နေထိုင်မကောင်း ဖြစ်နေလျှင်

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်း အားလုံးသိကြပါလိမ့်မည်။

သည့်အတွက် လူတိုင်းကျန်းမာအောင် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ နေထိုင်စားသောက်ဖို့ လိုပါသည်။ အကယ်တန္တု နေထိုင်မကောင်းဖြစ်ပြီး နာတာရှည်ပါက နာလန်ထကောင်း မွန်စေရန်အတွက် နဝင်းကြေဆေးကို စားသောက်ပေးဖို့လိုပါသည်။ အကျိုးအာနိသင်ကား ပြောဖွယ်ရာ မရှိ လောက်အောင် ကောင်းလှပါဘိ၏။

နဝင်းကြေဆေးဆိုသည်မှာ စတင်ဖျားသည့် နေ့ကိုယူ၍ ဆပွတ်ကို တြိရန်းအုပ်သော အစားအစာကို စားသောက်ခြင်းပင် ဖြစ်ပါသည်။

၁။ တနင်္ဂနွေနေ့မှ စတင်၍ဖျားလျှင်

သောကြာဆပွတ်(သ၊ ဟ)ကို အုပ်သော အင်္ဂါတြိရန်း(စ၊ ဆ၊ ဇ၊ ဈ၊ ည)အစားအသောက်ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် သျှိသျှားသီးကို ဆားဖြူး၍ စတိ စားပေးပါ။ သီဟိုဠ်ညွန့်ကို ဆိတ်သားနှင့်တွဲ၍ စား ပေးပါ။

၂။ တနင်္လာနေ့မှ စတင်ဖျားလျှင်

စနေဆပွတ်(တ၊ ထ၊ ဒ၊ ဓ၊ န)ကိုအုပ်သော ဗုဒ္ဓဟူးတြိရန်း (ယ၊ ရ၊ လ၊ ဝ) အစားအသောက်ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် နွားနို့ကို လမုန့်နှင့်တွဲ၍စားပါ။ ရှောက်သီးသုပ်ကို နံနံပင်နှင့် တွဲ၍စားပါ။

၃။ အင်္ဂါနေ့မှ စတင်ဖျားလျှင်

တနင်္ဂနွေဆပွတ်(အ၊ ဥ)ကို အုပ်သော ကြာ သပတေးတြိရန်း (ပ၊ ဖ၊ ဗ၊ ဘ၊ ဓ) အစားအ သောက်ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် အုန်းသီးနှင့်ပြောင်းဖူးကို တွဲ၍ စတိစားပေးပါ။ ပဲမုန့်ပေါ်တွင် အုန်းသီးဖြူး၍ စားပေးပါ။

၄။ ဗုဒ္ဓဟူးနေ့မှစတင်ဖျားလျှင်

တနင်္လာဆပွတ်(က၊ ခ၊ ဂ၊ ဃ၊ င)ကိုအုပ် သောသောကြာ တြိရန်း(သ၊ ဟ)အစားအသောက် ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် သကြားအနည်းငယ်စားပေးပါ။ သီဟိုဠ်ညွန့်နှင့် ကြက်သားသုပ်၍စားပါ။

၅။ ကြာသပတေးနေ့မှ စတင်ဖျားလျှင်

အင်္ဂါဆပွတ်(စ၊ ဆ၊ ဇ၊ ဈ၊ ည)ကိုအုပ်သော စနေတြိရန်း(တ၊ ထ၊ ဒ၊ ဓ၊ န)အစားအသောက်ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် နွားနို့တွင် ဆားခပ်၍ သောက်ပါ။ နာနတ်သီးကို ဆားနှင့်တို့၍စားပေးပါ။

၆။ သောကြာနေ့မှ စတင်ဖျားလျှင်

ဗုဒ္ဓဟူးဆပွတ်(ယ၊ ရ၊ လ၊ ဝ)ကို အုပ်သော တနင်္ဂနွေတြိရန်း (အ၊ ဥ) အစားအစာကို စားသောက် ပေးရပါမည်။

ထို့ကြောင့်အုန်းယိုကို စတိစားပေးပါ။ လမုန့်ပေါ် အုန်းသီးအနည်းငယ်ဖြူး၍ စားပေးပါ။

၇။ စနေနေ့မှ စတင်ဖျားလျှင်

ကြာသပတေးဆပွတ်(ပ၊ ဖ၊ ဗ၊ ဘ၊ မ)ကို အုပ်သော တနင်္လာတြိရန်း (က၊ ခ၊ ဂ၊ ဃ၊ င)ကို စားသောက်ပေးရပါမည်။

ထို့ကြောင့် ပဲပြုတ်ကြော်၊ မျှစ်ကြော်တို့ကို စားပေးပါ။ ကြက်သားပြုတ်ကြော်စားပါ။ ကြက်ပြုတ်ရည်ကို သောက်ပါ။

ဖော်ပြပါ နဝင်းကြေဆေးကို စားသောက်ခြင်းဖြင့် ရောဂါဝေဒနာသက်သာပြီး လျင်မြန်စွာ နာလန်ထကာ ကျန်းမာရေးကောင်းလာလိမ့်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ဆရာမိုးဟန်ကြွယ်