ကြောက်စရာကောင်းတဲ့ မိဘစိမ်ရေ

ဝါဆိုလပြည့်နေ့ မတိုင်မီ အဖိတ် နေ့ညက ဖြစ်ပါသည်။ ကျွန်မသည် အဘ မင်းသိင်္ခပြခဲ့သော ဓာတ်ရှင်လေးပါး ဆွမ်း အလှူအတွက် ပြင်ဆင်နေချိန် ဖြစ်ပေ သည်။ ထိုအခိုက်တွင် သမီးသည်လည်း တတိယတန်း ပထမလပတ် စာမေးပွဲဖြေ ဆိုရန် ပြင်ဆင်နေချိန်လည်း ဖြစ်ပေ သည်။ သမီးသည် ရှင်မဟာသီလဝံသ ဆုံးမစာမှ အမေးအဖြေအချို့အား ဖတ် မှတ်နေလေသည်။ ထို့နောက်တွင် သမီး က –

“မေမေ မနက်ဆွမ်းကပ်ဖို့ ဘယ်အချိန် အိပ်ရာထမှာလဲ”ဟု မေးလေရာ ကျွန်မက –

“လေးခွဲငါးလောက်ပေါ့ သမီးရယ် သမီး … မထပါနဲ့။ မနက်ကျောင်းတက် ရမှာလေ”ဟု ပြောလိုက်လျှင် သမီးသည် အားရပါးရရယ်မောရင်းဖြင့်-

“လပြည့်နေ့ ကျောင်းပိတ်တယ်လေမေမေရဲ့”ဟု ပြောလိုက်လေရာ –

“ဟုတ်ပါ့အေ အသက်က ကြီးလာပြီဆိုတော့လည်း မေ့တာပေါ့”ဟု ခပ် ငေါ့ငေါ့လေး ပြောလိုက်မိလေသည်။ ထို့ နောက်တွင် သမီးက –

“သမီးစောစောက ဖတ်နေတဲ့ စာထဲမှာ မိဘဆရာများရဲ့ စားဦးစားဖျား များကို မစားကောင်းဘူးဆိုတာ ပါတယ် လေ။ စားချင်ရင် စိတ်မှတ်နဲ့ ရည်မှန်းရင်း လူကြီးမိဘတွေကို ဦးချပြီးမှ စားရတယ် လို့ပါတယ်နော်။ အဲဒီလိုမဟုတ်ဘဲ မိဘ၊ ဆရာ သမားတို့ရဲ့ စားဦးစားဖျားကို အရင် စားမိရင် ဘာဖြစ်တတ်လဲ မေမေ”ဟု မေးလေသည်။

ထို့ကြောင့် ကျွန်မက –

“စိမ်ရေသင့်တတ်တာပေါ့ သမီး ရဲ့” ဟု ဆိုလိုက်လျှင် သမီးက –

“စိမ်ရေဆိုတာ ဘာလဲမေမေ” ဟု ဆက်၍ မေးပြန်လေရာ ကျွန်မလည်း ဖတ်မှတ်ကြည်ညိုဖူးသော တည်တော ဆရာတော်ဘုရားကြီး၏ အမေး အဖြေစာ စုမှ ရရှိထားသော ဗဟုသုတများအတိုင်း ပြန်လည် ရှင်းပြဖြစ်ခဲ့လေတော့သည်။

