မဟာစကြာဝဠာစောင့်နတ်မင်းကြီးဖြစ်သွားတဲ့ ကျွန်တော့်သူငယ်ချင်း

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေဟာ ကျွနု်ပ်တို့ကမ္ဘာတွင်သာမက အခြားကမ္ဘာ၊ အခြားစကြဝဠာ များမှာလည်း ဖြစ်တည်လျက်ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ သုံးဆယ့်တစ်ဘုံမှ လူနတ်ဗြဟ္မာ သတ္တဝါများ ဘဝသံသရာလည်ပတ်ရာမှာ ကျွန်တော်တို့ ကမ္ဘာက လူ့လောကကို အခြေခံပြီး ဘဝတွေဖြစ် တည်လျက်ရှိကြပါတယ်။ ဘဝပြောင်းရာမှာလည်း မိမိစွဲလမ်းရာကို အကြောင်းပြုပြီး ဘဝသစ်တွေ ဘဝ သစ်တွေ ဖြစ်ပေါ်ကြပါတယ်။

များသောအားဖြင့် ဤကမ္ဘာမှလူများ ကွယ် လွန်တဲ့အခါ ဤသုံးဆယ့်တစ်ဘုံမှာသာ နတ်ဖြစ်စေ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဖြစ်လေ့ရှိကြသော်လည်း ဤကမ္ဘာမှလူသားနှစ်ဦး မဟာစကြဝဠာကြီးတစ်ခုစီ သို့ မဟာစကြဝဠာစောင့်နတ်မင်းကြီးများ ဖြစ်သွား သည်ကို အံ့ဩစွာ တွေ့ရပါတယ်။ အခြားမဟာစကြ ဝဠာမှ ပုဂ္ဂိုလ် လေးဦးလည်း ဤကမ္ဘာ ကျွန်တော်တို့ မြန်မာနိုင်ငံသို့ လူသားအဖြစ် ဝင်စားလာကြတာ လည်း ရှိပါတယ်။

၎င်းတို့လေးဦးအနက် တစ်ဦးမှာ ဘုန်းကြီး  ဘဝ၊ တစ်ဦးမှာ ဗြဟ္မာပြည်ကတစ်ဆင့် ရိုးရိုးသာမန် လူ့ဘဝရောက်လာပြီး နှစ်ဦးမှာ ၁၁ နှစ်အောက် ကလေးနှစ်ဦး ဖြစ်ပါတယ်။ ကလေးနှစ်ဦးမှာ အလွန် ထူးချွန်တဲ့ ကလေးနှစ်ဦးဖြစ်နေပြီး အရာရာ အလွယ် တကူ သိနားလည်ကြတာကိုလည်း တွေ့ရပါတယ်။ ဤကလေးနှစ်ဦး ပဋိသန္ဓေတည်စဉ်ကပင် မိဘများ စီးပွားတက်လာတယ်လို့ သိရပါတယ်။ ဘုန်းကြီးဖြစ် နေတဲ့ ပုဂ္ဂိုလ်နှင့် ကလေးနှစ်ဦးကို မဟာစကြဝဠာ စောင့်နတ်မင်းကြီးများ စောင့်ရှောက်နေကြောင်း လည်း သိရပါတယ်။

ဤကမ္ဘာမှ အခြားလူသားတစ်ဦးလည်း မဟာစကြဝဠာကြီးတစ်ခုကို အုပ်ချုပ်တဲ့ နတ်ကြီး ဖြစ်သွားတာ ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်က တခြားလူ မဟုတ်ပါဘူး။ ရွှေဘိုမြို့ ဈေးတန်းရပ် စည်သူ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကျွန်တော့်ရဲ့ ကျောင်း နေဖက်သူငယ်ချင်း ဦးကံမြင့် ဖြစ်ပါတယ်။ ဦးကံမြင့် က ၈-၅-၂၀၁၄ ရက်က ကင်ဆာရောဂါနဲ့ ကွယ် လွန်သွားပါတယ်။ ပထမ ဝဿဝတီနတ်ပြည် နတ် သားဖြစ်ပါတယ်။ ဝဿဝတီနတ်ပြည်မှာ တစ်နှစ်ခန့် ကြာတော့ သူ့ရဲ့မိသားစုက ကုသိုလ်ကောင်းမှုပြု အမျှဝေတာရပြီး မဟာစကြဝဠာကြီးတစ်ခုကို အုပ် ချုပ်ရတဲ့ နတ်ကြီးဖြစ်သွားတာပါ။

