ဓမ္မအစွမ်း ပဌာန်း ၂၄ ပစ္စည်း အင်းမြတ်အစီအရင်

အလှူတော်မင်္ဂလာပွဲကြီးကား အောင်မြင်စွာ   ပြီးဆုံးသွားပါလေပြီ။ အလှူမင်္ဂလာတော်ကြီး ပြီးစီး သွားလေပြီမို့ အလှူဒါယကာ၊ ဒါယိကာမကြီးများ ရော အလှူတော်ပွဲလာ မင်းပရိသတ်ဧည့်သည်တော် အပေါင်းတို့လည်း ပြန်သွားကုန်ကြပါလေပြီ။ သို့ သော်မပြန်ကြသေးဘဲ ကျန်နေရစ်ခဲ့ကြသူများလည်း ရှိနေပါသေးသည်။ ထိုကျန်နေရစ်သူများကား သာသနာပိုင် ဆရာတော်ကြီး ဦးသေယျနှင့် အခြား ဆရာတော်မထေရ် သံဃာတော်များအားလုံး၏ အကြည့်များက အောင်မြေသာစံကျောင်းထိုင် ဆရာ တော်ထံ စုပြုံကျရောက်နေကြပါသည်။ ယနေ့ပြု လုပ်ခဲ့သော အလှူတော်မင်္ဂလာကြီးသည် ဤအောင် မြေသာစံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သော အလှူ တော်ကြီးဖြစ်၏။ သို့အားလျော်စွာ ယနေ့အဖို့ ဤအလှူမင်္ဂလာ၏ အဓိကဇာတ်ဆောင်၊ အကျိုး ဆောင် ဆရာတော်သည် ဤအောင်မြေသာစံ ကျောင်းကြီးရှင် ဆရာတော်သာ ဖြစ်ပါချေသည်။ ပုံမှန်အားဖြင့် အလှူတော်မင်္ဂလာတစ်ခု၌ရေစက်ချ၊ အမျှပေးဝေခြင်းဟူသော အလှူအောင်ပွဲ၏ နောက် ဆုံး အစီအစဉ် ပြီးဆုံးသွားပါက ဆရာတော်၊ သံဃာ တော်များက လူပရိသတ်တို့ထက် အရင်ပြန်ြွကလေ စမြဲ။ သို့သော် အကြောင်းမည်သို့ရှိလေသည်ဟုမသိ၊  သာသနာပိုင် ဦးစီးဆရာတော်နှင့် မထေရ်ကြီးများ ယခုထိ ပြန်ကြွခြင်းမရှိကြသေး။ အလှူဒါယကာ ဒါယိကာမနှင့် မင်းပရိသတ် အလှူပွဲလာ ရွှေဧည့် သည် အပေါင်းတို့ကမူ တစ်ယောက်တလေမျှ မရှိ ကြတော့။ အားလုံး မိမိတို့၏ နေရာ ဋ္ဌာနအသီးသီးသို့ ပြန်ကုန်ကြပါလေပြီ။ ယခုကျန်နေရစ်ခဲ့ကြသော သံဃာထုမှာ အောင်မြေသာစံ ကျောင်းထိုင်ကြီးကို ထိုသို့ ဝိုင်းကြည့်နေလေငြား တစ်ပါးတလေကမျှ နှုတ်မြွက်စကား တစ်ခွန်းမျှမဟကြ။ သို့သော် သူတို့ ၏ ဟန်အမူအရာများကဖြင့် အံ့ဩဟန် ပေါက်နေ ကြသလို တစ်စုံတစ်ရာကိုလည်း ပြောချင်နေကြပုံ ဖြင့် ပါးစပ်တစ်ပြင်ပြင်လည်း ဖြစ်နေကြပါသည်။ သို့တစေ မည်သည့်သံဃာတော် မထေရ်ကြီးများ ထံကမှ စကားတစ်ခွန်း မထွက်ခဲ့။ ပြောရကောင်းနိုး၊ မပြောရကောင်းနိုးဖြင့် ဝေခွဲမရ ဒွိဟဖြစ်နေကြလေ ရော့ထင်။ သို့အားလုံးက ဝိုင်းအာရုံစိုက်နေသော် လည်း အောင်မြေသာစံကျောင်းကြီးရှင် ဆရာတော် ကမူ ဘာမှမသိ၊ သတိမထားမိဟန်ဖြင့် ဣနြေ္ဒရရပင်။ ထိုသို့ဦးစွာ စကားစလိုက်ပြီး တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သူတော့ သာသနာ့ပိုင်  ဆရာတော်ကြီး ဦးဥေယျပါပေ။