“စိမ်ရေသင့်တယ်ဆိုတာ သိပ်ပြီး ကြောက် စရာကောင်းတယ်သမီးရဲ့ …။ မြေကြီးအတွင်းမှာ နစ်မြှုပ်နေတဲ့ ဓာတ် တော်မွေတော်တွေ၊ ရုပ်ပွားပေါ် တွေအ ပေါ် နင်းကျော်မိတာ၊ တရားပိဋကတ် တော်တွေ ပျံ့လွင့်နေတာကို နင်းကျော်မိ တာ၊ ရဟန်းတော်များရဲ့ အသုံးအဆောင် တွေဖြစ်တဲ့ သပိတ်ကွဲ၊ သင်္ကန်းစုတ်၊ ယပ် တောင်၊ ဖိနပ်ကစပြီး မြေမှာ တင်ကျန်နေ တာကို နင်းကျော်မိတာတို့၊ ရတနာ သုံးပါးနဲ့ စပ်တဲ့ သံ၊ ကြေး၊ ရွှေ၊ ငွေ၊ ကျောက်၊ ကြေး၊ ဆား၊ သကြား၊ ထောပတ် စတဲ့ ဘောဇဉ်တွေကို ယူ ဆောင်စားသုံးမိတာ၊ ဘုရားပိုင် သံဃာ ပိုင် ပစ္စည်းတွေကို အမှတ်မထင် ယူငင် သုံးစွဲမိတာ၊ ရတနာသုံးပါး မိဘဆရာ သမားတို့ရဲ့ အဦးအဖျားကို စားသောက် မိတာတို့ အိပ်ရာပေါ်တက်ရောက်မိတာ တို့၊ အရိပ်ကို နင်းကျော်မိတာ၊ လှည့်ဖျား ပြောဆိုမိတာ၊ ပြန်လှန် ပြောဆိုမိတာတို့၊ နောက်ပြီးတန္တရ၊ မန္တရဆရာများ စီရင် မြှုပ်နှံထားတဲ့ အင်းစတာတွေကို ကျော် နင်းမိတာ၊ မတရား သက်သေလိုက်မိ တာ၊ နတ်တွေကို ပြစ်မှားရန်ကျူးမိတာ အဲဒီအပြစ်တွေ ကျူးလွန်မိတာကို စိမ့်ရေ သင့်တယ်လို့ ဆိုတယ်”ဟု ရှင်းပြလိုက် လျှင် သမီးက –

“စိမ်ရေသင့်ရင် ဘာတွေဖြစ် တတ်လဲ မေမေ”ဟု မေးပြန်လေရာ ကျွန်မက –

“စိမ်ရေသင့်ပြီဆိုရင် ကျန်းမာ ရေးတွေ ပျက်စီးချို့ယွင်းမယ်။ အခြံအရံ ပျက်၊ စီးပွားပျက်၊ အာဏာပျက်၊ အယူ ပျက်၊ အကျင့်ပျက်ဆိုတဲ့ ဗျသန တရား မျိုးတွေ ကျရောက်လာတတ်သတဲ့။ စိမ် ရေ သင့်လို့ဖြစ်ရတဲ့ အဲဒီပျက်စီးခြင်းတွေ ဆိုရင်တော့ ဘယ်လိုမှ ကုစားလို့ မရဖြစ် တတ်တယ်”ဟုဆိုလိုက်လျှင် သမီးက –

“အဲဒါဆိုရင် စိမ်ရေသင့်တယ် ဆိုတာ တော်တော်ကြောက်ဖို့ ကောင်း တာပဲ။ ဘယ်လိုပြန်ကုစား ရတယ်ဆိုတဲ့ နည်းလမ်းလေးရှိရင် ကောင်းမှာပဲ နော် မေမေ” ဟု စိုးရိမ်သော အမူအရာဖြင့် ပြောလိုက် လေသည်။ ထို့နောက် ကျွန်မ က ဆက်လက်၍ –

