ချစ်သူနဲ့ အဆင်ပြေပါပြီ

တစ်နေ့တွင် ကျွန်တော့်ထံသို့ မိန်းကလေးတစ်ဦးသည် မှိုင်တွေသောမျက်နှာကလေးနှင့်အတူ ရောက်လာပါသည်။ သူ၏အမည်မှာ မသန္တာလင်းဟု သိရလေသည်။ ကျွန်တော်က –
“ကဲ …သမီးလေး …၊ ဘာအခက်အခဲ တွေ ကြုံနေလို့လဲ …” ဟု စကားလမ်းခင်းပေး လိုက်လျှင် ငိုချင်လျက်လက်တို့ဆိုသည့်နှယ် ဖြစ်နေ သော မိန်းကလေးက –
“ကျွန်မချစ်သူနဲ့ အဆင်ပြေချင်လို့ပါဆရာ၊ သူက ခဏဆိုပြီး ခရီးထွက်သွားတာ အခု ဘယ်ရောက်နေမှန်းလည်းမသိဘူး …၊ ဖုန်းဆက်လို့ လည်း မရဘူး …၊ သမီး အရမ်းစိတ်ပူလို့ပါ …”ဟု ပြောပြပါသည်။
ကျွန်တော်လည်း ထိုမိန်းကလေး၏ ဗေဒင်ကိန်းခန်းများကို တွက်ချက်ပြီးနောက် သက်ရောက် ကိန်းအရ ဆောင်ရွက်သင့်သော ယတြာများကို ပေး လိုက်သည့်အပြင် ချစ်သူနှင့်ပြန်လည်အဆင်ပြေစေ ရန်အတွက် သီးခြားယတြာတစ်ခုကိုပါ ပြောပြလိုက် ပါသည်။
ထိုမိန်းကလေးလည်း အတန်ငယ် စိတ်လက် ပေါ့ပါးသွားဟန်ဖြင့် ကျွန်တော့်ထံမှ ပြန်သွားလေတော့သည်။
အထက်ပါအဖြစ်အပျက်ဖြစ်ပွားပြီး တစ်ပတ် ကျော်ကျော်ခန့်အချိန်မှာပင် အဆိုပါမသန္တာလင်းတို့ စုံတွဲသည် ပြုံးရွှင်သောမျက်နှာများနှင့်အတူ ကျွန် တော့်ထံသို့ ရောက်လာကြသောကြောင့် ကျွန်တော်ပင်လျှင် ယင်းတို့နှင့်အတူ ကြည်နူးချမ်းမြေ့သွားခဲ့ ရပါသည်။
ထိုစဉ်က ကျွန်တော်ပေးခဲ့သောနည်းကလေးသည်ကား –
“ပန်ကာတွေ ပေါပါတယ် …၊ ပန်ကာ ဒလက်တစ်ရွက်မှာ ကောင်လေးရဲ့ဓာတ်ပုံကိုကပ်ပါ၊ ပြီးတော့ ပန်ကာခလုတ်ကိုဖွင့်ပြီး ကိုယ့်စိတ်ထဲကနေ သူ အမြန်ဆုံး ကိုယ့်ဆီကို ပြန်ရောက်လာပါစေ၊ အဆက်အသွယ်လည်း လုပ်ပါစေလို့ ဆုတောင်းပေါ့၊ ညပိုင်းအိပ်ခါနီးတွေမှာ ပိုပြီး အာရုံစူးစိုက်ပြီး ပြုလုပ် သင့်ပါတယ် …” ဟူ၍ ဖြစ်ပါလေတော့သတည်း။

ကျော်ဇေဟိန်း(အယူတော်မင်္ဂလာ)
(မှတ်ချက်။ ။ ဆရာကျော်ဇေဟိန်းနှင့်
ဆက်သွယ်လိုပါသော် ဖုန်း ဝ၉ ၈၈၃၄၈၆၃၇၉)