“အဟမ်း ဒီမှာကိုဗုဓ်ရဲ့ အခြားအချိန်တွေမှာ တော့ ထားလိုက်ပါတော့လေ။ ဒါပေမဲ့ ဒီနေ့လိုမျိုး ဒကာကြီး ဘုရင်မင်းမြတ်နဲ့ ဒကာမမိဖုရားကြီးတို့ ရဲ့သားတော် သမီးတော်တွေကို ရဟန်းခံရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲကြီးမျိုးမှာတော့ ကိုယ်တော့် အနေနဲ့ ဒီအောင်မြေသာစံ ကျောင်းတိုက်ကြီးရဲ့ ဒါယကာ၊ ဒါယိကာမတွေလည်းဖြစ် အရှင်ဘုရားရဲ့ ပစ္စည်းလေးပါး ဒါယကာတွေလည်းဖြစ်တဲ့ ဒီဘုရင် နဲ့မိဖုရား၊ မင်းညီမင်းသား၊ မှူးမတ်၊ ဗိုလ်ပါ၊ တပည့် ဒကာမတွေကို အလှူကြီးနဲ့ လိုက်လျောညီထွေတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ တရားထူးတွေကို ဝေဝေဆာ ဆာနဲ့ စကားလင်္ကာတန်ဆာတွေဆင်ပြီး ချီးမြှင့်ပေး     ခဲ့လိမ့်မယ်လို့ တပည့်တော်ကော ဟောဒီ သံဃာ ပရိသတ်တွေကပါ ထင်နေမိခဲ့ကြတယ်။ သို့ပေမယ့် ယခု ကိုယ်တော်လုပ်လိုက်တာက …”

