စီးပွားတက်အောင် သတိဆောင်

အိမ်တစ်အိမ်ရဲ့ အမြင့်မြတ်ဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံး နေရာဌာနဟာ ဘုရားကျောင်းဆောင်တော်ပဲဖြစ်ပါတယ်။

အိမ်တစ်အိမ်ရဲ့ အမြင့်မြတ်ဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံး နေရာဌာနဟာ ဘုရားကျောင်းဆောင်တော်ပဲဖြစ်ပါတယ်။

အဲဒီဘုရားကျောင်းဆောင်တော်ကို သတိမမူဘဲ ဖြစ်သလို ထားမယ်ဆိုရင်တော့ အဲဒီအိမ်၊ အဲဒီ မိသားစုမှာ ဘာမဆို အဆင်မပြေ အထစ်အငေါ့တွေ တဖြည်းဖြည်း များလာမှာဖြစ်ပါတယ်။

ဘုရားကျောင်းဆောင်တော်မှာ သန့်ရှင်းသပ္ပါယ်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးတွေနဲ့ ဝေဆာမွှေး ကြိုင် လင်းထိန်နေသလောက် ထိုအိမ်ထိုမိသားစုမှာ ကျက်သရေမင်္ဂလာ တရိပ်ရိပ် တိုးတက်လာလိမ့်မယ် ဖြစ်ကြောင်းပါ။

အလုပ်တွေများလို့၊ အချိန်မရလို့၊ သတိမထားမိလို့ ဘုရားကျောင်းဆောင်တော်ကို ဂရုမစိုက်နိုင်ဖြစ်နေတဲ့ မိသားစုများအတွက် သတိပေးစာလေး ရေးသားလိုက်ရခြင်းဖြစ်ကြောင်းပါ။  ။

ဝင်းမူယာအောင်(အင်းစိန်)