အညံ့အဆိုးတွေ ကင်းပါစေ

ဒေါင်ဒေါင်မြည်အောင် ကျန်းမာရေး ကောင်းနေသူတစ်ယောက်အတွက် အနာရောဂါ၊ ဝေဒနာတို့ ဝင်လာပြီဆိုလျှင် အညံ့အဆိုးများ ကြုံရပြီဟု ဆိုရမှာပင်။ အညံ့အဆိုးဆိုသည်ကလည်း အမိဝမ်းမှကျွတ်ပြီး ထွက်လာကတည်းက ပါလာတတ်သကဲ့သို့၊ အသက်အရွယ်အိုမင်း မစွမ်းသည်ထိလည်း စွဲမြဲစွာ ခံစားနေရတတ်ပါသည်။ အသက်ငယ်သည့်အတွက် သန်မာ ဖျတ်လတ်သည်ဟုဆိုကာ ဝေဒနာခံစားရခြင်း မရှိဟု မဆိုနိုင်။ ငယ်ရွယ်စဉ်၌ မတော်တဆ ထိခိုက်ခံစားရခြင်းမျိုးကလည်း အညံ့အဆိုးပင် မဟုတ်ပါလား။
ခုနစ်ရက်သား သမီးများအဖို့ အညံ့အဆိုးမှ ကင်းဝေးလိုကြသည်။ သည့်အတွက် ဗေဒင် ပညာရပ်ကို အမှီပြုလျက် လောကီအစီအရင်များကို ရှာဖွေကြကုန်၏။ ထိုအခါ ပညာရှင်တို့က ကုသိုလ်ရေးနှင့် ယှဉ်လျက် မွေးနံတူဘုရားရှင်အား ပူဇော်ခြင်းအမှုဖြင့် အညံ့အဆိုးတို့မှ ကင်းဝေးစေခဲ့ပါပြီကော။

(၁) တနင်္ဂနွေသားသမီးများအဖို့
သိခီမြတ်စွာဘုရားရှင်ကိုရည်စူးပြီး ဖယောင်း တိုင် ၁ တိုင်၊ ကြာပန်း ၁၅ တိုင် မိမိ မွေးရက် ၉း၄၅ နာရီတွင် ကပ်လှူပူဇော်ပါ။ ရှင်အရဟံပုတီးစိပ်ကို ပုတီးတစ်ပတ်ပြည့်အောင်စိပ်ပေးပါ။ အဆိုးအညံ့များ ကင်းဝေးသွားပါလိမ့်မည်။ ဓာတ်မိစေရန် ခြောက်ပတ်ဆက်တိုက် လုပ်ဆောင်ရပါမည်။

(၂) တနင်္လာသားသမီးများအဖို့
မွေးနံတူ ဝေဿဘူ မြတ်စွာဘုရားရှင်ကို ရည်စူးပြီး ဆီမီး ၉ တိုင်၊ ဆန် ၈ လုံးတို့ကို မိမိ မွေးရက် (၉း၄၅)နာရီတွင် လှူဒါန်းပေးရပါမည်။ ရှစ် ကြိမ်ပြည့်အောင် လုပ်ဆောင်ပေးရပါမည်။

(၃) အင်္ဂါသားသမီးများအဖို့
ကကုသန်မြတ်စွာဘုရားရှင်အား ဆီမီး ၁၇ တိုင်၊ ၁၇ ခွက်ကို မိမိမွေးရက် ၉း၄၅ နာရီတွင် ပူဇော်ကပ်လှူ ပေးပါ။ ငါးပတ်တိတိ ဆက်တိုက် လုပ်ဆောင်ပေးဖို့လိုပါသည်။

(၄) ဗုဒ္ဓဟူးသားသမီးများအဖို့
ကောဏာဂမန မြတ်စွာဘုရားရှင်ကို ရည်စူးပြီး ဆီမီးအလင်းတိုင် ၁၀ တိုင်၊ နွားနို့ ၁၀ ခွက်ကို မိမိမွေးရက် ၉း၄၅ နာရီ၌ လှူဒါန်းပူဇော်ပေးပါ။ ၇ ပတ်ဆက်တိုက်လုပ်ဆောင်ပေးရပါမည်။

(၅)ကြာသပတေးသားသမီးများအဖို့
ကဿပဘုရားရှင်ကို ရည်စူးပြီး ဆီမီးတိုင် ၁၂ တိုင်၊ ရှောက်ယို ၁၂ ပန်းကန်ကို မိမိမွေးရက် ၉း၄၅ နာရီမှာ လှူဒါန်းပူဇော်ပေးပါမည်။ သုံးပတ်တိ တိဆက်တိုက်လုပ်ဆောင်ပေးပါက အညံ့ အဆိုးများ ကင်းပျောက်သွားပါလိမ့်မည်။

(၆) သောကြာသားသမီးများအဖို့
ဂေါတမဘုရားရှင်ကို ရည်စူးပြီး ဖယောင်းတိုင် ၆ တိုင်၊ အုန်းသီး ခြောက်စိပ်တို့ကို မိမိမွေးရက် ၉း၄၅ နာရီ၌ လေးလေးနက် နက်လှူဒါန်းပြီးဆုတောင်းပေးရပါမည် တစ်ကြိမ်ပြုလုပ်ပေးရုံနှင့်လုံလောက်ပါသည်။

(၇) စနေသားသမီးများအဖို့
ဝိပဿီမြတ်စွာဘုရားရှင်ကို ရည်စူးပြီး ဆီမီး ၁၉ တိုင် ပဲထမင်း ၁၉ ပန်းကန်ကို မိမိမွေးရက် ၉း၄၅ နာရီတွင် လှူဒါန်းပူဇော်ပြီး လေးလေးနက် နက်ဆုတောင်းပါ။ လေးပတ်တိတိ ဆက်တိုက်လုပ် ဆောင်ပေးသွားပါက အထူးကောင်းမွန်ပါ၏။

(နံတူဘုရားရုပ်ပွားတော်များရှိရာသို့ သွား ရောက်ရန် အခက်အခဲရှိပါက မိမိ၏ အိမ်ဂေဟာ သို့ ဘုရားရှင် ရုပ်ပွားတော်အား ကြည်ညိုသဒ္ဓါစိတ် ပြည့်ဝစွာဖြင့် လှူဒါန်းပူဇော်လျက် လုပ်ဆောင်ဖွယ် ရှိသည်တို့အား အမှားအယွင်းမရှိလုပ်ဆောင်ပါက အညံ့အဆိုးများ ကင်းဝေးသွားပါလိမ့်မည်)

မဟိဒ္ဓိကျော်ခေါင်