သာသနာပိုင်ဆရာတော်သည် စကားခေတ္တ ငံ့လင့်၍ ထိုအောင်မြေသာစံ ကျောင်းကြီးရှင် ဆရာ တော် ဦးဗုဓ်ကို အကဲခတ်သလိုကြည့်လိုက်သည်။ ဆရာတော် ဦးဗုဓ်ဆိုသည်မှာ မြန်မာနိုင်ငံထေရဝါဒ ဗုဒ္ဓသာသနာသမိုင်း၌ “ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး” ဟူ၍ ဆိုထုံးတော်ဝင် သံဃာတော် မထေရ်ရှင်မြတ် တစ်ပါးဖြစ်ပါသည်။ ဗုဓ်စဟူသည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်တိုင်ပင် ဖြစ်ပါသည်။ ဗုဓ်လယ် ဟူသည်ကား ရှင်မဟာဗုဒ္ဓဃောသဖြစ်ပြီး ဗုဓ်ဆုံး ဟူသည်ကား ကုန်းဘောင်ခေတ် ဘကြီးတော်မင်း နှင့်နန်းမဖိဖုရားခေါင်ကြီးမယ်နုတို့ ဆောက်လုပ်လှူ ဒါန်းအပ်သော အဝမြို့ အောင်မြေသာစံကျောင်း တော်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး ဖြစ်သည့် အဋ္ဌမညောင်ကန်ဆရာတော် အရှင်စက္ကိန္ဒ ဟူသော ဘွဲ့အမည်ရှိခဲ့သော်လည်း ဤသာသနာ တော်၌ ဆရာတော်ဦးဗုဓ်ဟူသော အနွတအမည်ဖြင့် ထင်ရှား ကျော်ကြားခဲ့သည့် မထေရ်မြတ်ကြီးတစ်ပါး ဖြစ်ပါချေသည်။ ဆရာတော်ဦးဗုဓ်ကား လောကီ ရေးရာကိစ္စများ၊ လူမှုရေးလောကဝတ် စသည်များ ကိုလည်း လုံးဝမငဲ့၊ ထည့်တွက်စဉ်းစားခြင်း အလျဉ်း မရှိ။ သာသနာတော်အတွက်ကိုသာ သူ့ဘဝ၊ သူ့ အသက်ကို လုံးဝအပ်နှင်း မြှုပ်နှံထားသူသာ ဖြစ်ပါ ချေသည်။ လောကီရေး လူမှုရေးတို့နှင့် ပတ်သက် လာလျှင် အဖကိုလည်း မငဲ့၊ အမိကိုလည်း လှည့် မကြည့်၊ အမိ ကွယ်လွန်သည့်နာရေးကိုပင် မလိုက် ခဲ့ချေ။ လူမှုရေး လောကဝတ်ဆိုင်ရာကိစ္စများနှင့် ပတ်သက်လာလျှင်ကား အခြားသူများကို မဆိုထား ဘိ၊ ကျောင်းဒကာများဖြစ်သည့်အပြင် တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေသော မင်း၊ မိဖုရားတို့ကိုပင် မျက်နှာသာမပေး။ အရေးတယူမလုပ်ခဲ့။ ပရိယတ္တိ စာကြည့် မပျက်၊ စာကြည့် မဖျက်ခဲ့ချေ။ ထို့အပြင် သာမန်အရပ်သူ အရပ်သား ဒါယကာ၊ ဒါယိကာမ များ၏ အလှူများ၌ပင် တရားများများ မပေး။ ငါးပါး သီလပေးပြီးလျှင် ရေစက်ချခိုင်းပါတော့သည်။ ဤမျှ ပြတ်သား၍ သာသနာအရေးကိစ္စများမှတစ်ပါး အခြား ဘာအပိုအလုပ်မှ အလေးမထား၊ ဂရုမစိုက် မည်သည့်မျက်နှာမှမလိုက်၊ ခပ်ပြတ်ပြတ်ပြောဆို တတ်လေသည်ကို သာသနာပိုင်ဆရာတော်ကြီးနှင့် ဒကာ ဘုရင်မင်းမြတ်တို့ နားလည်မှုရှိခဲ့ကြပါသည်။

သို့တစေ ဤနေ့ ဤရက်ကဲ့သို့သော ကျောင်း ဒကာများလည်းဖြစ်၊ မင်းမိဖုရားတို့လည်း ဖြစ်တော် မူသော ဘကြီးတော်မင်းနှင့် နန်းမတော် မိဖုရားကြီး မယ်နုတို့၏ ရဟန်းခံ၊ ရှင်ပြု၊ နားသ ကြီးကျယ် ခမ်းနားလှသည့် အလှူတော်မင်္ဂလာပွဲကြီး၌မူ ပရိ ယတ္တိစာပေ၌ ကျွမ်းကျင်နှံ့စပ် အတတ်ကြီးတတ် တော်မူသည့် ကဝိအမော် တစ်ပါးဖြစ်တော်မူသည့် အားလျော်စွာ ဦးဗုဓ်မူ၊ ဓမ္မစကြာနိဿယမူ ဟူ၍ယခု ထိထင်ပေါ်ကျော်ကြားနေသော တရားစာပေမှအစပြု ၍ ကျမ်းစာပေ အဖြာဖြာတို့ကို စီရင်ပြုစုတော်မူစွမ်း ရှိသည့် အကျော်ဇေယျ မထေရ်မြတ်ကြီးတစ်ပါး အနေဖြင့် ထူးမြတ်သည့်တရားတော်မြတ်ကြီးများကို ဥပမာ ဥပမေ အထွေထွေ အဖြာဖြာ ဝေဝေဆာဆာ ဖြင့် အလင်္ကာဂုဏ်မြောက် ချီးမြှောက်ဟောကြားပေ လိမ့်မည်ဟု ကြွလာသော မင်းပရိသတ်အပေါင်း တို့သာမက အလှူပွဲသို့ အပင့်ခံ သံဃာမထေရ်ကြီး၊ မထေရ်ငယ်အသွယ်သွယ်တို့လည်း မျှော်လင့်ထင် မှတ်ခဲ့ကြပါလေသည်။ သို့သော် အားလုံး၏ အထင် နှင့်အမြင် ပါစင်အောင်လွဲမှန်းသိကြရလေသောအခါ ကား ထုံးစံအတိုင်း အားလုံးကန်တော့ကြပြီးနောက် ငါးပါးသီလပေးပြီးနောက်တွင်ကား ဆရာတော်ဦးဗုဓ် သည် တရားစကား အခြားမဟောကြားတော့ဘဲ”]ဟေတုပစ္စယော၊ အရမ္မဏပစ္စယော၊ အဓိပတိပစ္စ ယော၊ ….အဝိကတပစ္စယောတိ”ဟူ၍ပဋ္ဌာန်းပစ္စ ယုဒ္ဒေသ ပါဠိ(၂၄)ပစ္စည်းကိုသာ ရွတ်ဖတ်ပေးပြီး နောက် ရေစက်ချပေးကာ တရားဟောခြင်းအလုပ် ကို ဖြုတ်ခနဲ တုံးတိတိကြီး ဖြတ်ချလိုက်သောအချိန် ပါတည်း။

