မျက်နှာပန်းလှလိုသူ မိတ်ပန်းလှူ

တစ်နေ့တွင် အင်းစိန်၊ ရွာမအနောက် မြို့ ပတ်လမ်းရှိ ကျွန်မထံသို့ ဒေါ်ညွန့်မေဆိုသူ အမျိုး သမီးတစ်ဦး ရောက်ရှိလာလေသည်။

ဒေါ်ညွန့်မေသည် ကျွန်မအနေနှင့် အဘမင်း သိင်္ခ၏ ဗေဒင်သင်တန်းဆင်းတစ်ဦး ဖြစ်သည်ကို သိထားလေရာကား အကြောင်းကိစ္စရှိတိုင်း ထိုသို့ ရောက်လာတတ်စမြဲ ဖြစ်ပါသည်။

“မျက်နှာပန်းလှချင်တယ်ဆရာမရယ် …၊ ကျွန်မက ရပ်ကွက်ထဲမှာ ငွေရေးကြေးရေးနဲ့ပတ် သက်တဲ့အလုပ်တွေလည်း လုပ်တယ် …၊ အလှ ကုန်ပစ္စည်းလေးတွေလည်း ဖြန့်တယ် …၊ ရပ်ကွက် သာရေးနာရေးဆိုလည်း ရှေ့ဆုံးက ပါရတယ် …၊ တစ်ခါတလေကျတော့လည်း လူတွေက စေတနာကို အကောင်းမထင်တတ်ကြဘူး ဆရာမရဲ့ …၊

ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူးဆရာမ ရယ် …၊ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်လေး တွေ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်နိုင်ဖို့အတွက် မျက် နှာပန်းလှချင်တာပေါ့ …၊

ရှည်ရှည်ဝေးဝေး မပြောတော့ဘူးဆိုမှပဲ နည်းနည်းတော့ ပြောရဦးမယ် …၊ မျက်နှာပန်းလှ ဖို့က ကျွန်မ အတွက်ရော၊ အိမ်ကယောကျာ်း ရော၊ သမီးတစ်ယောက်အတွက်ပါ အရေးကြီးတယ်ဆရာမ ရေ …”

ရပ်ကွက်အစည်းအဝေး တစ်ခုရှိသောကြောင့် အချိန်လုနေရဟန်တူသော ဒေါ်ညွန့်မေက ထိုသို့လျှင် ပြောလာခဲ့ခြင်း ဖြစ်ပါ သည်။

ထို့ကြောင့် ကျွန်မလည်း အောက်ပါအတိုင်း ပြောပြလိုက်ရပါတော့သည်။

  • တနင်္ဂနွေသားသမီးများ မေမြို့ပန်း (၁၉)ပွင့် လှူပါ။
  • တနင်္လာသားသမီးများ ရွက်လှ (၁၇)ညွန့် လှူပါ။
  • အင်္ဂါသားသမီးများ သပြေ (၂၁)ညွန့်လှူပါ။
  • ဗုဒ္ဓဟူးသားသမီးများ ကံ့ကော် (၁၅)ညွန့် လှူပါ။
  • ကြာသပတေးသားသမီးများ အုန်း (၆)ညွန့် လှူပါ။
  • သောကြာသားသမီးများ စံပယ် (၈)ကုံး လှူ ပါ။
  • စနေသားသမီးများ ရွက်လှ (၁၂)ညွန့် လှူ ပါ။

အရေးကြီးသောကိစ္စ ဆောင်ရွက်ခါနီးတွင် မိမိတို့၏ အိမ်ဘုရား၌ လှူဒါန်းသွားနိုင်သကဲ့သို့ မိမိ ၏မွေးနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင်လည်း လှူ ဒါန်းနိုင်ကြပါသည်။

ဝင်းမူယာအောင်(အင်းစိန်)