အကြွေးသံသရာတွင် နစ်မြုပ်နေလျှင်…

ငွေကြေး၊ အကြွေးပတ်လည်ဝိုင်းနေတာမျိုး ရှိလျှင် အဆင်ပြေဖို့၊ စီးပွားရေးလုပ်ငန်းများ ပြန်ပေါ်လာ၊ ပြန်လည်ဦးမော့လာဖို့အတွက်

မိတ်တွေတို့တွင် မြုပ်နေသော ငွေကြေး၊ အကြွေးပတ်လည်ဝိုင်းနေတာမျိုး ရှိလျှင် အဆင်ပြေဖို့၊ စီးပွားရေးလုပ်ငန်းများ ပြန်ပေါ်လာ၊ ပြန်လည်ဦးမော့လာဖို့အတွက် ရှေးဆရာအစဉ်အဆက် ကုန်းဘောင်ခေတ်ကတည်းက လက်ဆင့်ကမ်း အသုံးပြုလာခဲ့တဲ့ ဓာတ်ယတြာနည်းတစ်ခုဖြစ်ပါတယ်။

မုန့်လုံးရေပေါ် ဆယ်ယတြာ ပြုလုပ်နည်း

(မုန့်လုံးရေပေါ်က အိုးထဲ ထည့်ခါစမှာ မြုပ်နေတယ်။ ကျက်မှ ပြန်ပေါ်လာတဲ့အတွက် မြုပ်နေတဲ့ အရာတွေ ပြန်ပေါ်လာစေတတ်တဲ့ ဓာတ်သဘောပဲ ဖြစ်ပါတယ်)

သင်၏ရောက်ဆဲ အသက်ကို ၄ ဖြင့် မြောက်ပါ။ ရသောအရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ။ ထိုအထဲမှာ မုန့်လုံးရေပေါ် ဆယ်လုံးကို အိမ်၏ဘုရားတွင် ကပ်လှူပါ။

သင်၏အသက်ကို (၇) ဖြင့်စားပါ။

  • ၁ ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
  • ၂ ကြွင်းလျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။
  • ၃ ကြွင်းလျှင် အင်္ဂါနေ့တွင် ပြုလုပ်ပါ။
  • ၄ ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ
  • ၅ ကြွင်းလျှင် ကြာသပတေးနေ့တွင် ပြုလုပ်ပါ
  • ၆ ကြွင်းလျှင် သောကြာနေ့တွင် ပြုလုပ်ပါ
  • ၀ ကြွင်းလျှင် စနေနေ့တွင် ပြုလုပ်ပါ။

မုန့်လုံးရေပေါ် (၁၀)လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသော မုန့်လုံးရေပေါ်များကို အိမ်နီးချင်းများအား ပေးဝေလိုက်ပါ။

Credit