ထိုကိစ္စကြောင့် မင်း၊ မိဖုရားနှင့် အလှူတော် ပွဲလာ ဧည့်ပရိသတ်အပေါင်းတို့၏ အရိပ်အကဲကို သဲသဲကွဲကွဲ မှန်းဆ၍ မရလေသော်ငြား ဆရာတော် အများစုမှာကား ဆရာတော်ဦးဗုဓ်အစား မင်း မိဖုရား တို့အား များစွာ အားနာမျက်နှာပူနေခဲ့ကြပါတော့ သည်။ ကြားက ငထွားခါးနာရည်ဟုပဲ ဆိုရလေမည် ထင့်။ သို့အကြောင်းကြောင့် မင်းနှင့်မိဖုရား၊ မင်းညီ မင်းသား မှူးမတ်ဗိုလ်ပါ အလှူမင်္ဂလာပွဲလာ ဧည့် ပရိသတ်အပေါင်းတို့ အလှူရေစက်ချ မင်္ဂလာအပြီး ပြန်သွားကြသည့်တိုင်အောင် ဆရာတော်အရှင်မြတ် များမှာ ပြန်ြွကမသွားနိုင်ကြသေးဘဲ အကဲခတ်သော    အနေအထားဖြင့် ဆရာတော်ဦးဗုဓ်ကို ဝိုင်းကြည့်နေ ကြခြင်းဖြစ်ပါသည်။ သံဃာတော် မထေရ်မြတ် အများစုမှာ ဆရာတော်ဦးဗုဓ်၏ ဝသီအာဘော်ကို သိနေကြလေသဖြင့် အရမ်းလည်း မဝေဖန်ဝံ့ကြ၍ နှုတ်က ဖွင့်ဆိုပြောကြားကြရန် ဝန်လေးနေစဉ် သံ ဃာ့အဖွဲ့အစည်းခေါင်းဆောင် သာသနာပိုင် ဆရာ တော်ကြီး ဦးဥေယျက အထက်ပါအတိုင်း ဆရာ တော် ဦးဗုဓ်ကို မိန့်ဆိုလိုက်ခြင်းဖြစ်ပါချေသည်။