“ကုစားတဲ့ နည်းလမ်းအနေနဲ့ ကတော့ လောကီ ဆေးကျမ်းမှာ ဆို ထားတဲ့ စိမ်ရေချတဲ့နည်းပဲ။ ဒါကြောင့် အချို့နာတာရှည်ရောဂါ စွဲကပ်နေရင် အဲဒီ ရောဂါပျောက်အောင်၊ စီးပွား ပျက် စီးရင် စီးပွားတိုးတက်အောင်၊ ကံအား နည်းပါးနေရင် ကံအားတိုး တက်လာ အောင် စိမ်ရေမှာချတတ်ကြသတဲ့။ အဲဒီ ဆေးကျမ်း အဆိုတွေကို လေးစားတဲ့အ နေနဲ့ ရှေးအခါက မင်းများဘိသိတ် မသွန်းမီ စိမ်ရေချရသတဲ့။ တစ်ဖန် မင်္ဂလာဦးအခါမှာလည်း အလုပ်အကိုင် စီးပွား တိုးတက်အောင် စိမ်ရေချကြ တယ်။ နောက်ပြီး သာသနာတော်အတွင်း ဝင်ရောက်တော့မည့် သာမဏေလောင်း တွေမှာလည်း လူ့ဘဝက စိမ်ရေ သင့်ခဲ့ တာ များရှိခဲ့ရင် စိမ်ရေကင်းစင်ပြီး သာ သနာတော် အတွင်းမှာ ကုသိုလ်စိတ်နဲ့ ပျော်မွေ့နိုင်အောင်  စိမ်ရေ ချကြသတဲ့”ဟု ရှင်းပြလိုက်လျှင် သမီးက ဆက် လက်၍ –

“အဲဒီလို စိမ်ရေချရင် အပြစ်တွေ ပျောက်သွားသလား မေမေ”ဟု မေး လေရာ ထိုအမေးနှင့် ပတ်သက်သည့် သဘောတရားအချို့အား သမီး နား လည်အောင် ရှင်းပြရလေသည်။ ထို့ နောက် ဖတ်မှတ်ထားသော ဗဟုသုတ စာစုထဲမှ ရှင်းလင်း ချက်များအတိုင်း ဆက်လက်၍ –

“စိမ်ရေဆိုတဲ့ အယူအဆဟာ ဗုဒ္ဓရဲ့ အယူအဆမဟုတ်ဘူး။ ဗြဟ္မဏ တို့ရဲ့ ဥဒကသုဒ္ဓီ အယူအ ဆမျိုးလို့ ဆိုတယ်။ အဲဒီအယူအဆဟာ ဗြဟ္မဏ တို့ရဲ့ အယူအဆပေါ့။ ရွှံ့စတဲ့ အညစ် အကြေးတွေ ကပ်ငြိနေရင် ရေဆေး တော့ စင်ကြယ်သွားသလို စိတ်အညစ် အကြေးတွေ၊ မကောင်းတဲ့ရောဂါ စတဲ့ အညစ်အကြေးတွေကို ရေနဲ့ စင်ကြယ် စေနိုင်တယ် စတဲ့ အယူအဆမျိုးကို ဥဒသုဒ္ဓိ အယူအဆမျိုးလို့ လွယ်လွယ် ခေါ်ကြသတဲ့။ အဲဒီအယူအဆတွေတို့ နိုင်ငံအထိ ပျံ့နှံ့လာတော့ ဘိသိက်သွန်း တာတို့၊ ရေစင်ဖျန်းတာတို့၊ ရေပက်ကစား ခြင်းတို့ ဆက်နွှယ် ဖြစ်ပေါ်လာတာပေါ့။ နောက်ပြီး ရေမန်းသောက် တယ်တို့၊ ပရိတ်ရေ ဆိုတာလည်း ဒီအယူအဆ ဆန်ဆန်ပဲလို့ ဆိုတယ်”ဟု ရှင်းပြလိုက် လျှင်သမီးသည် ခေါင်းလေးအား တ ဆတ်ဆတ်ညိတ်၍ တစ်စုံတစ်ရာ စဉ်း စားဟန်ဖြင့် ခေတ္တမျှ ငြိမ်သက်နေပြီး နောက် –

“အဲဒီလို စိမ်ရေချရင် ဘာတွေ လုပ်ရသလဲ မေမေ”ဟု မေးပြန်လေရာ ကျွန်မက –

“စိမ်ရေချတဲ့ စာကတော့ မူအ မျိုးမျိုးရှိသတဲ့။ အခု မေမေပြောပြမယ့် စိမ်ရေချစာကတော့ တည် တောဆရာ တော်ဘုရားကြီးရဲ့ ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေ စာစုထဲက မှတ်သားဖူးတဲ့ စိမ်ရေချ စာပေါ့ သမီးရယ်”ဟုဆိုကာ အောက်ပါအတိုင်း ရှင်းပြဖြစ်ခဲ့ပါလေ တော့သည်။

