ဂမ္ဘီရဆိုင်ရာ သိမှတ်ဖွယ်ရာများ

ဒီတစ်ပတ်မှာတော့ ကျွန်တော်တွေ့ကြုံသိရှိထားတဲ့ ဂမ္ဘီရဆိုင်ရာ သိမှတ်ဖွယ်ရာများကို တင်ပြချင်ပါတယ်။ ပရလောကမှ ပုဂ္ဂိုလ်များကို အမျှဝေတဲ့အခါ သူတို့အမျှရလျှင် ဘယ်လိုရကြသလဲ သူတို့အတွက် အစားအသောက် အဝတ်အထည်အသုံးအဆောင် ကပ်လှူတဲ့အခါ ဘယ်လိုရကြသလဲ။
ဘုံဘဝအမျိုးမျိုးသို့ ရောက်နေတဲ့အိမ်ရဲ့ ဆွေမျိုးသားချင်းများအတွက် ကုသိုလ်ကောင်းမှု ပြုတဲ့အခါ ထိုကုသိုလ်ကောင်းမှုအတွက် အမျှအတန်းဝေတာ အမျှရအောင် ဘယ်လိုအမျှဝေရမည်လဲ စသည်ဖြင့် အခြားသိမှတ်ဖွယ်ရာများကို လိုက်နာ သိရှိဆောင်ရွက်နိုင်အောင် တင်ပြလိုက်ပါတယ်။

အမျှဝေတာ ချက်ချင်းရသလား
နတ်ဖြစ်စေ၊ ဝိဇ္ဇာဖြစ်စေ၊ ပြိတ္တာဖြစ်စေ ကုသိုလ်ကောင်းမှုများကို အမျှဝေလျှင် ထိုပုဂ္ဂိုလ်က လည်း အမျှဝေတာ ခံယူနိုင်တဲ့ အခြေအနေမျိုးမှာ ဆိုလျှင် အမျှဝေတာ ချက်ချင်းရနိုင်ပါတယ်။ အမျှ ရဲ့ ကောင်းကျိုးကိုလည်း ချက်ချင်းခံစားရပြီး ဘဝ ပြောင်းတာ လက်ရှိဘဝမှာပဲ အဆင့်မြင့်သွားတာ ဖြစ်တတ်ပါတယ်။ အချို့သော ပုဂ္ဂိုလ်မျိုးဆိုလျှင်တော့ သူလှူစေချင်တဲ့ ဝတ္ထုပစ္စည်းကို လှူမှ၊ ၄င်းပစ္စည်း လှူတဲ့ ကုသိုလ်ကောင်းမှု အမျှရမှ ဘဝမှ ကျွတ်တာလွတ်မြောက်တာလည်း ရှိပါတယ်။ အမျှဝေတဲ့ နေရာမှာ တစ်ဦးတစ်ယောက်တည်း ဝေတာထက် လူအများအပြားနဲ့ အမျှဝေတာက ပိုပြီးအကျိုးသက်ရောက်မှုရှိတာလည်း တွေ့ရပါတယ်။ လူအများရဲ့ ကုသိုလ်ကောင်းမှုအားလုံးကို အမှုရတဲ့သဘောကြောင့် ဖြစ်ပါတယ်။

သင်္ကန်း၊ ထီး၊ ဖိနပ်၊ အဝတ်အထည် စသည်ဖြင့် နတ်တွေကို ကပ်လှူလျှင် ဘယ်လိုရသလဲ
လူတွေက ဘုရား၊ ရဟန္တာ၊ ဝိဇ္ဇာနတ် စသည်တို့အား သင်္ကန်း၊ ထီး၊ ဖိနပ်၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို ကပ်လှူလျှင် မိမိ ရည်ရွယ်ကပ်လှူသော ပုဂ္ဂိုလ်မှာ ချက်ချင်းလက်ခံ ရရှိပါတယ်။ ချက်ချင်း ဝတ်ဆင်တာတွေ့ရပါတယ်။ ကပ်လှူတဲ့ပစ္စည်းကို ပြန်ပြီး စွန့်ပါဘုရားဆိုပြီး ပြန်ယူသွားလျှင် ရပါတယ်။ သူတို့ကပ်လှူပြီး ဖြစ်တဲ့ အတွက် ပြန်ယူသွားလျှင် အဲဒီပစ္စည်းက သူတို့ထံ မှာ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။