“နေစမ်းပါဦးဘုရား … အခုသာသနာပိုင် ကြီး မိန့်ြွမက်စကားကဖြင့် ဘုရားတပည့်တော် မောင်ဗုဓ်ကပဲ အမှားတွေ ကျူးလွန်ထားဟန်ပါက လား ဘုရား။ မယ်တော် သန္တုသိတနတ်သားကို အမှူးထားပြီး နတ်ပြည်မှာ နတ်အပေါင်းကို ဟော ကြားခဲ့တဲ့ တရားဖြစ်ပြီး ဘုရားရှင်ကိုယ်တော်သော်မှ ဒိတရားကို ရွှေဥာဏ်တော်ကွန့်မြူးကျက်စားလေမှ ရောင်ခြည်တော်ခြောက်ဖြာ ကွန့်မြူးခဲ့ရတဲ့ တရား တော်ကြီးပါဘုရား။ သို့မို့ကြောင့် ဒီနေ့ကို ကျောင်း ဒကာ၊ ဒကာမမင်း၊ မိဖုရားတို့ရဲ့ အလှူပွဲကြီးမှာ အကြီးဆုံး တရားဖြစ်တဲ့ ဒီပဋ္ဌာန်း(၂၄)ပစ္စည်း ပစ္စ ယုဒ္ဒေသနိဿယကို ရွတ်ဖတ်ဟောကြားပေးလိုက် တာ တပည့်တော်မှားပါသလားဘုရား။ ဒီထက့်ကြီးတဲ့ ထူးမြတ်တဲ့တရား ရှိပါသေးသလား ဘုရား”

အားလုံးအားလုံး အကုန်လုံးသော သံဃာပရိ သတ်တို့ ပါးစပ်အဟောင်းသားဖြင့် ဘာပြောလို့ ဘာ ဆိုရမည်မှန်း မသိတော့၊ အားလုံးနှုတ်ပိတ်ရေငုံနေ လိုက်ကြရပါတော့၏။ မှန်တော့မှန်ပါရဲ့။ ဒါပေမဲ့ နာလိုခံခက် မှန်ချက်ကြီးပါတကား။

အဝမြို့ မဟာအောင်မြေသာစံကျောင်းတိုက် ကြီး၏ ပဓာနနာယကဆရာတော် ဦးဗုဓ်၏ မင်း၊ မိဖုရားတို့အလှူတော်ကြီး၌ ပဋ္ဌာန်း၊ ပဋ္ဌာန်ပစ္စယုဒ္ဒေ သ ပါဠိအမည်ရှိသော၂၄ ပစ္စည်းကိုသာ တရား အဖြစ် ချီးမြှင့်ပေးလိုက်ခြင်း၏အကြောင်းကို ကြည့် ခြင်းဖြင့် ဤပဋ္ဌာန်း ၂၄ ပစ္စည်း၏အရေးပါမှု၊ ကြီး ကျယ်မြင့်မြတ်မှုကို သိနိုင်လောက်ပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားခဲ့သော  ဓမ္မသင်္ဂဏီ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာ၊ ယမိုက်၊ ပဋ္ဌာန်းဟူသော အဘိဓမ္မာ ခုနစ်ကျမ်းတွင် ဤသတ္တမမြောက် ဌာနတည်သော ပဋ္ဌာန်းဒေသနာ တော်သည် နည်းပေါင်းများစွာတို့ဖြင့် ကျယ်ဝန်းနက် နဲခက်ခဲလှ၍ “နရသာဂရ”မည်ထိုက်လှသော ဒေ သနာတော်ထူးကြီးဖြစ်သည့် အားလျော်စွာ ဤ ဒေသနာတော်ကြီးကို သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် သုံးသပ် ကျက်စားလေသောအခါမှ နီလ၊ ပီတ၊ လောဟိတ စသော ရောင်ခြည်တော်ခြောက်သွယ် ထွက်ပေါ် ကွန့်မြူးခဲ့ပါသည်။ ထို့အပြင် နက်နဲခက်ခဲ ကျယ်ဝန်းလွန်းလှ၍ နတ်ပြည်၌သာ ဟောကြားခဲ့ရ သော တရားတော်မြတ်ကြီး။ သို့ဖြစ်၍လည်း အကျွန်ုပ် တို့ ဗုဒ္ဓဘာသာဝင်တို့အဖို့ အလွန်အလေးအမြတ် ပြုနေရသည့် ပဋ္ဌာန်းတရားမြတ်။ သာသနာကွယ်ပ သည့်အခါ ဤပဋ္ဌာန်းတရားကစ၍ ကွယ်ပျောက်မည် ဖြစ်လေသောကြောင့် ပျောက်ပျက်မည်စိုးလွန်းလှ၍ တစ်တိုင်းပြည်လုံး၊ တစ်နိုင်ငံလုံး၊ မြို့ရောတောပါ မကျန် အနှံ့အပြား အသံမစဲ ပဋ္ဌာန်းရွတ်ပွဲကြီးများ ကျင်းပကြကာ ထိန်းသိမ်းစောင့်ရှောက်နေကြရသော တရားမြတ်၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် အသက်သွေးကြောသဖွယ် အရေးထား လေးစားမြတ် နိုးရပါသော အရေးပါလှပါသော တရားမြတ်ပါပေ။

