူပါ။

 

ဒီတစ်ပတ်အတွင်း ကျန်းမာရေးကောင်းချင်ရင်

တနင်္ဂနွေသားသမီးများ ———-  ရေကုသိုလ် ပြုလုပ်ပါ။

တနင်္လာသားသမီးများ ———- ဘုရားမှာ လျှပ်စစ်မီးလှူပါ။

အင်္ဂါသားသမီးများ ———— ကလေးငယ်များကို မုန့်ဝေကျွေးပါ။

ဗုဒ္ဓဟူးသားသမီးများ ———– အရဟံဂုဏ်တော်ကို ပုတီး(၉)ပတ် စိပ်ပါ။

ကြာသပတေးသားသမီးများ ——- ခွေးများကို အစာကျွေးပါ။

သောကြာသားသမီးများ ——— ကျေးငှက်များကို အစာကျွေးပါ။

စနေသားသမီးများ ———— သီလရှင်ကို ဖျော်ရည်ဘူးလှူပါ။

 

ဒီတစ်ပတ်အတွင်း အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေချင်လျှင်

တနင်္ဂနွေသားသမီးများ ———- တရားစာအုပ် ဒါနပြုပါ။

တနင်္လာသားသမီးများ ———- ဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးကုသိုလ်ပြုပါ။

အင်္ဂါသားသမီးများ ———— ဘုရားမှာ ကောက်ညင်းပေါင်း ကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီးများ ———– အိမ်အဝင်တံခါးကို သန့်ရှင်းရေးပြုလုပ်ပါ။

ကြာသပတေးသားသမီးများ ——- ဘုရားမှာ ရေခဲမုန့် ကပ်လှူပါ။

သောကြာသားသမီးများ ——— ကလေးများကို စာအုပ်စာတန်း ဒါနပြုပါ။

စနေသားသမီးများ ———— ကျေးငှက်များကို အစာကျွေးပါ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