ပိုက်ဆံလေးတွေ နွေးအောင် ကိုင်ပါရစေ

ကြားဖူးကြမှာပေါ့ …။ ဟိုကဒီက ပိုက်ဆံ ကလေးဝင်လာတာ နွေးအောင်တောင် မကိုင်လိုက် ရဘူး၊ အကြွေးဆပ်လိုက်ရတာနဲ့၊ ဘယ်ကိစ္စ လျော် လိုက်ရတာနဲ့၊ ကျန်းမာရေးအကြောင်း ပေါ်လာရတာ နဲ့ …စသည်ဖြင့် ကုန်ပေါက်ကုန်လမ်းက စောင့် နေတယ်ဆိုတာလေ …။

ပိုက်ဆံဆိုတာကတော့ ဝင်ပြီးရင် ထွက်မှာ အသေအချာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့သဘောဆန္ဒအ တိုင်း၊ ကိုယ်ရည်မှန်းတဲ့အတိုင်း သုံးခွင့်ရရင်တော့ ကျေနပ်စရာပေါ့ …။

အဲဒီလိုမဟုတ်ဘဲ မျှော်လင့်မထားတဲ့ ကုန် ပေါက်ကုန်လမ်းတွေကြောင့် ကုန်သွားရတာဆိုရင် တော့ နှမြောစရာကြီးပေါ့ …။

အဲဒီလိုများ မိတ်ဆွေအနေနဲ့ ငွေကလေး ဝင်လာရင်း မျှော်လင့်မထားတဲ့ ကုန်ပေါက်ကုန်လမ်း တွေက ပေါ်လာရင်းဆိုတာ မျိုးများ ဆက်တိုက်ဆက် တိုက် ဖြစ်နေတယ်ဆိုရင်တော့ ဟောဒီ ဂမ္ဘီရအစီ အရင်လေး ကို ဆောင်ရွက်ထားဖို့ လိုအပ် ပါလိမ့်မယ်။

ဘာလုပ်ရမလဲ ဆို တော့ စက္ကူတစ်ရက်ပေါ်မှာ ငွေမြဲပါစေလို့ (၉)ခါ ချပြီးရေး လိုက်ပါ။

ပြီးတော့ အခု လတ် တလော သင့်မှာ ဝင်လာတဲ့ ငွေတွေကို အဲဒီစက္ကူနဲ့ ပတ်ပြီး ထုပ်လိုက်ပါ။

ဥပမာ – လစာထုတ် တဲ့ အခါမှာပဲဖြစ်ဖြစ်၊ တစ်နေ့ တာ ဈေးရောင်းပြီးလို့ ငွေ သိမ်းတဲ့ အခါမှာပဲဖြစ်ဖြစ် ဒီနည်းကို ဆောင်ရွက်နိုင်ပါ တယ်။

ပြီးရင် အဲဒီငွေအထုပ် ကို ကြွေပန်းကန်ပြား တစ်ချပ် ပေါ်မှာ တင်လိုက်ပါ။

ပြီးရင် ကြွေပန်းကန်ပြားကို စားပွဲတစ်လုံးရဲ့ အလယ်မှာတင်ပြီး ပန်းကန်ပြားရဲ့ပတ်ပတ်လည်မှာ ဆားကို စက်ဝိုင်းပုံ ဖြူးပြီး ပုံသွားရမှာ ဖြစ်ပါတယ်။  ဘယ်လောက်အရေအတွက်လည်းဆိုတော့ ဆားကို လက်နဲ့ (၉)ဆုပ် စက်ဝိုင်းပုံ ဖြူးသွားရမှာ ဖြစ်ပါတယ်။

အဲဒီလို ဆားကို ဖြူးနေရင်းနဲ့လည်း အခု ဝင်လာတဲ့ငွေတွေ မြဲပါစေ၊ အလဟသမဖြစ်ပါစေနဲ့၊ မကောင်းတဲ့နေရာတွေမှာမသုံးရပါစေနဲ့လို့ဆုတောင်း ရမှာဖြစ်ပါတယ်။

ပြီးတော့မှ ဆားတွေကို အိမ်နဲ့ ခပ်ဝေးဝေးမှာ သွားပြီး သွန်ပစ်လိုက်ဖို့ ဖြစ်ပါတယ်။

အဲဒါဆိုရင် သင့်ရဲ့ဝင်ငွေတွေကို မကောင်းတဲ့ နေရာတွေမှာ မသုံးရဖို့အတွက် အကာအကွယ်လုပ် လိုက်ပြီး ဖြစ်သွားပါလိမ့်မယ်။

နောရာဇာ