ဤပဋ္ဌာန်းဒေသနာတော်မြတ်၏ အတုမရှိ သော ဂုဏ်တော်အပေါင်းကို အာရုံပြုပြီးယုံကြည်လေး မြတ်စွာ ပူဇော်ရွတ်ဖတ်ကြသောသူအပေါင်းတို့သည် လောကီ၊ လောကုတ္တရာ ကောင်းကျိုးမင်္ဂလာ သုခ ချမ်းသာ အဖြာဖြာတို့ ခံစားရခြင်း၊ အန္တရာယ်အမျိုး မျိုးမှ ကင်းလွတ်ခြင်း၊ အခက်အခဲ ဒုက္ခအပေါင်းတို့ မှ ကျော်လွန်လွတ်မြောက်နိုင်ခြင်း၊ ဘုန်းတန်ခိုးတေ ဇော် အာနုဘော်ကြီးမားခြင်း၊ စီးပွားဥစ္စာများ တိုးပွား ခြင်းစသော အကျိုးတရားများစွာ အဖြာဖြာတို့ကို ခံစားရရှိနိုင်ကြခြင်း အဆိုများစွာ၊ ဖြစ်ရပ်များစွာတို့ သည်ရှေးခေတ်မှ မျက်မှောက်ခေတ်တိုင် သက်သေ သာဓကများရှိခဲ့ကြ ရှိနေကြပါသည်။ ဤနေရာတွင် ကြုံကြိုက်၍ ခပ်ဝေးဝေး အတိတ်ကာလများကို မပြောလိုဘဲမကြာသေးခင်က ကျွန်ုပ်ကိုယ်တိုင် တွေ့ မြင်နားထောင်လိုက်ရပါသော ဖြစ်ရပ်လေးတစ်ခုကို ပြောပြလိုပါသည်။ ၄င်းမှာ MRTV-4 အစီအစဉ် တစ်ခုဖြစ်သော ရန်ကုန်မြင်ကွင်းအစီအစဉ်တစ်ခု၌ ဖြစ်ပါသည်။

