အလုပ်ရစေသောအစီအရင်များ

အလုပ်ရစေသောအစီအရင်များ

(က) အလုပ်ရစေ သက်စေ့စေဂါထာ

ဥုံ တာပုန္န ဂဗ္ဘိမာတာတေ ကတွာ ဟေတွာ
ဗလံ ဝိဇ္ဇာရိတံ ပုတ္တံ သုခေနစ။

မည်သူမဆို အလုပ်မရှိသေး၍ အလုပ် တစ်ခု ကို အမြန်ဆုံးရှာနေသောသူများ ယခုအစီအရင် အတိုင်း ဆောင်ရွက်ကြပါ။ ထိုအစီအရင်သည် အလုပ် အမြန်ရစေသော အစီအရင်ပင်ဖြစ်ပါသည်။ ဒီဂါထာကလေးကို လက်ရေးဖြင့် ကူးယူပြီးလျှင် ဖယောင်းတိုင် တစ်တိုင်လျှင် ဂါထာစာရွက် တစ် ရွက်ကပ်ပါလေ။ ပြီးလျှင် နံနက်ကိုးနာရီတိုင်း ထို ဖယောင်းတိုင်ကို မီးထွန်း၍ ဘုရားပူဇော်ပြီး ဆု တောင်းပါလေ။ ဖယောင်းတိုင် မကုန်မီ အလုပ်သစ် ကို ရပေလိမ့်မည်။ အသက်(၄၀)ရှိသော လူ အလုပ် ရှာလိုလျှင် ဖယောင်းတိုင် အတိုင် ၄၀ လုပ်ရမည်။ အသက် ၂၀ ရှိသောလူ အလုပ်ရှာလိုလျှင် အတိုင် ၂၀ လုပ်ရပါမည်။

(ခ) ကလေးတစ်ယောက်ကို လွယ်အိတ်တစ်လုံး လက်ဆောင်ပေးရင်း “အလုပ်ရအောင်” ဆုတောင်းပါ။

(ဂ) အလုပ်ရစေ ယတြာ

ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် သဲအနည်း ငယ် ထည့်ပါ။ သဲပေါ်တွင် အာလူးတစ်လုံး တင် ထားပြီး အာလူးပေါ်တွင် အောင်လံလေးလက် စိုက် ထူပြီး နေအိမ်ဘုရားတွင် မီးပူဇော်၊ အလုပ်အတွက် လိုရာဆုတောင်းပါ။ “၁၀ ယောက်တွင် ရှစ်ယောက် အောင်မြင်ခဲ့သော အလုပ်ရစေယတြာ” ဖြစ်ပါသည်။

(ဃ) ပဉ္စပွတ်ဆောင်၍ အလုပ်ရစေ

တနင်္ဂနွေသားသမီးများ ကြာသပတေး ထောင့်၌လည်းကောင်း၊ တနင်္လာသားသမီးများ သောကြာထောင့်၌ လည်းကောင်း၊ အင်္ဂါသားသမီး များ စနေထောင့်၌လည်းကောင်း၊ ဗုဒ္ဓဟူး သားသမီး များ တနင်္ဂနွေထောင့်၌လည်းကောင်း၊ ကြာသပ တေး သားသမီးများ တနင်္လာထောင့်၌လည်းကောင်း၊ သောကြာသားသမီးများ အင်္ဂါထောင့်၌လည်းကောင်း၊ စနေသားသမီးများ ဗုဒ္ဓဟူးထောင့်၌လည်းကောင်း တန်ခိုးကြီးဘုရား တစ်ဆူဆူထံ သွားရောက်ကာ ဆီမီး၊ ဖယောင်းတိုင်နှင့် ပန်း ခုနစ်မျိုးကိုပူဇော်လျက် အလုပ်အကိုင်ရရန် ဆုတောင်းပါ။ ထူးခြားမှုရှိလာကာ အလုပ်အကိုင်များ ရရှိအဆင်ပြေပါလိမ့်မည်။

စဝ်ခွန်ဖသိုင်