“စိမ်ရေသင့်ခြင်းကနေ လွတ် ကင်းပပျောက်ဖို့ စိမ်ရေချတော့မည်ဆိုရင် စင်ကြယ်သန့်ရှင်းတဲ့ ရေလိုတယ်။ နံခုနစ် ပါး၊ ပန်းခုနစ်မျိုးရှာထားရမယ်။ အဲဒီလို စိမ်ရေချတာကို တို့နိုင်ငံမှာတော့ ဆေး ဂိုဏ်း၊  အင်းဂိုဏ်း၊ သိဒ္ဓိဂိုဏ်းစတဲ့ ဂိုဏ်း တွေမှာ အသုံးများ ကြသတဲ့။

စိမ်ရေချပေးမယ့် ပုဂ္ဂိုလ်က စင် ကြယ်သန့် ရှင်းတဲ့ရေထဲမှာ နံခုနစ်ပါး၊ ပန်းခုနစ်မျိုးစိုက်ထားပြီး ရေချမ်းခွက်ကို လက်ဝဲလက်နဲ့ကိုင်၊ ပန်းကို လက်ယာ လက်နဲ့ကိုင်ပြီး နှုတ်က စိမ်ရေချစာကို ရွတ်ဆိုရင်း ပန်းနဲ့ရေကိုဆွတ်ပြီး ဖြန်းပေး ရသတဲ့။ ရွတ်ရတဲ့စာက –

‘သီတာရေဖျန်း၊ အေးစိမ့်ချမ်းမှု၊ ပန်းမျိုး ခုနစ်ပါး၊ ခယားကုက္ကို၊ စိမ်းညို မြေဇာ၊ သောကြာနံသီး၊ ထည့်ပြီးတစ် ခန်း၊ ညွန့်လန်းသပြေ၊ မသွေထန်းအုန်း၊ သုံးသုံးသမျှ၊ ကမ္ဘာ့ဆောင်ပန်း၊ ထုံးတမ်းရှိ ရာ ဘုရားစိမ်ရေ၊ တရားစိမ်ရေ၊ သံဃာ စိမ်ရေ၊ မာတာပိတ အမိအဖစိမ်ရေ၊ ဆရာသမားစိမ်ရေ၊ စိမ်ရေရှိသမျှအ ပေါင်း၊ မကောင်းအန္တရာယ်၊ ကိုယ်ဝယ် မရောက်၊ ဖြစ်စေသော်ဝ်။

ဥုံ ဘဒ္ဒကမ္ဘာ၊ ပေါ်ဦးစွာက၊ သဒ္ဓါ ကြည်ဖြူ၊ လူတို့ပြည်မှာ၊ ကပ်ရောက်လာ သည့်၊ ရောဂါအပေါင်း၊ မကောင်းအိပ် မက်၊ သက်သည့်အနေ၊ ဤစိမ်ရေကို၊ မသွေတကယ်၊ ရန်မျိုးကွယ်အောင်၊ ပယ် မည် ယခုလာသတည်း။

ဥုံဘုရား၊ တရား၊ သံဃာ ရတနာ မျိုး၊ ပုထိုးဂူကျောင်း၊ တန်ဆောင်းဇရပ်၊ ပြဿာဒ်စေတီ၊ သရီကိုယ်စား၊ သိမ် ကျောင်းများလည်း၊ ပြစ်မှားတစိ၊ နင်း ကျော်မိ၍၊ သင့်သည့်အနေ၊ ဤစိမ်ရေ သည်၊ မသွေခဏ လျှောစေသား။

