မအပ်သော သင်္ကန်းအရောင်များ

ကျွန်မသည် သမီးအား ပြောပြ နေသော သင်္ကန်းနှင့်ပတ်သက်သော အ ကြောင်းအရာများအား အဆုံးသတ်တော့ မည်ဟု စိတ်ကူးထားခဲ့လေသည်။ သင်္ကန်း နှင့်ပတ်သက်သောဗဟုသုတ အထွေထွေ အား အတန်သင့် သိခွင့်ရရှိသွားပြီဖြစ် သော သမီး၏ မေးခွန်းတစ်ခုဖြစ်သည့် သင်္ကန်းအရောင်အဖြစ် မအပ်သော အ ရောင်(၆)မျိုးအကြောင်းအား ဤသို့ ဆက် ၍ရှင်းပြရလေသည်။

“ဘုရားရှင် ပညတ်တော်မူထား တဲ့ မအပ်သော သင်္ကန်းအရောင်ခြောက် မျိုးရှိတယ်သမီးရဲ့ အတိုချုပ်အားဖြင့် မှတ် ရလွယ်အောင် ရှေးဆရာများက ‘အညို အမောင်း၊ နီရွှေဆောင်း၊ တစ်ကြောင်း မည်းနက်ရောင်၊ကင်းခြေကျောဆင်း၊ဖျော့ တော့ခြင်း အလျဉ်းမအပ်ရှောင်”လို့ ရေး သားထားတော်မူခဲ့ကြတယ်။

 

အဲဒါကိုအကျယ်ပြောရရင် မအပ် တဲ့အရောင်ခြောက်မျိုးက –

(၁) သဗ္ဗနီလက လို့ခေါ်တဲ့ အလုံး စုံကို ညိုမောင်းတဲ့ အရောင်တဲ့။ အခုပြော တဲ့ အညိုရောင်ဆိုတာက အောင်မဲညိုပွင့် အရောင်မျိုး၊ အောင်မဲညိုပွင့်က ညိုတယ် ဆိုပေမယ့် ဆံပင်ရောင်လို အနက် ညို မဟုတ်ဘူး။ ကောင်းကင်ရောက်လို အပြာ မျိုး။ ဒါကြောင့် သင်္ကန်းကို အပြာရောင် မဆိုးအပ်ဘူးတဲ့မောင်းတယ်ဆိုတဲ့အရောင် မျိုးက အမည်း၊ အပြာ၊ အနီ သုံးပါးရော စပ်တဲ့ အရောင်သမီးရဲ့ အဲဒီသုံးရောင် ရောစပ်လိုက်သော မဉ္ဇိဋ္ဌဆိုတဲ့ အနီဖျော့ ပန်းရောင်ဖြစ်လာတယ်။ဒါကြောင့်သင်္ကန်း ကို ပန်းရောင်လည်း မဆိုးကောင်းဘူးလို့ မှတ်ရမယ်။

(၂) မီတခေါ်တဲ့ရွှေသောအရောင် ဆိုတာကတော့ ဝါရွှေရောင်ပေါ့။ အဲဒီ အရောင်ဟာလည်း သင်္ကန်းအရောင် မအပ်ဘူး။

(၃)လောဟိတကနီသောအရောင် လို့ဆိုတယ်။ ဥပမာအားဖြင့် လယ်ခေါင် ရန်းပွင့် အရောင်မျိုးပေါ့၊ ဒါကြောင့် ကြက် သွေးရောင်၊ ငါးရှဥ့် သွေးရောင်မျိုးဟာ လည်း သင်္ကန်းအရောင်မအပ်ဘူး။

(၄) ကဏှက အရောင်ဆိုတာက တော့ မည်းနက်တဲ့အရောင်ကို ဆိုတယ် တဲ့။ မီးသွေးလို မည်းနက်တဲ့အရောင် ကိုလည်း သင်္ကန်းအရောင် မဆိုးကောင်း ဘူး။

(၅) မဟာရင်္ဂ အရောင်ကတော့ ကင်းခြေတစ်ကောင်ရဲ့ကျောကုန်းအရောင် လို့ ဥပမာပေး ခိုင်းနှိုင်းထားတယ်။

(၆) မဟာနာမရင်္ဂ အဆင်းကို တော့ ဖက်ရွက်ရော်အဆင်းနဲ့ နှိုင်းထား ပြန်တယ်။အဲဒီလိုအရောင်တွေဟာလည်း သင်္ကန်းအရောင်အဖြစ် မအပ်ပါဘူးလို့ဆို တယ်ဟုပြောလိုက်လျှင် သမီးက –

“အဲဒါဆိုရင် မေမေပြောပြဖို့ တစ်ခုပဲကျန်တော့တယ်။ သင်္ကန်းတွေကို ဘာလို့ အပိုင်းအပိုင်းဖြတ်ပြီး ချုပ်စပ်ရ တာလဲ ဆိုတာကိုလေ”ဟု ကျေနပ်နေ သော ဟန်ပန်အမူအရာ အပြည့်ဖြင့် ခပ် ပြုံးပြုံး ကလေးမေးလေရာ ကျွန်မက

“အဲဒီအကြောင်းကို ပြောပြရရင် သိပ်ပြီးကြည်ညိုဖွယ်ကောင်းလှတဲ့ ဘုရား ရှင်ရဲ့ အသွင်တော်ရယ်၊ ကြီးမြတ်လှတဲ့ ဥာဏ်တော်ကြီးရယ်လို့ အကြိမ်ကြိမ် ဦး ခိုက်မိပါရဲ့ သမီးရယ် သမီး သေချာ နား ထောင်နော်