ဦးကံမြင့်နဲ့ ကျွန်တော်နဲ့က ရွှေဘို အမှတ်(၁) အထက်တန်းကျောင်းမှာ ၉ တန်းကစပြီး အတူတူ ကျောင်းတက်ခဲ့ကြတာပါ။ သူက ရွှေဘိုမြို့ အနောက် လက်ခွန်တောင်းကြီးရွာ ဇာတိ ဖြစ်ပါတယ်။ ကိုကံမြင့် ကျောင်းကထွက်တော့ ၁၉၆၄ ခုနှစ်လောက်မှာ ပပက ပြည်သူပိုင်ပစ္စည်း ကော်ပိုရေးရှင်းမှာ စာရေးဝင်လုပ် ပါတယ်။ စာရေး ဆိုပေမယ့် ရွှေဘိုခရိုင် သပိတ်ကျင်း မြို့နယ် တာဝန်ခံအဖြစ် ဆောင်ရွက်ရတာပါ။ ကျွန် တော်လည်း ၁၉၆၄ ခုနှစ်မှာပဲ ပပကမှာ ကုန်မာဆိုင် တာဝန်ခံ၊ ကုန်ပဒေသာတိုက်တာဝန်ခံ ဆောင်ရွက်ရ ပါတယ်။ ကိုကံမြင့်နဲ့ တစ်ဌာနတည်းဆိုတော့ မကြာ ခဏ တွေ့ဖြစ်ကြပါတယ်။

ကျွန်တော် ၁၉၆၇ ခုနှစ် လမ်းစဉ်ပါတီ ပြောင်းပြီး နိုင်ငံရေးတာဝန် ထမ်းဆောင်တော့ ၁၉၇၀ ခုနှစ် ကန့်ဘလူမြို့မှာ ကိုကံမြင့်နဲ့ လာပြီးဆုံ ပြန်ပါတယ်။ သူက ကုန်သွယ်ရေးကထွက်ပြီး ရေဒီ ယို၊ ကက်ဆက်တို့၊ ဒိုင်နမိုတို့ပြင်တဲ့လုပ်ငန်း လုပ် ကိုင်နေပါတယ်။ ကျွန်တော် သူ့အိမ်ကို မကြာခဏ သွားရောက်လည်ပတ်လေ့ ရှိပါတယ်။

ကိုကံမြင့်က သူ့ရဲ့အလုပ်ကို အလွန်ပါသနာ ပါပါတယ်။ လျှပ်စစ်ပစ္စည်းတွေ မကြာခဏ အဆန်း ထွင်တတ်ပါတယ်။ လျှပ်စစ်ပစ္စည်း အသစ်အဆန်း ပေါ်လျှင်လည်း ဝယ်ပြီး ဖျက်ကြည့်တယ်။ ဒါ ဘယ် လို လုပ်ကိုင်ထားတယ်ဆိုတာ လေ့လာတဲ့သဘော ပါ။ အဲဒီပစ္စည်းရဲ့ သဘောတရားကို အခြေခံပြီး သူ့နည်းသူ့ဟန် ဈေးပေါပေါနဲ့ ပြန်ပြုလုပ်ပြီး ရောင်း ချပါတယ်။ ယခုပေါ်နေတဲ့ မီးလုံးနဲ့ ဓာတ်မီးလေးတွေ ကို သူ့နည်းသူ့ဟန်နဲ့ တီထွင်ရောင်းချရာမှာ တော် တော်များများ ရောင်းရပါတယ်။ ခြင်မလာအောင် လုပ်တဲ့ ပန်ကာ၊ လေဆာရောင်ခြည်သဘောသုံးပြီး သူက နောက်ဖေးမှာနေပေမယ့် အိမ်ရှေ့ဆိုင်ထဲ လူ ဝင်လာတာကို သိအောင်လုပ်တဲ့နည်းတွေ အစုံပါပဲ။ သူက ကျောင်းပညာ ဆယ်တန်းအောင်ရုံရှိသော် လည်း လျှပ်စစ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို အကုန် လေ့လာဖတ်ရှုနိုင်ပါတယ်။ ဉာဏ်လည်း တော်တော် ကောင်းပါတယ်။

သူက အရက်မသောက်ပါဘူး။ တစ်ခါတစ်ရံ ဥပုသ်စောင့် တရားထိုင်၊ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုရာ မှာ ရိပ်သာတွေ သွားထိုင်တာတော့ မဟုတ်ပါဘူး။ သူ့ဘာသာလေ့လာပြီး ထိုင်တာပါ။ ၈၈ ခုနှစ် အရေး အခင်းပြီးတော့ သူတို့မိသားစု ရွှေဘိုဈေးတန်းရပ် ပြောင်းလာပြီး လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်ပါတယ်။ တဖြည်းဖြည်းချင်း အောင်မြင်လာပါတယ်။ ကိုကံမြင့် မှာ သားတစ်ယောက်၊ သမီးသုံးယောက် ရှိပါတယ်။ သမီးနှစ်ယောက်က အမြွှာညီအစ်မပါ။ သမီးတွေက သူ့ရဲ့ အရောင်းအဝယ်ကိစ္စမှာ အလွန်အားကိုးရပါတယ်။ ကျွန်တော်နဲ့က သူတို့ငယ်စဉ် ကလေးဘဝ ကတည်းက မိသားစုလိုက် သိကြတာဆိုတော့ ကျွန်တော့်ကို အလွန်ရင်းနှီးခင်မင်ကြပါတယ်။ ကျွန် တော် ရွှေဘိုပြန်တိုင်း သူတို့အိမ် ဝင်လေ့ရှိပါတယ်။