ထိုအစီအစဉ်တွင် မိုးကုတ်ဦးသန်းမောင်နှင့် လူတွေ့အင်တာဗျူးတစ်ခု၌ ဦးသန်းမောင် ပြောပြ သွားသည်မှာ သူသည် နဝရတ်လက်စွပ်ရောင်းဝယ် ရေးလုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ ၁၄ နှစ်ခန့်ကြာပြီ ဖြစ်ကြောင်း၊ ဤလုပ်ငန်းကိုလုပ်ကိုင်ရာမှ ငါးပါးသီလ  မြဲခဲ့ပြီး ပဋ္ဌာန်းတရားတော်မြတ်ကို အမြဲရွတ်ဖတ်ပူ ဇော်လာသဖြင့် (၁) ပဋ္ဌာန်းလည်ဆွဲရတနာပုံစံရောက် ရှိလာပြီး ထိုပဋ္ဌာန်းလည်ဆွဲကိုပါ လုပ်ကိုင်ရောင်းချ ခွင့် ရရှိလာခဲ့ကြောင်း(ထို  Design ကို လက္ခဏာ ဗေဒဆရာကြီး ဦးအောင်မြိုင်ထံမှ တိုက်တိုက်ဆိုင် ဆိုင် ရရှိခဲ့သည်ဟု သိရပါသည်) (၂) သွေးတိုး၊ ဆီးချို၊ ဦးနှောက် အကြောပိတ်ရောဂါတို့ကို သက် သာ ပျောက်ကင်းစေနိုင်သည့် Solar Chip ပုံစံမျိုး ကျောက်ပြားလေးများကို အသုံးပြုထားပါသည်။ နေ ရောင်ခြည်စွမ်းအင်သုံး ကျန်းမာရေး လက်စွပ်သည် လည်း သူရရှိခဲ့ပြီး ထုတ်လုပ်ရောင်းချနိုင်ခွင့်ရခဲ့ ကြောင်း(ကိုရီးယားပညာရှင် အဖွဲ့အစည်းများ၏ ပံ့ ပိုးကူညီမှုကိုရရှိခဲ့ပြီး ထိုအင်တာဗျူးပြုလုပ်ချိန်ထိ ထိုနေရောင်ခြည်စွမ်းအင်သုံး ကျန်းမာရေးလက်စွပ် အကွင်းပေါင်း ၇၀ဝ ရောင်းချခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါသည်။) (၃)နီလာကျောက်သုံး မေတ္တာလက်စွပ် ကိုလည်း အလိုလိုစိတ်အာရုံမှာ ပေါ်လာလေသဖြင့် ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း စသဖြင့် ပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခြင်းဖြင့် သူရရှိခဲ့သော အကျိုးများကို မိုးကုတ်ဦးသန်းမောင်က ပြောပြသွားခဲ့သည်ကို ကြည့်ရှုမှတ်သားလိုက်မိပါသည်။ ထိုအစီအစဉ်ကို MRTV-4 တွင် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း က နှစ်ကြိမ်တိုင်တိုင် ထုတ်လွှင့်ပြသသွားခဲ့ပါသည်။

(မှတ်ချက်-ကြော်ငြာပေးခြင်းမဟုတ်ပါ။ မိုး ကုတ်ဦးသန်းမောင်ကိုလည်း ထို TV အစီအစဉ်၌သာ  ကျွန်ုပ်တွေ့ဖူးပါသည်)

တစ်ဖန် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁၀ နှစ်ပြည့်အထူးထုတ် သူရဇ္ဇမဂ္ဂဇင်းကြီးတွင်လည်း စာရေးဆရာ တြိရတနာ ဆရာဇေယျာလင်းက ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ် ပူဇော်ခဲ့သဖြင့် အလွန် ထူး ဆန်းစွာ ပဋ္ဌာန်းအင်းအစီအ ရင်မြတ်ပုံစံအဆန်း တစ်ခုကို ရရှိခဲ့ကြောင်း၊ ပဋ္ဌာန်းအင်း ဘုရား တည်ထားကိုးကွယ် တန်ခိုြးွကယ်ဆိုသောဆောင်း ပါးတွင် ရေးသားဖော်ပြထား ပြန်ပါသည်။ထိုမျှမကပဋ္ဌာန်း တန်ခိုးကြောင့် အကျိုးကြီး ခံစားကြရပုံများကို ဂမ္ဘီရဆိုင် ရာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် များစွာတို့တွင် ရေးသားခဲ့ကြ၊ ရေးသားနေဆဲပါပေ။ ပဋ္ဌာန်း ဒေသနာတော်ကြီးမှာအတိုင်း အမရှိ ကြီးမားကျယ်ပြန့်လှသောကြောင့် အကျိုး တရားများကိုလည်း အနန္တအတိုင်းအဆမရှိ ပေးစွမ်း နိုင်လေမည်မှာ ယုံမှား သံသယဖြစ်ဖွယ်ရာ မရှိပါချေ။ သို့အားလျော်စွာ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ၂၄ ပစ္စည်းကို အခြေပြု၍ စီရင်ပြုလုပ်အပ်သော ဂန္ဓာရီ ဝိဇ္ဇာမယ အစီအရင်တို့မှလည်း အစွမ်းတန်ခိုးအကျိုး အနန္တရ လေမည်မှာ အသေအချာဖြစ်ကြောင်း ရေရေရာရာ ကောင်းစွာ သိနားလည်ခဲ့ကြသော ဂန္ဓာရီဝိဇ္ဇာယန မဟိဒ္ဓိ၊ သိဒ္ဓိရှင်ကြီးများကလည်း ပဋ္ဌာန်း ၂၄ ပစ္စည်း တို့ကို အခြေပြု၍ ကြံဆစီရင်ထားရစ်ခဲ့ကြသော အင်း အစီအရင်များလည်း ရှိခဲ့ကြပါသည်။