ဥုံ ပုဆိုးကြွက်ခဲ၊ မလဲဝတ်ဆင်၊ မီးနေအိမ်အောက်၊ အလျောက်အလျား၊ သွားမိချေဖူး၊ တစ်ထွေဖူး၊ ဖရုံ၊ ဝင်တုံ လေငြား၊ လှေကားလက်ကသုံး၊ ကုန်း လျှိုးမိက၊ သင့်သည့်အနေ၊ ဤစိမ်ရေ  လည်း၊ မသွေခဏ လျှောစေသား။

ဥုံ ရွှေငွေဖန်မှန်၊ ကျောက်သံ ပတ္တမြား၊ ဖလားလင်ပန်း၊ တစ်ခန်းအ လျောက်၊ ယောက်မ၊ ယောက်ချို၊ စဖို ခနောက်၊ မှောက်ခုံမှောက်နှင့်၊ အ လျောက်အခင်း၊ ဝတ်စားကျင်းနှင့်၊ အခင်း သွားထား၊ တိုင်မိမှား၍၊ သင့်ငြားတစ်ထွေ၊ ဤစိမ်ရေလည်း၊ မသွေခဏ လျှောစေ သား။

ဥုံ အဘိုးအဘွား၊ အမိအဖ၊ စသည့်တစ်ထွေ၊ ဤစိမ်ရေသည် မသွေ ခဏလျှောစေသား။

ဥုံ ဒုဿကုဏ ငှက်မျိုးစသား၊ မိုးဝတိန် ညင်း၊ ငှက်ပျင်းစင်ရော်၊ ငှက် တော်၊ ဥဒေါင်း၊ မကောင်းခင်ပုတ်၊ ငှက် တကာလည်း၊ ဝေးရာလွင့်၍ ပျောက်စေ သား။

ဥုံ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင် ဆတ်၊ ဖွတ်ပုတတ်နှင့် သားမြတ်ထူးတွေ၊ ရေနေအမျိုး၊ြွေမဆိုး၊ြွေမဟောက်၊ ငန်းပြောက်၊ ငန်းကြီး၊ စပါးကြီး၊ လင်းမြွေ၊ ငန်းတော်ရေက၊ မြွေမျိုးစသည် ကြောက်စရာမြင်ချေ။ ဤစိမ်ရေလည်း၊ မသွေခဏ လျှောစေသား။

ငါးဖြာရန်သူ၊ ဆယ်ဆူသောဒဏ်၊ ရှစ်တန် သောအပြစ်၊ အညစ်ဆယ်ပါး၊ နှစ်ဆယ့်ငါးဘေး၊ ကင်းဝေးစေရာ၊ ဆယ့် ခြောက်ဖြာနှင့်၊ ကင်းကွာဥပဒ်၊ မကပ် ဒွတ္တိံသ၊ ဆနဝုတိ၊ မရှိကိုယ်ဝယ်၊ လွင့် ပျောက်ပြယ်သည်၊ မတွယ်ရှင်းကွာ ဝေး စေသား။

သုခချမ်းသာ၊ ကိုယ်၌သာလျှင်၊ အကွာအမြဲ ရှိစေသား။

မာဃဣန္ဒာ၊ အသုရာနှင့် ဒေဝါ ဒေဝ စသည့် ကျော်သောင်း၊ နတ်အ ပေါင်းတို့၊ ကောင်းကျိုးချမ်း သာဝေးစေ သား။

တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓ ဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ခုနစ်ရက်မွေးဖွား ယောကျာ်း မိန်းမဟူ သမျှလည်း မြင်ကစုံမက်၊ ရန်ဝယ်ထွက် သို့၊ မပျက်မေတ္တာ မျှစေသား။

ဘင်နာ၊ စိန်၊ ဒန်၊ သံနှင့်ဆေး ဒန်း၊ ယမ်း၊ ဆား၊ ဒုတ္ထာ၊ သီလာကျောက် မျိုး၊ ပြီးမျိုးကာယ၊ အကွယ်စသည်၊ မြှုပ်ထစက်မှု၊ အနုနတ်ဆေး၊ ရုပ်သေးခါး လှည့်၊ လက်ဖွဲ့အင်းဆောင်၊ ကြံတိုင်း အောင်၍ ဆောင်တိုင်းမကြာ မြောက်စေ သား။

