ရွှေပန်းအိုး၊ ငွေပန်းအိုး စီးပွားတိုး

တရုတ်လူမျိုးတွေရဲ့ အိမ်တွေ၊ ရုံးခန်းတွေမှာ လှပတဲ့ပန်းအိုးကြီးတွေ အလှထားတာ တွေ့ဖူးကြပါလိမ့်မယ်။ ဒီခေတ်မှာတော့ တရုတ်လူမျိုးမဟုတ်ရင်လည်းဘဲ ဟိုတယ်ကြီးတွေ၊ ရုံးခန်းကြီးတွေမှာ ပန်းအိုးလှလှကြီးတွေကို ဟိုနားဒီနားဆိုသလို မြင်တွေ့ဖူးကြမှာပါ။

တကယ်တော့ အလှထားတာ မဟုတ်ပါဘူး။ ဖုန်းရွှေနည်းနဲ့ အဆောင်အဖြစ် ထားတာဖြစ်ပါတယ်။ ပန်းအိုးကြီးတွေကို အဆောင်အဖြစ်ထားမယ်ဆိုရင် ကံကောင်းခြင်း၊ ချမ်းသာကြွယ်ဝစေခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ ဓာတ်ကောင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။

ပန်းအိုးတွေကို အဆောင်အဖြစ် ထားမယ်ဆိုရင်တော့ အိမ်နဲ့ကုမ္ပဏီရုံးခန်းတွေမှာပဲ ထားဖို့သင့်လျော်ပါတယ်။

ပန်းအိုးကြီးတွေကို အဆောင်အဖြစ် အိမ်မှာထားမယ်ဆိုရင်တော့ ကံကောင်းခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ မိသားစုအတွင်း ပြသာနာများမဖြစ်ဘဲ အေးချမ်းစေခြင်းဆိုတဲ့ ဖုန်းရွှေဓာတ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။

ပန်းအိုးကြီးတွေကို အဆောင်အဖြစ် ရုံးခန်း၊ ကုမ္ပဏီတို့မှာထားရင်တော့ ကံကောင်းခြင်း၊ အလုပ်အဆင်ပြေခြင်း၊ ချမ်းသာကြွယ်ဝစေခြင်း၊ ဝန်ထမ်း များအချင်းချင်း ပြဿနာမဖြစ်ဘဲ အေးချမ်းစေခြင်းဆိုတဲ့ ဖုန်းရွှေဓာတ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။

ယမုံအေး(စမ်းချောင်း)