ဦးကံမြင့်က မနက်တိုင်း လမ်းတစ်နာရီ လောက် လျှောက်တယ်။ ကျန်းမာရေးအလွန်ကောင်း တယ်။ အမြဲတမ်း သွက်လက်ပေါ့ပါး ဖျတ်လတ်နေ တယ်။ သူက ဂမ္ဘီရလိုင်းကိုတော့ စိတ်ဝင်စားပုံမရ ပါဘူး။ ကျွန်တော် သူ့အိမ်ဝင်တဲ့အခါ သူ့မိသားစုက သာ ကျွန်တော့်ကို ဗေဒင်ဝိုင်းပြီးမေးကြပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ ကိုကံမြင့် မှာ အစာအိမ်ရောဂါ ဖြစ်တယ်ပြောတယ်။ နောက် တော့ အသည်းကင်ဆာလို့ သိရပါတယ်။ သူရောဂါ ဖြစ်နေစဉ် ကျွန်တော် သူ့ဆီရောက်တော့ ရောဂါဖြစ် တယ်သာဆိုတယ် လူက ကျန်းကျန်းမာမာ သွက် သွက်လက်လက်။ သူလုပ်နေကြ အလုပ်တွေ ပုံမှန် လုပ်ကိုင်နေတာပါ။ အဲဒီလိုနဲ့ လေးလလောက်ကြာ တော့ သူ နေမကောင်းလို့ မန္တလေးသွားရတဲ့ အကြောင်း၊ နောက် မန္တလေးမှာ ဆယ်ရက်ခန့်ကုသ သော်လည်း ကွယ်လွန်သွားတဲ့အကြောင်း သိရပါ တယ်။ သူ့သမီးတွေက ကျွန်တော့်ကို သူတို့အဖေ ဘယ်ဘဝရောက်သွားပါသလဲ မေးတော့ ဝဿဝတီ နတ်ပြည်ရောက်သွားတဲ့အကြောင်း ပြောလိုက်ပါ တယ်။ အဲဒီနောက် ကျွန်တော် ရွှေဘို ကိုကံမြင့် သမီးတွေအိမ် ရောက်တဲ့အခါ ကိုကံမြင့် ဝဿဝတီ နတ်ပြည်က ရောက်လာပြီး ရွှေဘို ကထိန်ပွဲမှာ သပိတ်တွေ ပဒေသာပင်သီးပြီးလှူချင်တဲ့အကြောင်း ပြောပါတယ်။ သူ့မိသားစုက တစ်လုံးလျှင် ၅၀ဝ၀ ကျပ်တန် သပိတ် ၈၆ လုံး လှူပေးပါတယ်။ ရွှေဘို မြို့နယ် ခတောင်းကြီးကျေးရွာ ဦးကံမြင့်နဲ့ ညီအစ်ကို တော်တဲ့ ကျောမခင်း ဆရာတော်ကျောင်းမှာ သံဃာ တော်တွေ ဆွမ်းကပ်လှူတဲ့ အလှူလည်း လှူ ကြောင်း သိရပါတယ်။ သူတို့အိမ် ဦးကံမြင့် ရောက် လာတဲ့အခါ သူတို့ဆိုင်မှာ ဈေးတော်တော် ရောင်း ကောင်းကြောင်းလည်း သိရပါတယ်။ ကျွန်တော် သူတို့အိမ်ရောက်တဲ့အခါ ဦးကံမြင့် နတ်ကြီးြွကလာပြီး သူ့မိသားစုကို မှာချင်တာ ပြောချင်တာတွေ လာပြီး မှာကြားလေ့ရှိပါတယ်။ ကျွန်တော်က “ခင်ဗျား နတ်ပြည်မှာ ဇနီးနတ်သမီး ဘယ်နှယောက်ရှိသလဲ” မေးတော့ သူက “နတ်သမီးသုံးယောက်”ရှိကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလဆန်းက သူ့သမီးဝါဝါက တယ်လီဖုန်းနဲ့ သူ့အဖေ သူတို့ဆိုင်ရောက်နေတယ်ထင်ကြောင်း၊ အဲဒါ ဟုတ် မဟုတ် ကျွန်တော့်ဆီလှမ်းပြီး မေးပါတယ်။ ကျွန် တော့်ကို ဗေဒင်ကူဟောပေးတဲ့ မဟာအနန္တတန်ခိုး ရှင်ကြီး မေးကြည့်တော့ ဦးကံမြင့်နတ်ကြီး ရောက်  နေတာမှန်ကြောင်း၊ ဝါဝါက သူ့အဖေအတွက် ရွှေ ဘိုမြို့ နာရေးကူညီမှုအသင်းကို ငွေတစ်သိန်းလှူတဲ့ ကုသိုလ်နဲ့ ခွန်တောင်းကြီးရွာက သံဃာတော်တွေ ဆွမ်းကျွေးတဲ့ကုသိုလ်၊ သံဃာအပါး ၁၀ဝ ကို ဘုရား ပွဲမှာ ငွေ ၁၀ဝ၀ ဆီလှူတဲ့ကုသိုလ်တွေ အမျှဝေပေး ချင်တဲ့အကြောင်း၊ အမျှဝေတာကို သူ့အဖေ သာဓု ခေါ်ဖို့ ပြောပေးပါဆိုရာ ကျွန်တော်လှမ်းပြီး ပြောပေး ပါတယ်။ ဝါဝါက ကုသိုလ်တွေ အမျှဝေပြီးတဲ့အခါ သူ့အဖေ ဘဝပြောင်းသွားသလား၊ ပြောင်းသွားလျှင် ဘယ်ဘဝရောက်သွားလဲဆိုတာ မေးပါတယ်။ ဗေဒင် ကူညီဟောပေးတဲ့ တန်ခိုးရှင်ကြီးကို မေးကြည့်တော့ တန်ခိုးရှင်ကြီးလည်း လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ ပြည်မှာ ရှာမတွေ့လို့ဘဲလား မပြောတတ်ဘူး၊ မဖြေ နိုင်ဘဲ ဖြစ်နေပါတယ်။ ယခင်က အခုလို အမျှရပြီး ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေ၊ လူ့ဘဝရောက်သွား တယ်၊ သို့မဟုတ် နတ်ဖြစ်သွားလျှင်လည်း ဘယ်ဘုံ ရောက်သွားတယ်ဆိုတာ ချက်ချင်း ပြောနိုင်ပါတယ်။ ကျွန်တော် အတန်ငယ်အချိန်စောင့်ပြီး အဖြေမရတဲ့ အတွက် မဝါကို မနက်ဖြန်မှ ပြောမည်ဆိုပြီး ဖြတ် လိုက်ရပါတယ်။