စားဖွယ်သောက်ဖွယ်ရာများ ကပ်လှူခြင်း
စားဖွယ်သောက်ဖွယ်ရာတွေကို ဘုရား၊ ရဟန္တာ၊ ဝိဇ္ဇာ၊ နတ်၊ ပြိတ္တာတို့ကို ရည်စူး ကပ်လှူ လျှင်လည်း ထိုပုဂ္ဂိုလ်များအားလုံး စားသုံးလို့ရပါ တယ်။ အကယ်၍ ဘုရားကပ်လှူပြီး ゞင်းကပ်လှူ တဲ့ ကုသိုလ်ကောင်းမှုကို ရဟန္တာ၊ ဝိဇ္ဇာ၊ နတ်ပြိတ္တာ များကို အမျှဝေလျှင်လည်း ထိုပုဂ္ဂိုလ်များ စားသုံး လို့ရပါတယ်။

ရောဂါတစ်ခုဖြစ်လျှင် ဆေးကုသလို့ မထူးခြားလျှင်
လူပုဂ္ဂိုလ်တစ်ဦးမှာ ရောဂါတစ်ခုဖြစ်၍ ဆေး အမျိုးမျိုးဖြင့် ကုသသော်လည်း ပျောက်ကင်းမှုမရှိ လျှင် ပရလောကမှ နတ်၊ စုန်း၊ အောက်လမ်းဆရာများရဲ့ ပယောဂကြောင့် ရောဂါမသက်သာတာ တွေ့ရပါတယ်။ ပယောဂကုသနိုင်တဲ့ အထက်လမ်း ဆရာများနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။

သစ်ပင်ကြီးများကို ဖယ်ရှားလိုပါလျှင်
အိမ်ဆောက်လို၍ဖြစ်စေ၊ လမ်းဖောက်လို၍ ဖြစ်စေ၊ စိုက်ပျိုးမြေအတွက် ဖယ်ရှားလို၍ဖြစ်စေ သစ်ပင်ကြီးများကို ဖယ်ရှားလိုလျှင် သစ်ပင်ကြီးများတွင် ရှိတတ်သော ရုက္ခစိုးကြီးများကိုကတော့ ပွဲတင် လှူပြီး ခွင့်တောင်းပြီးမှ ဖယ်ရှား ပါ။ သို့မဟုတ်လျှင် ရုက္ခစိုးနတ်ကြီးများရဲ့ ဒုက္ခပေးခြင်းကို ခံရတတ်ပါတယ်။ သစ်ပင်ကြီးများဟာ ရုက္ခစိုးနတ်ကြီးများက အိမ် အဖြစ် သတ်မှတ်နေထိုင်တဲ့ သဘောဖြစ်ပါတယ်။ သစ်ပင်ကြီးလျှင် ရုက္ခစိုး၊ နတ်နှစ်ဦးသုံးဦး နေထိုင်တဲ့အတွက် ကန်တော့ပွဲ နှစ်ပွဲသုံးပွဲတင်မြှောက်ခွင့် တောင်း ဖို့လိုပါတယ်။

မိမိမရောက်ဖူးသော ဒေသခရီးသွားလျှင်
မိမိမရောက်ဖူးသော ဒေသသို့ ခရီးသွားလျှင် ဒေသဆိုင်ရာ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ကွင်းပိုင်နတ်၊ မြို့ စောင့်နတ်၊ ရွာစောင့်နတ် အခြား နာမည်ကြီးနတ်ကြီးများ ရှိပါက ၄င်းတို့ကို မေတ္တာပို့သပြီးမှ ဝင်ပါ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကိုလည်း အမျှဝေပါ။ မေတ္တာပို့ အမျှဝေသူကို ဒုက္ခ ပေးလေ့မရှိပါ။ လိုအပ်လျှင် စောင့်ရှောက်မှုပါ ခံရ တတ်ပါတယ်။

