တစ်နေ့မှာ ကျွန်မရဲ့နေအိမ်ကို ညိုညိုဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရေးကြီးသုတ်ပြာနဲ့ ရောက် လာခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ ဘေးကနေပြီး ကျွန်မတောင် မောနေမိသလိုပါပဲ။
“ဘယ်လိုဖြစ်လာတာလဲညိုညိုရဲ့ …”
ကျွန်မက ဆီးပြီးမေးလိုက်ပါတယ်။ သူက ရေအိုးစင်ကိုသွားပြီး ရေတစ်ခွက်ကို အငမ်းမရ သောက်ပြီးလိုက်တဲ့နောက်မှာမှ –
“ငွေကိစ္စ အရမ်းအရေးကြီးနေလို့သူငယ်ချင်း ရေ …၊ အရေးကြီးတာက နှစ်မျိုး …၊
ပထမတစ်မျိုးက ငါ့ရဲ့အဒေါ်တစ်ယောက်ဆီ ကနေ ပိုက်ဆံချေးဖို့ ပြောထားတယ် …၊
နောက်တစ်မျိုးက ငါတို့လမ်းထဲက အဘွားကြီးတစ်ယောက်ဆီကို ငါက အကြွေးဆပ်ရမယ် ..၊ အဒေါ့်ဆီကပိုက်ဆံချေးတာအဆင်ပြေမှ အဘွားကြီးကို အကြွေးဆပ်နိုင်မှာ …၊ နှစ်ခုလုံး အဆင်ပြေမှ ဖြစ်မှာ …၊ မပြေရင်တော့ ငါတော့ ဒုက္ခလှလှတွေ့ ပြီ …” လို့ ပြောပါတော့တယ်။
ကျွန်မအနေနဲ့ အဘမင်းသိင်္ခရဲ့ဗေဒင်သင် တန်းဆင်းတစ်ဦးဖြစ်သလို ဒီဘက်ပိုင်းမှာလည်း ဆရာဇင်ယော်နီဆီမှာ ဆက်လက်ပြီးတော့ ပညာ ဆည်းပူးနေသူဆိုတာ ညိုညိုတို့ သိနေတဲ့အတွက် အကြောင်းကိစ္စရှိရင် အခုလို ရောက်လာကြစမြဲပါပဲ။ အဲဒါနဲ့ ကျွန်မက –
“ဒီလိုလုပ်အေ …၊ ကြွေပန်းကန်ပြား တစ်ချပ်ရဲ့အလယ်မှာ ဖယောင်းတိုင်တစ်တိုင် စိုက်ပြီး တော့ မီးထွန်းရမယ် …၊
အဲဒီမီးတောက်ကို စူးစူးစိုက်စိုက်ကြည့်ရင်းနဲ့ ဂမ္ဘီရသံစဉ်တစ်ခုကို ဆွဲဆွဲငင်ငင် ရွတ်ရမယ် …၊ ဘာကိုရွတ်ရမှာလဲဆိုတော့ –
အီး …အေ …အီး …အေ …အို
လို့ ဆွဲဆွဲငင်ငင် ရွတ်ရမှာနော် …၊ ၂၇ ခေါက် ရွတ်ရမှာ …၊
၂၇ ခေါက်ပြည့်ပြီဆိုမှ ကိုယ့်ရဲ့ အခုလတ် တလောအရေးကြီးနေတဲ့ ငွေကိစ္စ ဘယ်လိုဘယ်လို အဆင်ပြေပါစေလို့ ပါးစပ်ကနေ လိုရင်းတိုရှင်း ဆု တောင်းပြီး အဲဒီဖယောင်းတိုင်မီးကို လက်ဝါးနှစ်ဖက် နဲ့ ဖြန်းခနဲရိုက်ပြီး ငြိမ်းသတ်လိုက်ရမယ် …၊ ဖ ယောင်းတိုင် လဲသွားရင်လည်း ရတယ် …၊
အဲဒါကို ငွေကိစ္စသွားခါနီးမှာ ဆောင်ရွက်သွားပေတော့အေ …၊ အဆင်ပြေပါစေ …” လို့ ပြောပြလိုက်ရပါတော့တယ်။
ဝင်းမူယာအောင်(အင်းစိန်)
(မှတ်ချက်။ ။ ဆရာမဝင်းမူယာအောင်နှင့် ဆက်သွယ်လိုပါသော် ဖုန်း ဝ၉ ၇၉၉၉၃၅၁၈၈)