နောက်တစ်နေ့မနက် ဦးကံမြင့် ဝဿဝတီ နတ်ကြီး ဘယ်ရောက်သွားလဲ မေးကြည့်တော့ မဟာ စကြဝဠာကြီးတစ်ခုကို အုပ်ချုပ်ရတဲ့ အနီရောင် နတ်မင်းကြီး ဖြစ်သွားတဲ့အကြောင်း သိရပါတယ်။ ကျွန်တော်လည်း တော်တော် အံ့အားသင့်သွားပါ တယ်။ ဤကမ္ဘာက လူသားတစ်ဦးက အခြားမဟာ စကြဝဠာကြီးတစ်ခုမှာ ယခုလို မဟာစကြဝဠာ စောင့် နတ်မင်းကြီး ဖြစ်သွားတယ်ဆိုတာ မယုံနိုင်အောင် ပါပဲ။ များသောအားဖြင့် ကျွန်တော်တို့နဲ့ အနီးစပ် ဆုံးဖြစ်တဲ့ နတ်တို့၊ ဗြဟ္မာတို့၊ လူတို့ တချို့ ငရဲကျ တာတွေသာ တွေ့ရတာများပါတယ်။

ကျွန်တော်က သူ့သမီးမဝါကို သမီးအဖေက မဟာစကြဝဠာကြီးတစ်ခုကို အုပ်ချုပ်ရတဲ့ တန်ခိုး အလွန်ကြီးတဲ့ နတ်ကြီးဖြစ်သွားကြောင်း၊ မဟာစကြ ဝဠာဆိုတာ စကြဝဠာပေါင်း သိန်းနဲ့ချီပြီးရှိတဲ့ ဒေသ ကြီးတစ်ခုဖြစ်ကြောင်း၊ သူ လူ့ဘဝတုန်းက ဘယ်လို ကျင့်စဉ်တွေ ကျင့်သလဲလို့ မေးကြည့်တော့ သူ့ အဖေ တရားခွေတွေ မကြာခဏ နာတဲ့အကြောင်း၊ နာပြီးလျှင် တရားအပေါ်မှာ စဉ်းစားဆင်ခြင်ပုံရ ကြောင်း၊ ညစဉ် တရားထိုင်ကြောင်း၊ တရားလည်း အကြာကြီးထိုင်တာတော့ မဟုတ်ကြောင်း၊ သားသမီး တွေကို ဆုံးမလေ့ရှိတာကတော့ စိတ်ကို စင်ကြယ် အောင်ထားဖို့၊ စိတ်စင်ကြယ်မှ စိတ်ချမ်းသာတယ်။ သူတစ်ပါးက မကောင်းပြောတာ၊ ကြံတာ၊ ဥပေက္ခာ ပြုဖို့ အမြဲဆုံးမလေ့ရှိကြောင်း ပြောပါတယ်။