သူကျင့်သူပြု၊ ပညာမှုလည်း မယုမယိုင်၊ မခိုင်နက္ခတ်၊ စန်းပြတ်လွန်း ပြတ်၊ နဝင်းပြတ်နှင့်၊ ဂြိုဟ်ပြက်ဂြိုဟ်ဝင်း၊ ဂြိုဟ်ဆင်ဂြိုဟ်နင်း၊ ဂြိုဟ်ချဉ်း ဂြိုဟ်စီး၊ လဂ်စီးဂြိုဟ်သွား၊ မြှုပ်ထားအင်းပျက်၊ အိပ်မက်အပေါင်း၊ မကောင်းမသိ၊ ငှက်ပျံ ငှက်ဝဲ၊ြွကက်ခဲတမျှ၊ ဂြိုဟ်ပါပနှင့်၊ ဆနု ဝုတိ၊ မရှိကိုယ်ဝယ်၊ လင့်ပျောက်ပယ်၍ မတွယ်ရှင်းကွာ ဝေးစေသား။

အူသိမ်အူနု၊ အပိန်အညှော်၊ နာသော်အပေါင်း၊ မကောင်းသောစိမ်ရေ၊ မကောင်းသောဥပဒ်အန္တရာယ်၊ မကောင်း သောဘေးဒဏ်တို့သည် ဗုဒ္ဓါနုဘာဝန မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဓမ္မာနုဘာဝေန တရား တော်၏ တန်ခိုးတော် အားဖြင့်လည်း ကောင်း၊ သံဃာနုဘာဝေ န – သံဃာ တော်၏ တန်ခိုးတော်အားဖြင့်လည်း ကောင်း၊ ဝိနဿန္တု-ပိန်းကြာဖက်တွင်ရေ မတင်သကဲ့သို့ လျင်မြန်စွာ ကင်းပျောက် ကြပါစေကုန်သတည်း

အဲသလို ရွတ်ရတယ်။ အဲဒါစိမ် ရေချတဲ့ စာချိုးပဲ” ဟု ရှင်းပြလိုက်လျှင် သမီးက –

“တချို့အမှားတွေက မသိလို့ လုပ်လိုက်မိတာတွေလည်း ရှိတတ်တယ် လေ မေမေရယ်၊ အဲဒါဆို ရင်ကော အ ပြစ်ဖြစ်တာပဲလား”ဟု မေးလာပြန်လေ တော့သည်။

ကျွန်မသည် သမီး၏အမေးအား ဖြေကြားရန် အသက်ကို ပြင်းပြင်း ရှူ၍ ပြန်ထုတ်ရင်း အားယူ လိုက်မိလေသည်။ ထို့နောက် သမီးအား ဤသို့ ဆက်လက် ရှင်းပြဖြစ်ခဲ့လေသည်။