အထက်ပါအကြောင်းများကြောင့် ပဋ္ဌာန်း၂၄ ပစ္စည်းကို အခြေပြုစီရင်ထားရစ်ခဲ့ကြသော ဝိဇ္ဇာယန အင်းအစီအရင်များမှ ရှားပါး၍ တွေ့ရခဲသော အစွမ်း သိဒ္ဓိတန်ခိုးကြီးများ ပဋ္ဌာန်း ၂၄ ပစ္စည်းအင်းအစီအရင် မြတ်အား အများဝေနေယျတို့ ကိုင်ဆောင်၍ အောင် နိုင်ကြစေရန် ဘေးဘယာဝေးကွာ၍ ဥစ္စာရတနာတွေ ဖြိုးကြွယ်ဝ၍ ကုသိုလ်တရားများ အားထုတ်လုပ် ဆောင်နိုင်ကြစေရန် ရည်သန်၍ ငုပ်လျှိုးနေသော ရှေးပညာတစ်ခုကို ဖော်ထုတ်တင်ပြလိုက်ရပါသည်။

ပဋ္ဌာန်း ၂၄ ပစ္စည်း အင်းမြတ်စီရင်ပုံ –

ပဋ္ဌာန်း ၂၄ ပစ္စည်းအင်း(၁) –

ပဋ္ဌာန်း ၂၄ ပစ္စည်းအင်း (၂) –

ပဋ္ဌာန်း ၂၄ ပစ္စည်းအင်း(၃) –

ဤအင်းကို ရွှေပြား၊ ငွေပြား၊ ကြေးပြားတို့ တွင် စီရင်ရပါမည်။ အင်းပဝါအဖြစ် ဆောင်ယူလိုပါ က ပိတ်ဖြူသန့်သန့်ကို အနားလေးဖက်အား သိမ်ဝင် အင်း၊ အပ်ချည်ဖြင့် အနားသတ်လက်ချုပ်ချုပ်ရပါ မည်။

အင်းစီရင်ရမည့် အချိန်အခါ စီးပွားဥစ္စာ လာဘ်လာဘကိုလိုလျှင်လည်းကောင်း၊ ဘုန်းတန်ခိုး ကျက်သရေ တိုးစေလိုလျှင်လည်းကောင်း၊ နေ့ ကောင်းရက်သာ အဝင်နက္ခတ်၊ အမြိတ္တ၊ သိဒ္ဓိစုတ် ကြိုက် နှစ်ဖက်မြင်အခါတွင် စီရင်ရမည်။ အကွယ် အကာကို အထူးလိုပါက အထွက်နက္ခတ်၊ ဥပဒ်စုတ် ကြိုက်၊ နှစ်ဖက်ကန်းအခါတွင် စီရင်ရပါမည်။

 

(ဆက်လက်ဖော်ပြပါမည်)

တြိရတနာဆရာဇေယျာလင်း

(ကတ္ထီပါဖိနပ်စီး ရွှေထီးဆောင်း)

ဖုန်း – ဝ၉၄၂၀၂၄၇၈၈၅၊ ဝ၉၇၉၅၂၅၈၉၆၀တြိရတနာဆရာဇေယျာလင်း

(ကတ္ထီပါဖိနပ်စီး ရွှေထီးဆောင်း)

ဖုန်း – ဝ၉၄၂၀၂၄၇၈၈၅၊ ဝ၉၇၉၅၂၅၈၉၆၀