ဘေးရန်ကင်းကွာ အလင်းတိုင်ယတြာ

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ကျွန်တော်သည် အမေဝမ်းကွဲ၏ ၇၂ လက်မ၊ မီးမောင်းသုံး လုံးဖြင့် ထိုးပြသော ဗီဒီယိုရုံတွင် ပြစက်မှူး (အော်ပရေတာ)လုပ်ခဲ့သည်။ ဗီဒီယိုရုံက နေ့လယ်တွင် တစ်ပွဲ၊ ညတွင်တစ်ပွဲပြသည်။ ညစဉ်ညတိုင်း ဗီဒီယို ဇာတ်ကားလာကြည့်လေ့ရှိသော ဦးဖိုးလောသည် ကျွန်တော်နှင့် အလွန်ခင်မင်သည်။ ဦးဖိုးလောက ဗေဒင်ဆရာတစ်ဦးဖြစ်သည်။ ကျွန်တော်နှင့် ဦးဖိုးလောသည် ဗေဒင်ပညာနှင့် ပတ်သက်၍ အမြဲဆွေးနွေးလေ့ရှိကြသည်။ ဦးဖိုးလောသည် ယောနယ်သား ဖြစ်သည်။ အဘိုးဖြစ်သူထံမှ ဗေဒင်ပညာနှင့် ဆေးပညာကို ရရှိခဲ့သူဖြစ်သည်။ ကျွန်တော်သည် ဆရာဦးဖိုးလောထံမှ ဗေဒင်ပညာရပ်အချို့ကို သင်ယူခွင့်ရခဲ့သည်။ ကျွန်တော် ရန်ကုန်နယ်မြေထဲတွင် နေထိုင်မိသောအခါ ဆရာဦး ဖိုးလော၏ ပညာများဖြင့် ခုနစ်ရက်သားသမီးများ ကို ကူညီခွင့်ရခဲ့သည်။ ထိုသို့ ကူညီခွင့်ရတိုင်းလည်း ဆရာဦးဖိုးလောကို သတိရနေမိသည်။ သုံး ဆယ်မြို့မှ အသက် ၈၆ နှစ်ရှိပြီဖြစ်သော အမေအို ထံသို့ ပြန်ဖြစ်သည့်အခါ အမေနှင့်သာ စကားပြောနေရ၍ သုံးဆယ်မြို့မှ မိတ် ဆွေများနှင့် တွေ့ဆုံချိန်မပေးနိုင်ခဲ့ပါ။ သို့ကြောင့် ဆရာဦးဖိုးလော သေဆုံးသွားသည်ကို နောက်မှ သိရပါသည်။ ကျွန်တော့်ဘဝတွင် ဆရာသမားတစ်ဦးပမာ လေးစားခဲ့ရသူဖြစ်၍ အလွန်စိတ် မကောင်း ဖြစ်ခဲ့ရသည်။ ယခုယောနယ်သား ဆရာဦးဖိုးလောထံမှ ရရှိခဲ့သော ဗေဒင်ပညာရပ်တစ်ခုကို တင်ပြပေးချင် ပါသည်။ အမှန်တော့သည် ပညာရပ်သည် ထိန်ဝှက် ထားရမည်ဟု ဆရာဦးဖိုးလောက မှာကြားဖူးသည်။ ဆရာသမားတစ်ဦး၏ စကားကို ပယ်ရှားလို၍ မဟုတ်ပါ။ ပညာရှင်တစ်ဦးသေဆုံးသွားလျှင် ထိုပညာရှင် တတ်မြောက်ထားသော ပညာများပါ ဆုံးရှုံးပျောက်ကွယ်သွားရသည့် အဖြစ်မျိုးကို ကျွန်တော်လုံးဝ မလိုလားပါ။ ထိုပညာရပ်ကို သိသွားသူများကိုယ်တိုင် အသုံးချတတ်အောင် အသိပေးချင်ပါသည်။ သို့မှသာ ပညာရပ်ကို လက်ဆင့်ကမ်းသည်သို့ ဖြစ် ပါလိမ့်မည်။ ဆရာသမား ဦးဖိုးလောအနေဖြင့် ရောက်လေရာ ဘုံဘဝမှ ခွင့်လွှတ်နားလည်ပေးပါဟု တောင်းပန်လိုပါသည်။ ဌာနတိုင်း၊ လုပ်ငန်းခွင်တိုင်းတွင်အလုပ်ကြိုး စားလုပ်ကိုင်သူကို ခိုကပ်ရေသာခိုစိတ်ရှိသူများက မနာလိုမုန်းထားရှိကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ အလုပ်ကြိုးစားလုပ်ကိုင်သူကို အချောင်သမားများက မကောင်းကြံတတ်ကြသည်။ ဒုက္ခရောက်အောင် အမျိုးမျိုးလုပ်တတ်ကြသည်။ သည်သို့ဆိုလျှင် ဆရာဦးဖိုးလော သင်ပြပေးခဲ့သော ယတြာကို အသုံးချရပါတော့မည်။ သည်ယတြာကို ဆောင်ရွက်ရန် အလင်းတိုင် (ဖယောင်းတိုင်) လိုအပ်ပါသည်။ သာမန် ဖယောင်းတိုင်ကို အသုံးချ၍ မရပါ။ ဖယောင်းတိုင်က အရွယ်တော် ဖြစ်ရပါမည်။ အလုံးအရွယ်၊ မီးစာချင်းခြားနားမှု မရှိ အောင် သေချာရွေးချယ်ထားရပါမည်။ မီးစာဘေးနား ကပ်နေသည့် ဖယောင်းတိုင်ကို လုံးဝအသုံး မပြုရပါ။ ဥပမာအလုပ်ထဲတွင် မိမိအပေါ် မကောင်းကြံသူများရှိသည်ဆိုပါစို့။ ဝန်ထမ်းငါးဦးတို့က မိမိအလုပ်ကြိုးစားသည်ကို မနာလိုဖြစ်ပြီး မိမိ၏ အမှားကို ထောက်ပြကာ လူကြီးက အရေးယူအောင် ဆောင်ရွက်နေကြသည်ဆိုလျှင် ဖယောင်းတိုင် ငါး တိုင် (အလုံးအရွယ်တူ၊ မီးစာချင်းတူ)ကို တစ်တိုင်နှင့် တစ်တိုင် အပူအဟပ်နိုင်အောင် ဘေးချင်းယှဉ်၍ စိုက်ထားပါ။ တိုင်ခြေတွင် မိမိကို မကောင်းကြံသူ ခြောက်ဦး၏ အမည်ကို စာရွက်လေးတစ်ရွက်စီဖြင့် ရေး၍ ချထားပါ။ ပထမဦးစွာ မိမိခန္ဓာကိုယ် သန့်ရှင်းအောင် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပါ။ အဝတ်အစား အသစ်ကိုဝတ်ဆင်ပါ။ ဘုရားရှင်အား ဆွမ်း၊ ရေချမ်း၊ နံ့သာတိုင်၊ ဖယောင်းတိုင်တို့ကို ပူဇော်ပါ။ ဖယောင်း တိုင်ငါးတိုင်ကို ဘုရားစင်ရှေ့ ညီညာသော သစ်သား ချောင်းပေါ်တွင် စိုက်ထားပါ။ ဆယ်ပါးသီလကို ခံယူဆောက်တည်ပါ။ ထို့နောက် မိမိအပါအဝင် အိမ်သား ငါးယောက်က ဖယောင်းတိုင်ငါးတိုင်ကို တစ်ချိန်တည်း မီးညှိရန်စီစဉ်ထားပါ။ ရဟန္တာများကို အလင်းတိုင်တစ်တိုင်၊ ဝိဇ္ဇာ ဓိုရ်ပုဂ္ဂိုလ်ထူးများကို အလင်းတိုင်တစ်တိုင်ကို ကာယ ကံရှင်က ဦးစွာထွန်းညှိပူဇော်ပါ။ မြို့တော်ရှင်၊ နယ် တော်ရှင်များအတွက် အလင်းတိုင်တစ်တိုင်ကို အိမ်သားတစ်ဦးက ထွန်းညှိပူဇော်ပါ။ ထို့နောက် ဖယောင်း တိုင်ငါးတိုင်ကို တစ်ချိန်တည်း မီးညှိပါ။ မကောင်း ကြံနေသူများကို အစဉ်အတိုင်း ပြပေးပါဟု ပြောပါ။ မီးမငြိမ်းမီ ဘုရားစင်၏ ရှေ့တွင် ဂုဏ်တော်ပုတီးကို စိပ်ပြီး စောင့်နေပါ။ မိမိကို မကောင်းကြံနေသူ အဆိုးဆုံးလူ၏ နာမည်ရေးထားသော ဖယောင်းတိုင်က အခြား ဖယောင်းတိုင်များထက်တိုပြီး ငြိမ်းသွားမည်။ မကောင်းကြံနေသူများကို အစဉ်အတိုင်းပြသွားပါလိမ့်မည်။ မေတ္တာပို့ပေးပါ။ လုံးဝဒေါသမဖြစ်ပါနှင့်။ သူတို့၏ စေတနာသည် သူတို့ကို လက်ငင်းအကျိုး ပေးပါလိမ့်မည်။ လူမမာ အသည်းအသန်ဖြစ်နေ၍ အခြေအ နေကိုသိချင်လျှင်တော့ ဖယောင်းတိုင်ရွယ်တူ မီးစားချင်းတူ သုံးတိုင်ကို ၁၊ ၂၊ ၃ ဟုမှတ်၍ အထက်ပါ နည်းအတိုင်း အိမ်သားသုံးယောက်စာ တစ်ချိန်တည်း ထွန်းပါ။ ဗေဒင်ဟောကိန်းကတော့ –

“ပထမမီးလျှင် ဆောလျင်စွာငြိမ်း
သေမည့်ကိန်းတဲ့။
အလယ်တိုင်မှာ မီးငြိမ်းပါမူ
ရောဂါတာရှည်၊ ဖြစ်လိမ့်မည်မှတ်
တတိယမြောက် မီးတောက်ဖွံ့ထွား
ငြိမ်း၍သွားစေ၊ မသေနိုင်သေး
ဟောပြောပေးလော့”တဲ့။

ဘေးကင်းရန်ကွာ အလင်းတိုင်ယတြာဖြင့် မိမိအပေါ်မကောင်းကြံသူများကို သိရှိပြီး သတိထားနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါသည်။

ဝင်းဇော်(သုံးဆယ်)