“စိမ်ရေ သင့်စေတတ်တဲ့ အ ကြောင်းတွေမှာ မသိလို့ ပြုမိတတ်တဲ့ အပြစ်တွေ ရှိတတ်သတဲ့။ ဥပမာအားဖြင့် အနီးစပ်ဆုံးကို ပြောရရင် မိစိမ်ရေ၊ ဖစိမ် ရေပေါ့။ မိဘနဲ့ အတူနေရုံနဲ့တော့ စိမ်ရေ သင့်တာ မဟုတ်ဘူးနော်။ မိအိုဖအိုတွေနဲ့ အချိန်ကြာကြာနေလာရင်းက တစ်ခါတစ် ရံမှာ စိတ်အလိုမကျတာ ရှိမယ်။ ပါးစပ်က ပြန်လှန်ပြောဆိုမိမယ်။ ကိုယ်အားဖြင့် အဂါရဝ ပြုကျင့်မိသွားတာမျိုး ရှိတတ် တယ်။ စိတ်နဲ့လည်း ပြစ်မှားမိတတ်တယ် ပေါ့။ ဒီပြစ်မှုတွေဟာ တကယ်တော့ ကြီး ကြီးမားမားမဟုတ်ကြဘူး။ အမှတ်မထင် ပြုမိတာဆိုပေမယ့် အပြစ်ရောက်တတ် သတဲ့။ အကြောင်းဥပမာ တစ်ခုအနေနဲ့ အိုးကြီးအတွင်း မိုးရည်စက်တွေ ကျပါ များလာတော့ အတွင်းမှာ မိုးရေတွေ ပြည့် သွားသလိုပေါ့။ ပြစ်မှားမိတဲ့ အပြစ်တွေ၊ မကောင်းမှုတွေဟာလည်း ရက်၊ လ၊ နှစ် တွေ ကြာညောင်းလာတော့ မကောင်းမှု တွေ ပြည့်လာတဲ့သဘောပဲတဲ့။

ဒါကို မြန်မာတို့က ဆေးဝေါဟာရ အားဖြင့် စိမ်ရေသင့်တယ်လို့ ခေါ်သတဲ့။ မိစိမ်ရေ၊ ဖစိမ်ရေဟာ ပြစ်မှားလိုစိတ် မပါရင် မသက်ရောက်နိုင်ဘူးလို့လည်း   ဆိုတယ်။

ဘုရားကျောင်းဝင်းအတွင်း ဖိနပ် ချွတ်ခြင်း၊ ထီးရုပ်သွားခြင်းတို့တွေမှာ လည်း ဒီလိုပဲ။ မိမိတို့ရဲ့ စိတ်သန္တာန်မှာ ကြည်ညိုရိုသေစိတ်နဲ့ ဖိနပ်ချွတ်၊ ထီးရုပ် ပြီးသွားခဲ့ရင် ကုသိုလ်တရားတွေ တိုးပွား စေသတဲ့။ ဘာပဲဖြစ်ဖြစ်ဆိုပြီး ဖိနပ်စီး၊ ထီးဆောင်းသွားခဲ့ရင်တော့ မိမိသန္တာန်မှာ ပြစ်မှားလိုစိတ်က သိသိသာသာသော် လည်းကောင်း၊ မသိမသာသော်လည်း ကောင်း ပါသွားတတ်တဲ့အတွက် သွား ရင်းလာရင်း အကုသိုလ်တွေ ဖြစ်ကုန် တယ်လို့ဆိုတယ်”ဟု ရှင်းပြလိုက်လျှင် သမီးက ဆက်လက်၍ –

“ရတနာသုံးပါး မိဘဆရာသမား များနဲ့ ကြာရှည်စွာ နေထိုင်ဖူးတဲ့ အချို့လူ တွေမှာလည်း စိမ်ရေ သင့်တတ်တာပေါ့ နော်။ အမှတ်မထင် အပြစ်တွေလည်း ဖြစ်သွားတတ်တာပဲ မေမေရယ်။ ဘာပဲ ဖြစ်ဖြစ် စိမ်ရေချတဲ့ စာလေးတော့ ကျက် ထားရင် ကောင်းမယ်ထင်တယ်” ဟု ကြီးကြီးကျယ်ကျယ် စကားလုံးများကို ဟန်အပြည့်နှင့် ပြောလေသည်။

ထို့ကြောင့် ကျွန်မက –

“ကျက်ထားရင်တော့ ကောင်း တာပေါ့ သမီးရယ် …တစ်နေ့နေ့ တစ် ချိန်ချိန်လိုအပ်လာရင် သုံးလို့ ရတာပေါ့” ဟု ပြန်ပြောလိုက်လျှင် သမီးက-