တစ်ရက်မှာ ဘုရားရှင်ဟာ ရာဇ ဂြိုဟ်ပြည်က ဒက္ခိဏဂီရိဇနပုဒ်ကို ဒေသ စာရီ ကြွတော်မူတယ်။ အဲဒီလိုကြွချီတော် မူရင်း မာဂဓတိုင်းသားတို့ရဲ့ လယ်ကန် သင်းဖွဲ့ထားတာကို မြင်တော်မူသတဲ့။ ကန်သင်းဖွဲ့ထားပုံက လေးထောင့်လယ် ကွက်နှစ်ခုရဲ့ အကြားမှာ ခရီးဆုံးသကဲ့သို့ အကန့်ငယ် ဖွဲ့ထားသတဲ့။ လယ်နှစ်ကွက် ရဲ့ အကြားမှာတည်ရှိတဲ့ အကန့်ငယ်က လယ်ကိုရေသွင်းဖို့ ဖွဲ့ထားတဲ့ရေမြောင်း ငယ်ပဲ။ အဲဒီလို စနစ်တကျ ကန်သင်းဖွဲ့ ထားတဲ့ မဂဓလယ်ကို မြင်တော်မူတော့ ဘုရားရှင်က

“အာနန္ဒာ၊ လယ်ကန်သင်းဖွဲ့ထား ပုံကို မြင်ရဲ့လား”လို့ မေးတော်မူသတဲ့။ ရှင်အာနန္ဒာက “မြင်ပါကြောင်း”လျှောက် ထားတော့ ဘုရားရှင်က –

“သင်ဟာ လယ်ကန်သင်းဖွဲ့ထား သလို  သင်္ကန်းကို စီရင်နိုင်ပါ့မလား” လို့မေးတော်မူတယ်။ ရှင်အာနန္ဒာက “စီ ရင်နိုင်ပါတယ်ဘုရား”လို့ လျှောက်ထား ပြီး ဇနပုဒ်ကနေ ရာဇဂြိုဟ်ပြန် ရောက် တဲ့အခါမဂဓလယ်ကွက်သဏ္ဌာန် သင်္ကန်း ချုပ်ပြီး ဘုရားရှင်ထံ ပြသသတဲ့သည် အခါ ဘုရားရှင်က  ချီးမွမ်းတော်မူပြီး “ရဟန်းတော်များဟာ မဖြတ်သော  သင်္ကန်းများကို မသုံးဆောင်ရ၊ ဖြတ်သော ဒုကုဋ်၊ ဖြတ်သောကိုယ်ဝတ်၊ ဖြတ်သော သင်းပိုင်များကိုသာ သုံးဆောင်စေ”လို့ ခွင့်ပြုတော်မူခဲ့သတဲ့ဟု ရှင်းပြလေရာ သမီးက –

“ဘုရားရှင်က ဘာကြောင့်အဲဒီလို အပိုင်းပိုင်းဖြတ်စေရတာလဲ မေမေ။ ပြီး တော့ လယ်ကွက် သဏ္ဌာန်ဖြတ်ချုပ်စေ ရတာကရော ဘာအတွက်လဲ” ဟုမေး ပြန်ရာ ကျွန်မလည်း မှတ်သားကြည်ညိုမိ သော တည်တောဆရာတော်ဘုရားကြီး ၏ အဖြေအတိုင်း ဤသို့ ပြောပြရလေ တော့သည်။

“အထည်ကို အပိုင်းပိုင်းဖြတ်ပစ် လိုက်တော့သူတစ်ပါးမရချင်မလိုချင်တော့ ဘူးဆိုတဲ့အကြောင်းကတစ်ကြောင်း စနစ် တကျချုပ်ထားလို့ ကြည်ညိုဖွယ်ဆောင် တာက တစ်ကြောင်းစနစ်တကျ ချုပ်ထား လို့ ကြည်ညိုဖွယ်ဆောင်တာက တစ် ကြောင်း။ ပုညက္ခေတ္တံ အနုတ္တံရံဆိုတဲ့အ တိုင်းသံဃာတော်သည် ကောင်းမှုတည်း ဟူသော မျိုးစေ့၏တည်ရာ လယ်မြေနှင့် တူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တာ ကတစ်ကြောင်း သည်အကြောင်းသုံးမျိုး ကြောင့် သင်္ကန်းကို လယ်ကွက်သဏ္ဌာန် ဖြတ်ချုပ်တော်မူ စေခြင်းဖြစ်တယ်” ဟု ပြောပြလိုက်လျှင် သင်္ကန်း စတင်ထွက် ပေါ်လာပုံမှစ၍ အတန်အသင့်သိရှိလိုက် ရသော ဗဟုသုတများကို ကျေနပ်အားရ သော ပုံစံဖြင့် –

“ကောင်းတယ် ကောင်းတယ် မေမေပြော ပြတာတွေကောင်းတယ်”ဟု ချီးကျူးစကားဆိုလေသည်။ကျွန်မလည်း သမီးဖြစ်သူအား ယခုကဲ့သို့ ပြောပြနိုင် ခြင်းမှာ စာပေ၏ကျေးဇူး၊ ဆရာတော်ကြီး ၏ကျေးဇူးဖြစ်ကြောင်းဂုဏ်တင်ရင်း ကျွန်မ၏ရင်တွင်း၌ တည်တော်ဆရာ တော်ဘုရားကြီးအား အကြိမ်ကြိမ် ဦးခိုက် နေမိပါလေတော့သတည်း။

 

ဇင်လဲ့ရည်နွယ်