လွန်ခဲ့တဲ့ ငါးရက်ခန့်က သူ့အဖေ ဆိုင်ထဲ ရောက်နေတယ် ထင်ကြောင်း၊ အဲဒါ ဟုတ်မဟုတ် ကျွန်တော့်ဆီ ဖုန်းနဲ့လှမ်းပြီးမေးပါတယ်။ ကျွန်တော့် ပုဂ္ဂိုလ်မေးကြည့်တော့ အနီရောင်မဟာစကြဝဠာ စောင့်နတ်မင်းကြီး ရောက်နေကြောင်း၊ သူ့မိသားစု ကို လာရောက် စောင့်ရှောက်နေကြောင်း ပြောပါ တယ်။

ဒါနဲ့ ကျွန်တော့်သူငယ်ချင်းကိုကံမြင့် ဘဝ အကြောင်း ဆောင်းပါးရေးချင်တဲ့အတွက် ည ၇ နာရီမှာ ရွှေဘိုကို လှမ်းပြီးပင့်လိုက်ပါတယ်။ အနီ ရောင်နတ်ကြီးဦးကံမြင့် ရောက်လာပါတယ်။ ကျွန် တော်က အဲဒီအချိန်က လမ်းထိပ်က ဓမ္မာရုံရှေ့က နေ ပင့်လိုက်တာပါ။ ခန္ဓာကိုယ်က အသားအရေက အစ မီးခဲရောင် ရဲနေပါတယ်။ မျက်နှာက လူ့ဘဝ တုန်းက အတိုင်းပါပဲ။ မျက်နှာခပ်သွယ်သွယ်၊ မျက်ခုံး မျက်လုံး ကောင်းကောင်းပါပဲ။ အရပ်ကလည်း လူ့ ဘဝတုန်းက အရပ်လောက်ပဲ ရှိပါတယ်။

ကျွနု်ပ် ။  ။ ကိုကံမြင့် …ခင်ဗျား မဟာ စကြဝဠာစောင့်နတ်မင်းကြီး ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါသလား၊ ယခု ကျွန်တော်တို့နေတဲ့ စကြ ဝဠာက ခင်ဗျားပိုင်တဲ့ မဟာစကြဝဠာထဲမှာ အကျုံး ဝင်သလား။

ဦးကံမြင့်။  ။ မဟာစကြဝဠာစောင့်နတ် မင်းကြီး ဖြစ်သွားတာ ဟုတ်ပါတယ်။ ခင်ဗျားတို့ စကြဝဠာ မပါပါဘူး။ အခြားမဟာစကြဝဠာကြီး တစ်ခုမှာ ဖြစ်တာပါ။

ကျွနု်ပ်။  ။ ခင်ဗျား ဘယ်လိုကြောင့် ဝဿဝတီနတ်သားကနေ မဟာစကြဝဠာစောင့် နတ်ကြီး ဖြစ်ရတာလဲ။

ဦးကံမြင့်။  ။ အဲဒါ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် မဟာစကြဝဠာစောင့် နတ် ကြီးဖြစ်ဖို့ တစ်ခါမှ မစဉ်းစားမိဘူး။

ကျွနု်ပ် ။  ။ ခင်ဗျား မဟာစကြဝဠာကြီး အတွင်းမှာ စကြဝဠာပေါင်း ဘယ်လောက်ရှိသလဲ။

ဦးကံမြင့် ။ ။ မဟာစကြဝဠာစောင့်နတ် ကြီးဖြစ်တာ ရက်ပိုင်းပဲရှိသေးတော့ ကျွန်တော်လည်း အကုန် မရောက်သေးပါဘူး။ ဘယ်လောက်ရှိမှန်း လည်း မသိသေးဘူး။

ကျွနု်ပ် ။  ။ ခင်ဗျားမှာ အခြွေအရံနတ်သား တွေ ရှိသလား။ နတ်သမီးတွေရော ရှိသလား။ ဘယ် လိုဘုံဗိမာန်နဲ့ နေရတာလဲ။