ကွယ်လွန်သူကို ရည်စူး၍ ပြုတဲ့ ကုသိုလ် ကောင်းမှုကို အမျှဝေခြင်း
ကွယ်လွန်သူကို ရည်စူး၍ ခုနစ်ရက် ရက်လည် ကုသိုလ်ကောင်းမှုပြု အမျှဝေရာမှာ အသေအချာ ဖိတ်ကြားပြီး အမျှဝေပါ။ များသောအားဖြင့် ကွယ် လွန်သူက မိမိနေထိုင်ရာအိမ် သို့မဟုတ် အိမ်အနီး တစ်ဝိုက်မှာ ရှိတတ်ပါတယ်။
တစ်ခါတစ်ရံ ခရီးလွန်နေတဲ့အတွက်ကြောင့် အမျှဝေတာ မသိလိုက်ရတာ၊ အမျှမရတဲ့အတွက် ကျွတ်သင့်သူတွေ မကျွတ်ဘဲ ရှိတတ်ပါတယ်။ လက် ရှိဘဝမှ အဆင့်အတန်းမြင့်ရမည့် ဘဝရောက်ရမည့် ကိစ္စများ မရောက်တာရှိတတ်ပါတယ်။ ထိုကုသိုလ် ကောင်းမှု ပြုသည့်နေ့တွင် အမျှဝေတာ တစ်ကြိမ် မကဘဲ သုံးကြိမ်လောက် မနက်၊ နေ့လယ်၊ ညနေ ပိုင်းခွဲပြီး အမျှဝေသင့် ပါတယ်။

ကွယ်လွန်သူအတွက် ရည်စူးပြီးလလည်၊ နှစ်ပတ်လည် ဘယ်နှနှစ်မြောက် ကုသိုလ်ပြု အမျှဝေခြင်း
ကွယ်လွန်သူအတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှုများကို လလည်၊ နှစ်လည်၊ ဘယ်နှနှစ် မြောက် စသည်ဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ ထိုကုသိုလ်ကောင်းမှုများကို အမျှဝေတာ ရနိုင်ရန် အတွက် စတုမဟာရာဇ်နတ်ဘုံမှာ နတ်ဖြစ်နေသူ များအတွက် စတုမဟာရာဇ်နတ်မင်းကြီး လေးပါးကို အကူအညီတောင်း ဖိတ်ကြားစေပြီး အမျှဝေလျှင် ရည်ရွယ်သူပုဂ္ဂိုလ်နတ်ဖြစ်နေလျှင် အမျှရနိုင်ပါတယ်။
သာမန်အားဖြင့် ကုသိုလ်ပြုအမျှဝေလျှင် သက်ဆိုင်သူ ပုဂ္ဂိုလ်သိဖို့ ခက်ခဲနိုင်ပါတယ်။ ရက်လ နှစ်တွေကြာလို့ သူလည်း သူသွားချင်သည့် နေရာကို သွားပြီးနေ၍ အမျှဝေတာ မသိလိုက်တဲ့အတွက် အမျှမရဘဲ အကျိုးမရဘဲ ရှိတတ်ပါတယ်။ စတုမဟာ ရာဇ်နတ်မင်းကြီးများသာ သူဘယ်ရောက်နေသည် ကိုသိရှိပြီး ခေါ်ယူအသိပေးနိုင်ပါတယ်။ အလားတူ ပြိတ္တာဘုံ ရောက်နေတဲ့သူများလည်း စတုမဟာရာဇ် နတ်မင်းကြီးများကို ဖိတ်ကြားပေးဖို့ အကူအညီ တောင်းပြီး အမျှဝေနိုင်ပါတယ်။
တာဝတိံသာ၊ ယာမာ၊ တုဿိတာ၊ နိမ္မာ၊ ဝဿဝတ္တီနတ်ပြည်များကို ရောက်နေသူများအတွက် ဆိုင်ရာ နတ်ဘုံများကို အုပ်ချုပ်တဲ့ သကြားမင်း၊ သုယာမနတ်မင်း စသည့် အုပ်ချုပ်သည့် နတ်မင်းကြီး များကို ပင့်ဖိတ်ပြီး ဘယ်နေ့ဘယ်ရက်က ကွယ်လွန် သူ ဦး/ ဒေါ် အသက်ဘယ်လောက်၊ ဘာနေ့သား သမီး အရှင် နတ်မင်းကြီးများ ဘုံဌာနမှာ ရောက်ရှိ နေပါက ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ သူ့ အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ် မည်ဖြစ်ပါ၍ သာဓုအနုမော်ဓနာ ခေါ်ဆိုနိုင်ရန် စေ လွှတ်ပေးဖို့ မေတ္တာရပ်ခံလျှောက်ထားလျှင် နတ်မင်း ကြီးများက စေလွှတ်ပေးတဲ့အတွက် ကုသိုလ် ကောင်းမှုများ အမျှဝေတာရရှိနိုင်ပါတယ်။ သာမန် အားဖြင့် ပင့်ဖိတ်လျှင် ဝေးလွန်းတဲ့အတွက် သိရှိရန် အခက်အခဲရှိပါတယ်။
အကယ်၍ ငရဲဘုံသို့ ကျရောက်နေသူအ တွက်ကိုလည်း ငရဲကြီး ရှစ်ထပ်ကိုအုပ်ချုပ်တဲ့ ယမ မင်းကြီးကိုပင့်ဖိတ်ပြီး ငရဲဘုံမှာ ကျရောက်နေတဲ့ ဦး/ ဒေါ် ဘယ်နေ့ ဘယ်ရက်က ကွယ်လွန်သူ ဘယ်မြို့ ဘယ်ရွာမှာ ကွယ်လွန်သူ့အတွက် ယခုလှူ တဲ့ ကုသိုလ်ကောင်းမှုကို အမျှဝေပေးပါ မေတ္တာရပ်ခံ လျှင် ယမမင်းကြီးက တစ်ဆင့် သက်ဆိုင်သူကို အမျှပေးဝေလျှင် ဆိုင်ရာပုဂ္ဂိုလ် အမျှရပြီး ငရဲဘုံမှ လွတ်မြောက်နိုင်ပါတယ်။ ငရဲသားကိုမူ လူ့ပြည်ကို လာလို့မရပါ။ ယမမင်းကြီးက တစ်ဆင့်သာ အမျှ ဝေနိုင်ပါတယ်။

