စကြာ

စကြာ

ကံကောင်းစေတဲ့ ဖုန်းရွှေစကြာ

တချို့အိမ်များတွင် စကြာရောင်စုံလေးများ ကို အိမ်ရှေ့တွင် ထိုးထားတာ မြင်ဖူးကြပါလိမ့်မည်။ထိုစကြာလေးများကို အဆောင်အနေနဲ့ အသုံးပြုမည် ဆိုပါက မည်သို့ အကျိုးရှိစေနိုင်ပါသနည်း။

စကြာသည် ကျက်သရေမင်္ဂလာရှိသော ပစ္စည်းတစ်မျိုးဖြစ်သည်။ စကြာလေးသည် လေတိုက် နေချိန် လေ ထဲတွင် လည်နေသမျှ ဘဝကို အေး ချမ်းမှုရရှိစေရန် ပြုလုပ်ပေးနိုင်မည်။ ကံကောင်း စေတဲ့ဓာတ်တွေကိုလည်း သယ်ဆောင်လာပေးနိုင် မည်။

ကျန်းမာစေမည်။ ငွေကြေးနှင့် ပစ္စည်းဥစ္စာ များ ဝင်လာစေရန် ဖိတ်ခေါ်ပေးနိုင်သည်။

မိမိထံသို့ ရောက်ရှိလာမည့် မကောင်းသော ကံ၊ မကောင်းသော အငွေ့အသက်များကိုလည်း ဖယ်ရှားပေးနိုင်မည်။

ချမ်းမြေ့ခြင်းများ ရောက်ရှိလာစေရန် စွမ်း ဆောင်ပေးနိုင်မည်။ သတ္တိရှိစေခြင်း၊ ပျော်ရွှင်စေခြင်း၊ စိတ်ဓာတ်ကို တက်ကြွစေနိုင်ခြင်း၊ ချစ်ခြင်းမေတ္တာ တရားများကို သယ်ဆောင်လာပေးခြင်း စသော ဓာတ်များကိုလည်း ဖြစ်ပေါ်လာစေရန် စွမ်းဆောင် ပေးနိုင်မည်။

မိမိမျှော်လင့်နေသော ဆန္ဒများကို ပြည့်ဝစေ နိုင်မည်။ မိမိအလုပ်များကို အောင်မြင်စေနိုင်မည်။

ယမုံအေး(စမ်းချောင်း)

(ယမုံအေး(စမ်းချောင်း)ရေးသည့် ကံကောင်း စေသော ဖုန်းရွှေအဆောင်များ စာအုပ်မှ ဖော်ပြခြင်း ဖြစ်သည်)