ဦးကံမြင့် ။  ။ အခြွေအရံနတ်သား ၃၀ဝ၀ ရှိပါတယ်။ ကျွန်တော်နေရတဲ့ ဘုံဗိမာန်က မန္တလေး မဟာမြတ်မုနိဘုရားကြီး သီတင်းသုံးတဲ့ ပြာသာဒ် တန်ဆောင်းပုံနဲ့ တူပါတယ်။ အဲဒီပြာသာဒ်တန်ဆာင်း ကြီးထက်ပိုပြီး ကြီးပါတယ်။ ပတ္တမြားကျောက်သား တွေနဲ့ ဆောက်လုပ်ထားတာပါ။ အဲဒီမှာ အလယ်က ပတ္တမြားကျောက်နဲ့ ပြုလုပ်ထားတဲ့ ပလ္လင်ကြီးမှာ နေရပါတယ်။ အခြွေအရံနတ်သားတွေလည်း သူတို့ ဘုံနဲ့သူတို့ နေကြပါတယ်။ သူတို့ပြာသာဒ်တွေက လည်း ပတ္တမြားကျောက်တွေနဲ့ တည်ဆောက်ထား တာပါ။ ကျွန်တော့်ဘုံပြသာဒ်လောက်တော့ မကြီး ပါဘူး။ နတ်သမီးတွေတော့ မရှိပါဘူး။

ကျွနု်ပ် ။  ။ ခင်ဗျား ရွှေဘိုလာတဲ့ ရည် ရွယ်ချက် ပြောပါဦး။

ဦးကံမြင့် ။  ။ သမီးတွေကို သင်္ကန်း ဆယ်စုံ ခွန်တောင်းကြီးရွာက ကျောမခင်းဆရာတော် အပါအဝင် သံဃာတော်ဆယ်ပါးကို ကပ်လှူပေးစေ ချင်ပါတယ်။

ကျွနု်ပ် ။  ။ ကောင်းပါပြီ။ ခင်ဗျားသမီး တွေကို ကျွန်တော် ပြောလိုက်ပါ့မယ်။ ခင်ဗျားတို့ အာဟာရက ဘာတွေစားရသလဲ။

ဦးကံမြင့် ။  ။ အစားအစာ စားစရာမလို ပါဘူး။ အာဟာရသိဒ္ဓိနဲ့ ပြည့်စုံပါတယ်။

ဦးကံမြင့်နတ်ကြီးလည်း ပြန်ကြွသွားပါပြီ။ ကျွန်တော် ၂၂-၁၀-၂၀၁၅ ရက် မနက် ဤဆောင်း ပါးရေးနေစဉ် ဦးကံမြင့် မဟာစကြဝဠာစောင့်နတ် ကြီး မနက် ၅ နာရီမှာ ရောက်လာပါတယ်။

ကျွနု်ပ် ။  ။ ဦးကံမြင့် ဘာများပြောစရာ ရှိလို့ ကြွလာတာလဲ။

ဦးကံမြင့် ။  ။ သူငယ်ချင်းကို ပြောချင်တာ နှစ်ချက်ရှိပါတယ်။ ကျွန်တော့်ရဲ့ မဟာစကြဝဠာ ကြီးအတွင်းမှာ စကြဝဠာပေါင်း ၉၀၇,ဝဝဝ ကျော် ရှိပါတယ်။ အဲဒီမှာ လူသားရှိတဲ့ကမ္ဘာက ၇,၂၀ဝ ရှိ ပါတယ်။ လူသားတွေက အသားမည်းတဲ့လူတွေ များ ပြီး အရပ် ခုနစ်ပေလောက် ပျမ်းမျှရှိပါတယ်။ တချို့ က သစ်သားနဲ့အိမ်ဆောက်နေကြတယ်။ တချို့က ရွှံ့နဲ့ အိမ်ဆောက်နေကြတယ်။ ဒီကမ္ဘာလို အုတ်နဲ့ စနစ်တကျ လှလှပပ ဆောက်နေကြတာ မရှိပါဘူး။ လျှပ်စစ်မီးလည်း မရှိပါဘူး။ ကမ္ဘာ ၇,၂၀ဝ လုံး လျှပ်စစ်မီးမရှိပါဘူး။ လူတွေရဲ့ဉာဏ်ရည်ဉာဏ်သွေး က အဆင့်အတန်းနိမ့်ပါတယ်။ ကမ္ဘာသုံးခုက လူတွေ ကတော့ ဉာဏ်ရည်ဉာဏ်သွေး တော်တော်လေးတော့ မြင့်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာကလူတွေလောက်တော့ မမြင့်ပါဘူး။

လယ်ယာစိုက်ပျိုးရေးအတွက် တိရစ္ဆာန်တွေ နဲ့ ထွန်ယက်စိုက်ပျိုးကြတယ်။ အဲဒီမှာ စပါးတို့၊ ဂျုံတို့လို သီးနှံမရှိပါဘူး။ အရသာချိုတဲ့ ဖရဲသီးလို ကျောက်ဖရုံသီးလို အသီးကြီးတွေ စားကြပါတယ်။ လူတွေရဲ့သက်တမ်းကတော့ ဒီကမ္ဘာကလူတွေထက် သက်တမ်းပိုရှည်တာလည်း ရှိတယ်။ တိုတာလည်း ရှိတယ်။ ကမ္ဘာတစ်ခုမှာ သက်တမ်းကတော့ အတူတူ ပါပဲ။ ကမ္ဘာမတူလျှင်သာ သက်တမ်းကွာတာပါ။

