ဘုံကျောင်းအဆောင်

တရုတ်ပြည်သမိုင်းတွင် တရုတ်ဘုံကျောင်းဆောင်များ ဆောက်လုပ်ရာတွင် မင်မင်းဆက်ခေတ်မှ အပြီးတိုင် ဆောက်လုပ်နိုင်ခဲ့သည်။ တရုတ်ဘုံ ကျောင်းဆောင်များသည် တရုတ်ပြည်တောင်ပိုင်း ကွမ်းရှီးဒေသ၏ ဗိသုကာအနုပညာလက်ရာ တစ်ခု ဖြစ်သည်။

တရုတ်ဘုံကျောင်းဆောင်များအတွင်းတွင် ဗုဒ္ဓဘုရားရှင်နှင့် အခြားကိုးကွယ်မှုဆိုင်ရာ ရုပ်တုများထားရှိသည်။

တရုတ်ဘုံကျောင်းဆောင်များသည် ကံ ကောင်းခြင်း၊ မကောင်းဆိုးဝါးများ ကြောက်လန့်ပြေးခြင်း၊ အသိပညာ၊ အတတ်ပညာ၊ မေတ္တာကရုဏာနှင့် အောင်မြင်မှုတို့ကို ရည်ညွှန်းပါသည်။

နောက်ပိုင်းတွင် ထိုတရုတ်ဘုံကျောင်းဆောင်များကို တရုတ်ပြည်တွင် ဖုန်းရွှေအဆောင်အသေး စားများပြုလုပ်၍ အဆောင်အဖြစ်ဆောင်ကြသည့် ယုံကြည်မှုလည်း ရှိလာပါသည်။

တရုတ်ပြည်တွင် ဖုန်းရွှေတရုတ်ဘုံကျောင်း ဆောင်အဆောင်ကို ပညာရေးမျှော်စင်ဟုလည်း ခေါ် ဆိုကြသည်။

ထိုဖုန်းရွှေတရုတ်ဘုံကျောင်းဆောင်အဆောင် လေးများသည် ၅ ထပ်၊ ၇ ထပ်၊ ၉ ထပ် စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါသည်။ ရွှေ၊ ငွေ၊ ကြေး၊ ကျောက်စိမ်း စသည်တို့ဖြင့်ပြုလုပ်ကာ ဆောင်ကြသည်။

တချို့က ဘုံကျောင်းဆောင်ရုပ်တုကို မိမိတို့ အိမ်ရှိစားပွဲပေါ်တွင် တင်ထား၍လည်းကောင်း၊ တချို့ က လည်ဆွဲရတနာအဖြစ်ပြုလုပ်၍ လည်းကောင်း၊ သော့တွဲကီးချိန်းများတွင် တပ်ဆင်၍ လည်းကောင်း ဆောင်တတ်ကြသည်။

ဖုန်းရွှေတရုတ်ဘုံကျောင်းဆောင်အဆောင်ကို ဆောင်ထားပါက အသိပညာ၊ အတတ်ပညာ တို့ကို ပိုမိုတိုးပွားလာစေရန် ဆွဲခေါ်ယူလာပေးနိုင်သည်။

ပညာရေးကံကောင်းစေနိုင်သည်။ အေးချမ်း တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်းစသည့် ဖုန်းရွှေဓာတ် အကောင်းများကို သယ်ဆောင်လာပေးနိုင်သည်။

ကံကောင်းခြင်းနှင့် အလုပ်အကိုင်အောင်မြင် ခြင်းဓာတ်များကိုလည်း ယူဆောင်လာပေးနိုင်သည်။

ဖုန်းရွှေတရုတ်ဘုံကျောင်းဆောင် အဆောင်ကိုဆောင်မည်ဆိုပါက ၇ ထပ်ပါသော ဘုံကျောင်း ဆောင်ကို ဆောင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

၅ ထပ်၊ ၇ ထပ်၊ ၉ ထပ်ဘုံကျောင်းဆောင် အဆောင်တို့၏ ကောင်းကျိုးများကိုလည်း သိထားသင့်ပါသည်။

၅ ထပ်ဘုံကျောင်းဆောင်သည် တရုတ်လူ မျိုးတို့ သတ်မှတ်ထားသော ဓာတ်ကြီးငါးပါးကို ကိုယ် စားပြု၍ ပြုလုပ်ထားခြင်းဖြစ်သည်။ အဆောင်အ ဖြစ်ဆောင်ထားပါက ကံကောင်းမှုများ ပိုတိုးလာစေ နိုင်ပါသည်။

၇ ထပ်ဘုံကျောင်းဆောင်သည် ခုနှစ်စင် ကြယ်ကို ကိုယ်စားပြု၍ ပြုလုပ်ထားခြင်းဖြစ်သည်။အဆောင် အဖြစ်ဆောင်ထားပါက အလုပ်အောင်မြင် စေ၊ ကျန်းမာစေ၊ ကံကောင်းစေနိုင်ပါသည်။

၉ ထပ်ဘုံကျောင်းဆောင်ဆောင်ထားပါက ပြည့်စုံခြင်း၊ မြင့်မြတ်ခြင်း၊ ခွန်အားများစွာရရှိစေခြင်း၊ ကျန်းမာခြင်း၊ အလုပ်ကံကောင်းစေခြင်း၊ ပညာရေး တွင်ကံကောင်းစေခြင်းတို့ ရရှိစေနိုင်ပါသည်။

ဖုန်းရွှေတရုတ်ဘုံကျောင်းဆောင်အဆောင်ကို အိမ်၏အဝင်ပေါက်တံခါးနားတွင် ထားသင့်ပါသည်။

မိမိ၏အလုပ်စားပွဲ၊ စာဖတ်ခန်းတို့၏ စားပွဲတို့ ပေါ်တွင် ထားနိုင်ပါသည်။

စာဖတ်ခန်းတွင်ထားပါက ကောင်းမွန်သော အသိဉာဏ်ပညာများ ယူဆောင်လာပေးနိုင်သည်။စာမေးပွဲအောင်စေနိုင်သည်။ အရှေ့မြောက်အရပ်တွင် ထားနိုင်ပါသည်။

ဘုံကျောင်းဆောင်အဆောင် ရှိရာသို့ မကောင်းဆိုးဝါးများ ရောက်မလာနိုင်ပါ။

ယမုံအေး(စမ်းချောင်း)