“သမီးက အဲဒီလို ရည်ရွယ်တာ မဟုတ်ဘူး  မေမေရဲ့ …၊ မေမေ့လို ဘုရားရှိခိုးရင်းနဲ့ထည့်ပြီး ရွတ် ချင်တာ” ဟု လေးနက်သော အမူအရာဖြင့်ပြော လေသည်။

ကျွန်မသည် ဘုရားရှိခိုးခြင်းနှင့် တွဲဖက်၍ ဂုဏ်တော်ပွားများခြင်း၊ ပရိတ် တော်များရွတ်ဖတ်ခြင်း စသည်များကို ပြု လုပ်လေ့ရှိပါသည်။

ထို့အပြင် ဘဝသံသရာ ခရီးတစ် လျှောက်တွင် ပတ်သက် ဆက်နွှယ်ခဲ့ဖူး ကြကုန်သော အမိဟောင်း၊ အဖဟောင်း၊ ဆရာသမားဟောင်း၊ ဘိုးဘွားဟောင်း စသည်တို့၏အပေါ်တွင် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကံသုံးပါးဖြင့် ပြစ်မှားကျူး လွန်မိသည်များ ရှိပါက ပြေပါစေခြင်း၊ ပျောက်ပါစေခြင်း၊ ကျေအေးပါစေခြင်း အကျိုးငှာ သက်တော်ထင်ရှားဘုရားရှင် ကြီးအားအာရုံပြု၍ ရှင်တော်မြတ်ဘုရား ၏ရှေ့မှောက်တွင် ဝန်ချတောင်းပန် ကန် တော့ပါ၏။ ပြစ်မှားကျူးလွန်မိသည့် ကံ များမရှိပါကလည်း ထိုထိုသော ကျေးဇူး ရှင်ကြီးများ၏ ကျေးဇူးများကို အာရုံပြု၍ ကန်တော့ ပန်းဆင်အပ်ပါကြောင်း ပြော ကြား၍ ကန်တော့လေ့ရှိလေသည်။

ထို့နောက် အမှတ်မထင်ပြုမိခြင်း၊ ပြောဆိုမိခြင်းတို့ကြောင့် စိမ်ရေသင့်စေ တတ်သည်ဟုဆိုသော ဘုရားကျောင်း ကန်အတွင်း ထီး၊ ဖိနပ် မရုပ်ဘဲ သွား မိခြင်း၊ မိဘများအား စိတ်အလိုမကျ၍ ပြန်လှန်ပြောဆိုမိခြင်း စသည့် စသည့်အ ပြစ်များ ရှိခဲ့ပါလျှင်လည်း ဝန်ချတောင်း ပန်ကန်တော့ခြင်းအနေဖြင့် ယခုဖော်ပြခဲ့ သော စိမ်ရေချစာအား ရွတ်ဆို၍ အလေး အနက် တောင်းပန်လျက်ရှိလေသည်။

ထိုအကြောင်းအရာ၊ အပြုအမူ၊ ရည်ရွယ်ချက်တို့ကို ကြားမြင်သိရှိနေ သော သမီးသည် ကျွန်မကဲ့သို့ပင် ရှိခိုး ချင်၍ ကြိုးစားကျက်မှတ် ရွတ်ဖတ်မည် ဟူသော စကားအား ကြားသိလိုက်ရ သောအခါတွင် ကျွန်မသည် လွန်စွာ အား ရကျေနပ်နေမိလေတော့သည်။

ထို့နောက် စိတ်အာရုံကျရောက်၍ ဆန္ဒရှိပါလျှင် ချစ်စွာသော စာရှုသူများ လည်း ရွတ်ဖတ်နိုင်စေရန် ရည်သန်လျက် ဖတ်မှတ်ဖူးသော တည်တောဆရာတော် ကြီး၏ အမေးအဖြေစာစုများမှ ရရှိထား သော ဗဟုသုတများအား ကောက်နုတ် ရေးသား တင်ဆက်လိုက်ခြင်း ဖြစ်ပါလေ တော့သတည်း။

 

ဇင်လဲ့ရည်နွယ်