ကိုးကွယ်တဲ့ဘာသာတွေလည်း အမျိုးမျိုးရှိ ပါတယ်။ ဗုဒ္ဓဘာသာတော့ မရှိပါဘူး။ ကမ္ဘာပေါင်း ၇,၂၀ဝ မှာ စစ်ဖြစ်နေတဲ့ကမ္ဘာ မရှိပါဘူး။ အေးအေး ဆေးဆေးနေကြပါတယ်။ အားလုံး ဘုရင်စနစ်နဲ့ အုပ်ချုပ်ကြတာပါ။

နောက်တစ်ချက်ကတော့ ထူးဆန်းတဲ့ကမ္ဘာ နှစ်ခုအကြောင်း ပြောချင်ပါတယ်။ ကမ္ဘာတစ်ခုက လူတွေ သက်ရှိသတ္တဝါတွေ မရှိဘူး။ သစ်ပင် သစ် တောတွေလည်း မရှိဘူး။ ရေလည်းမရှိဘူး။ ကျောက် ခဲပြင်၊ သဲပြင်နဲ့ တောင်ကတုံးတွေပဲ ရှိတယ်။

နောက်ထူးဆန်းတဲ့ကမ္ဘာတစ်ခုက လူတွေ တိရစ္ဆာန်တွေ သစ်ပင် တောတောင်တွေလည်း ရှိ တယ်။ ထူးဆန်းတာက မြေကြီးထဲက ရေတွေ နေရာ အနှံ့ပန်းထွက်နေတာတွေ ရှိတယ်။ ဒီကမ္ဘာက အဝီစိ တွင်းတူးတဲ့အခါ ရေလျှံတွင်းတွေလို ရေတွေပန်း ထွက်နေတာပါ။

ကျွနု်ပ် ။  ။ အဲဒီမှာ စကြဝဠာတိုင်း ဂြိုဟ်တိုင်းမှာ စောင့်ရှောက်ရတဲ့ နတ်တွေရှိသလား။

ဦးကံမြင့် ။  ။ စကြဝဠာတိုင်း ဂြိုဟ်တိုင်း မှာ စောင့်တဲ့နတ်ကြီးတွေ ရှိပါတယ်။

ကျွနု်ပ် ။  ။ တောတွေ၊ တောင်တွေ၊ မြစ် တွေ၊ ချောင်းတွေမှာရော စောင့်တဲ့နတ်တွေ ရှိပါ သလား။

ဦးကံမြင့် ။  ။ အဲဒါတော့ ရှိတယ် မရှိဘူး မသိပါဘူး။

ကျွနု်ပ် ။  ။ ဦးကံမြင့် အောက်က စကြ ဝဠာစောင့်နတ်တွေကို ဘယ်လိုအုပ်ချုပ်ပါသလဲ။ ခင် ဗျားအထက်မှာရော နတ်အကြီးအကဲ ရှိပါသလား။

ဦးကံမြင့် ။  ။ ကျွန်တော့်လက်အောက်က စကြဝဠာစောင့်နတ်တွေကို စကြဝဠာ ၁၀ဝ၀ ကို နတ်အကြီးအကဲတစ်ပါး တာဝန်ပေးအုပ်ချုပ်စေပါ တယ်။ စကြဝဠာပေါင်း ၁၀ဝ၀ ကို အုပ်ချုပ်တဲ့ နတ်ကြီး ၁၀ ပါးကို နတ်ကြီးတစ်ပါးက အုပ်ချုပ်စေ ပါတယ်။ အဲဒီနတ်ကြီးက စကြဝဠာ ၁၀,ဝဝဝ ကို အုပ်ချုပ်ရတဲ့သဘောပေါ့။ မဟာစကြဝဠာကြီး အတွင်းမှာ စကြဝဠာ ၁၀,ဝဝဝ ကို အုပ်ချုပ်ရတဲ့ နတ်ကြီးအပါး ၉၀ ရှိပါတယ်။ အဲဒီနတ်ကြီးအပါး ၉၀ ကို ကျွန်တော်က အုပ်ချုပ်ပါတယ်။ ကျွန်တော့် လက်အောက်မှာ စကြဝဠာပေါင်း ၉၀ဝ,ဝဝဝ ကျော် ရှိပါတယ်။ ကျွန်တော့်အထက်က မဟာစကြဝဠာ ပေါင်း ၁၀ဝ၀ ကို အုပ်ချုပ်တဲ့ နတ်မင်းကြီးရှိပါတယ်။ အဲဒီ မဟာစကြဝဠာ ၁၀ဝ၀ ကို အုပ်ချုပ်တဲ့ နတ် မင်းကြီးအထက်က မဟာစကြဝဠာပေါင်း ၉၀ဝ၀ ကို အုပ်ချုပ်တဲ့ တန်ခိုးအကြီးဆုံးနတ်မင်းကြီး ရှိပါ သေးတယ်။

