“ဟဲလို …ဆရာဇင်ယော်နီပါလားရှင်၊ သိချင်တာလေးတစ်ခု မေးချင်လို့ပါရှင့် …”
“ဟုတ်ကဲ့ …လိုရင်းတိုရှင်းလေးပေါ့ ခင်ဗျာ၊ ကျွန်တော့်မှာ အချိန်အခက်အခဲရှိလို့ သိချင်တဲ့ကိစ္စကို လိုတိုရှင်းကလေး မေးလိုက်ပါ …”
“ဒီလိုပါရှင့် …၊ မဲတွေဘာတွေနှိုက်ရင် ရွတ်ရတဲ့ ဂမ္ဘီရအသံကလေး ရှိတယ်ဆိုတာ ကျွန်မ မှတ်သားဖူးပါတယ် …၊
အရင်တစ်ခါတုန်းက အဲဒါလေးရွတ်ပြီး မဲနှိုက်တာ အဆင်ပြေသွားပါတယ်ရှင့်၊ ကျွန်မဖြင့် ဝမ်းသာလိုက်တာဆိုတော့လေ …၊ ဆရာတို့ ကျေးဇူးကိုလည်း မမေ့ပါဘူးရှင့် …”
“ဟုတ်ကဲ့ …လိုရင်းလေးကို ပြောလိုက်ပါခင်ဗျ …”
“ပြောပါ့မယ်ရှင့် …ပြောပါ့မယ် …၊ ခုလို ဆရာနဲ့တွေ့ရတာ ဝမ်းသာလွန်းလို့ပါ …၊ ဝမ်းသာတာနဲ့ပဲ ပြောချင်တဲ့စကားတောင် မေ့သွား ပြီ …၊ ဘာပါလိမ့် …”
“ဪသာ် …အဲဒါဆိုလည်း ပြန်စဉ်းစားပြီး ခဏနေမှ သတိရမှ ပြန်ဆက်လိုက်ပါခင်ဗျ …၊ ဒီမှာ စာမူတစ်ပုဒ်ရေးတုန်းတန်းလန်း ဖြစ်နေလို့ ပါ …”
“ဪ …အားနာလိုက်တာဆရာရယ်၊ ခဏလေးပါနော် …၊ ဖုန်းမချလိုက်ပါနဲ့ဦးဆရာ ရယ် …၊ ဆရာ့ဆီကို ဖုန်းခေါ်ရတာက ခက်လို့ပါ …၊ သတိရပြီ …သတိရပြီ …၊ မဲနှိုက်ရင် ရွတ်ရမယ့် ဂမ္ဘီရအသံကလေးနဲ့ ဘယ်နှခေါက် ရွတ်ရမယ်ဆိုတာ လေး သိချင်တာ ပါရှင့် …”
“ဟုတ်ပါပြီဗျာ …၊ ‘တာဗားနိုး’ဆိုတဲ့ အသံကို ရွတ်ရမှာ ဖြစ်ပါတယ် …၊
(၃၁)ခေါက် ရွတ်ပြီးမှ မဲနှိုက်ရမှာ ဖြစ်ပါတယ် …၊
ကဲ ..ကဲ … ရပြီနော် …၊ အဆင်ပြေပါစေဗျာ …”
“ဟုတ်ကဲ့ …ဟုတ်ကဲ့ … ကျေးဇူးအများကြီးတင်ပါတယ်ရှင့် …”
…
(သတိပြုတော်မူကြပါရန် . . . .
ဆရာဇင်ယော်နီသည် ဖုန်းဖြင့်၊ ဗိုက်ဘာဖြင့်၊ မက်ဆင်ဂျာဖြင့် . . .စသည်တို့ဖြင့် အခကြေးငွေယူပြီး လုံးဝ ဗေဒင် မဟောပါ။ လူကြုံဖြင့်၊ တပည့်များမှ တစ်ဆင့်ဖြင့်လည်း ဟောပြောပေးခြင်း မပြုပါ။
ဖုန်းဖြင့်လည်းကောင်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်မှ အကောင့်အတုများဖြင့်လည်းကောင်း၊ ဆရာဇင်ယော်နီ အယောင်ဆောင်၍ လိမ်လည်သူများ ရှိနေသည်ကို သတိပြုကြပါကုန် . . .)