ရွာအပြင်သေဆုံးခဲ့တဲ့ သူရဲ့အလောင်းကို ရွာထဲ မသွင်းကောင်း
အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာအပြင် ဘက် သေဆုံးခဲ့တဲ့သူရဲ့ အလောင်းကို ရွာထဲ မသွင်း ကောင်းပါ။ မြန်မာတို့ ရှေးအစဉ်အလာကတည်းက လိုက်နာဆောင်ရွက်ခဲ့ကြတဲ့ ထုံးထမ်းစဉ်လာတစ်ခု ဖြစ်ပါတယ်။ ရွာထဲသွင်းလာလျှင် ဘာဖြစ်နိုင်ပါသလဲ။ ရွာထဲသွင်းလျှင် ရွာထဲကို မကောင်းဆိုးဝါးတွေ ဝင် လာတတ်ပါတယ်။ ရွာထဲက လူတွေ အဖျားအနာ ထူပြောတတ်ပါတယ်။

ရွာသုသာန်ကို ဘယ်အရပ်မှာ ထားရမှာလဲ
ရွာရဲ့သုသာန်ကိုရွာရဲ့ အရှေ့အရပ်မှာ မထားရ ရွာရဲ့ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ် များမှာ ထား၍ရပါတယ်။ ရွာသုသာန်ကို ရွာရဲ့ အရှေ့အရပ်မှာ ထားလျှင် ရွာပျက်တတ်ပါတယ်။

ရွာထဲတောကောင်ဝင်လျှင်
တချို့ကျေးရွာတွေဟာ တောနဲ့နီးတဲ့ရွာတွေ ရှိပါတယ်။ တချို့ရွာတွေလည်း တောနဲ့ တော တိရစ္ဆာန်တွေ ကျက်စားတဲ့ နေရာဒေသတွေနဲ့ နီးတဲ့ ရွာတွေရှိပါတယ်။

ရွာထဲကို တောထဲမှာ နေလေ့ရှိတဲ့ ချေ၊ သမင်၊ ယုန်စတဲ့သတ္တဝါတွေ လမ်းမှားပြီး ဝင်လာ တတ်ပါတယ်။ ထိုသို့သော သတ္တဝါတွေဝင်တာ ခံရတဲ့ ရွာအတွက် ထိုနှစ်တွင် မီးဘေးသင့်တတ်ပါ တယ်။ အကယ်၍ ထိုတောကောင်ဝင်တာသိပြီး ဖမ်း ဆီး သတ်ဖြတ်နိုင်ပါလျှင် ထိုမီးဘေး အန္တရာယ်မှ ကင်းဝေးနိုင်ပါတယ်။ အကယ်၍ ဝင်လာတဲ့တော ကောင်ကို မရလိုက်လျှင် ရွာအတွင်း သံဃာတော်များနှင့် ပရိသတ် ကမ္မဝါများရွတ်ဖတ်လျှင် မီးဘေးက ကင်းဝေးနိုင်ပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ
ဆရာဝင်း(သာကီနွယ်)