ကျွနု်ပ် ။  ။ မဟာစကြဝဠာ ၁၀ဝ၀ ကို အုပ်ချုပ်တဲ့နတ်ကြီးအပါး ၉၀ ထဲမှာ မန္တလေးက ဆရာတော်ကြီး ဦးနန္ဒိယက မဟာစကြဝဠာ ၁၀ဝ၀ ကို အုပ်ချုပ်ရတဲ့ နတ်ကြီးဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒါ ဦးကံမြင့် ကြားမိပါသလား။

ဦးကံမြင့် ။  ။ ကျွန်တော်တော့ မတွေ့ဘူးသေးဘူး။ ကျွန်တော့်အနီးက နတ်ကြီးတွေကို အခုပဲ မေးကြည့်ပါမယ်။

ဦးနန္ဒိယဆရာတော်ကြီးက မဟာစကြဝဠာ ၁၀ဝ၀ ကို အုပ်ချုပ်တဲ့နတ်ကြီး ဖြစ်နေတယ်။ ရှိ တယ် ပြောပါတယ်။

ကျွနု်ပ် ။  ။ လူ့ပြည်မှာ လူဖြစ်ရတာရယ်၊ ဝဿဝတီနတ်ပြည်မှာ တစ်နှစ် နတ်ဖြစ်ရတာရယ်၊ ယခု မဟာစကြဝဠာစောင့်နတ်မင်းကြီး ဖြစ်ရတာ ခင်ဗျား ဘယ်ဘဝကို သဘောအကျဆုံး အကြိုက်နှစ် သက်ဆုံးလဲ။

ဦးကံမြင့် ။  ။ မဟာစကြဝဠာစောင့် နတ်မင်းကြီးဖြစ်ရတာ ဩဇာအာဏာနဲ့ တန်ခိုးကြီး တာတော့ သဘောကျပါတယ်။ လူ့ဘဝကတော့ ခင်ဗျား သိတဲ့အတိုင်း ဆင်းရဲဒုက္ခတွေလည်း ကြုံရ တယ်။ ချမ်းသာသုခတွေလည်း ရှိတယ်။ ကျွန်တော်တို့ ကမ္ဘာက လူ့ဘဝမှာ သံသရာက လွတ်မြောက် နိုင်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ဟောပြော ပြသလမ်းညွှန်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ အခု မဟာစကြဝဠာ စောင့်နတ်မင်းကြီးတွေ နယ်ပါယ်မှာ အဲဒီလို ဟောညွှန်ပြနိုင်တဲ့ ပုဂ္ဂိုလ်မရှိပါဘူး။ အဲဒီတော့ ကျွန်တော်ကတော့ လူ့ဘဝကိုပဲ ပိုပြီးနှစ်သက်သဘောကျပါတယ်။ လူ့ဘဝကနေပြီး နိဗ္ဗာန်ရောက်ကြောင်း တရားတွေ ကျင့်ပြီး နိဗ္ဗာန်ပဲ ဝင်ချင်ပါတယ်။

ဦးကံမြင့် မဟာစကြဝဠာစောင့်နတ်မင်းကြီး လည်း မနက် ၆ နာရီခွဲလောက်မှာ ပြန်ကြွသွားပါပြီ။ ကျွန်တော် မူလက သံသရာလည်ရာမှာ လူ့ဘုံ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ငရဲဘုံ၊ တိရစ္ဆာန်ပြိတ္တာ၊ အသူရကာယ်ဘုံမျှသာ ထင်ခဲ့မိရာ ယခုမှပဲ သံသရာနယ် ပယ်က မဟာစကြဝဠာကြီးတွေအထိ ကျယ်ပြန့်ပါ လားဆိုတာ သိရပါတယ်။ မဟာစကြဝဠာစောင့် နတ်မင်းကြီး ဖြစ်သွားပြီဆိုလျှင် သူ့ရဲ့သက်တမ်းက နှစ်ပေါင်း သိန်းနဲ့သန်းနဲ့ ရှည်နိုင်ပါတယ်။ အဲဒီအတိုင်း သာဆိုလျှင် နိဗ္ဗာန်နဲ့ အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါ တယ်။ လူ့ဘဝက မိသားစုဝင်တွေက ကုသိုလ် ကောင်းမှုတွေပြုပြီး အမျှဝေလျှင်လည်း ဘဝပြောင်း နိုင်ပါတယ်။ သူငယ်ချင်းဦးကံမြင့် လူ့ဘဝပြန်လာပြီး နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားထုတ်ချင်တဲ့ သူ့ဆန္ဒပြည့်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သတ္တဝါများ ကျန်းမာချမ်းသာကြပါစေ …

ဆရာဝင်း(သာကီနွယ်)