ဗေဒင်သွားမေးစရာမလို ငွေမကုန်ပဲ တစ်သက်လုံးအတွက် ယတြာချေနည်းများ

တသက်သာ ယတြာချေနည်း ဗေဒင်လက္ခဏာ မေးပြီး ယကြာချေရန် ငွေကြေးအခက်အခဲရှိသူများအတွက် အလွယ်ကူဆုံး တသက်သာ ယတြာချေနည်းဖြစ်ပါတယ်။

မွေးသက္ကရာဇ် ကိုတည်ပါ၊

ရောက်ဆဲ သက္ကရာဇ်ဖြင့််ပေါင်းပါ။

ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး

မြှောက်ရကိန်းကို (၇) နှင့်စားပါလေ

အကြွင်းကို အောက်ပါ လင်္ကာအတိုင် ယတြာချေရန်ဖြစ်ပါသည်။

မီး ၊ ရွှေ ၊ စိုး ၊ ငါး ၊ သံဃာအား ကျွေးငြား ဆွမ်းကိုသာ ၊ ယာယီမမေ့ ၊ အမြန်ရွှေ. ဟူ၍ ဖြစ်သည်။

  • (၁) ကြွင်းပါက ဆီမီသက်စေ့ ပူဇော်ရပါမည်။
  • (၂) ကြွင်းပါက ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်။
  • (၃) ကြွင်းပါက ရုက္ခစိုးနတ်အား ပူဇော်ပသရပါမည်။
  • (၄) ကြွင်းပါက ငါး သက်စေ့လွှတ်ရပါမည်။
  • (၅) ကြွင်းပါက ရဟန်း သံဃာတော်များအားအိမ်တွင်ပင့်ဖိတ်၍ ဆွမ်းကြွေးရပါမည်။
  • (၆) ကြွင်းပါက ယာယီခရီးထွက်ပေးရပါမည်။
  • (၇) သို.မဟုတ် (ဝ) ကြွင်းပါက နေထိုင်ရာအရပ်ရွေ.ပြောင်းခြင်း (သို.) အိပ်ရာနေရာပြောင်းအိပ်ရပါမည်

အထက်ပါနည်းအတိုင်း နှစ်စဉ်ဆောင်ရွက်ပါက အခက်အခဲများကျော်လွှာကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆိုးကျိုးများပျောက် ကောင်းကျိုးရောက်စေမည် ဟုဆိုပါသည်။

လက္ခဏာ ဂုရုကြီး

Credit: tawthu.com