ဒေါ်ဝါယောနှင့် ကျော်ကြားအောင် ဓာတ်ဆင်နည်း

တစ်နေ့သ၌ ကျွန်ုပ်သည် ယုဇနဥယျာဉ်မြို့ တော် (စီ)ဘလောက် ၂ လမ်းထိပ်ရှိ ကျွန်ုပ်၏ ဗေဒင် ဟောခန်းကလေးရှိရာသို့ ခပ်ဝ၀ မိန်းမကြီးတစ်ဦး သည် ရောက်ရှိလာလေ၏။

ထိုမိန်းမကြီး၏ အမည်ရင်းမှာ ဒေါ်လှချော ဟူ၍ ဖြစ်သော်လည်း လွန်စွာမှ စကားများ၍ အင်မ တန်မှ လျှာရှည်လှသောကြောင့် ကျွန်ုပ်က ဒေါ်ဝါ ယောဟူ၍ နောက်ပြောင်ခေါ်တွင်ခဲ့ရာမှ အစပြုကာ ထိုမိန်းမကြီး၏ အမည်သည် မုန့်လုံးရေပေါ်မဝေ ကင်ပွန်းမတပ်ရပါဘဲနှင့် ဒေါ်ဝါယောဟူ၍ ကောင်း စွာ တွင်ခဲ့ရရှာလေတော့သတည်း။

ဒေါ်ဝါယောကြီးသည် ကျွန်ုပ်အား တွေ့လိုက် သည်နှင့် ပြုံးစစလုပ်ရင်း လက်မတစ်ဖက်ကို ထောင် ပြလေ၏။ တစ်ချိန်တည်းမှာပင် –

“ဆရာဆီမှာ ဗေဒင် စောစောကြည့်ရဖို့ မနက်လေးနာရီလောက်ကတည်းက အိပ်ရာကထပြီး ထွက်လာခဲ့ရတာ ဆရာရေ။ အခုကျွန်မရှေ့မှာ ဘယ် သူမှ မရှိဘူး မဟုတ်လား။ အဲဒီတော့ ကျွန်မကိုသာ   စပြီးဟောပေတော့”ဟု ပိုင်နိုင်သော လေသံမျိုးဖြင့် ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း –

“ကဲပါ ဒေါ်ဝါယောရယ် ဘာအကြောင်းတွေ ပေါ်လာပြန်ပြီလဲ။ တိုတိုနဲ့ လိုရင်းပြောဗျာ”ဟု ပြော လိုက်ရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက –

“ကျွန်မ တူမလေးတစ်ယောက်အတွက် မေးချင်တာပါ။ သူက အဆိုတော်လုပ်ချင်လို့တဲ့”ဟု ပြောပြီး စကားကို ရပ်ထားလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“အဆိုတော်လုပ်ချင်တာပဲဗျာ၊ ဘယ်သူက တားထားတာမှတ်လို့၊ လုပ်ပေါ့ဗျ”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက –

“ဘယ်သူကမှ တားထားတာ မဟုတ်ဘူး လေ ဆရာရဲ့။ ဒါပေမဲ့ မလွယ်ဘူးလေ။ ရိုးရိုးအဆို တော် ဖြစ်ချင်တာမဟုတ်ဘူး။ အောင်မြင်ကျော်ကြား တဲ့ အဆိုတော်မျိုးဖြစ်ချင်တာ။ အဲဒါဘာတွေဘယ်လို လုပ်ရမလဲဆိုတာ သိချင်လို့ ဆရာ့ဆီသို့လာခဲ့တာ” ဟု ပြန်၍ ပြောလေ၏။ ထိုအခါ၌ ကျွန်ုပ်က –

“ဗေဒင်ကိန်းခန်း မပါဘဲ ပြောရမယ်ဆိုရင် တော့ အောင်မြင်ကျော်ကြားတဲ့ လူအားလုံးဟာ အောင်မြင်ကျော်ကြားတဲ့လူလိုပဲ နေကြထိုင်ကြ ပြုမူ ကြတယ်ဗျ။ အရေးကြီးဆုံးကတော့ အဲဒါပဲဗျာ”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက –

“ဘယ်လိုမျိုးလဲဆရာရဲ့ ရှင်းရှင်းပြောစမ်းပါ”ဟု ပြန်၍ပြောလေ၏။

ကျွန်ုပ်။  ။ ဒါဖြင့်ခင်ဗျားကို တစ်ခုမေးမယ်ဗျာ အောင်မြင်ကျော်ကြားတဲ့လူတွေရဲ့ အမူအရာဟာ ရွှင် လန်းတက်ကြွနေမလား။ ငေးတိငေးငိုင်ကြီးဖြစ်နေ မလား။

ဒေါ်ဝါယော။ ။ ဒါကတော့ ဆရာရယ် ရွှင် လန်းတက်ြွကနေမှာပေါ့။

ကျွန်ုပ်။ ။ သူတို့ရဲ့ မျက်နှာကရော ပြုံးချို နေမလား၊ မဲ့ရွှဲ့နေမလား။

ဒေါ်ဝါယော။ ။ ပြုံးချိုနေမှာပေါ့ ဆရာရဲ့။

ကျွန်ုပ်။  ။ ဒါဖြင့်ရင် လူအများစုဟာ ရွှင်လန်း တက်ကြွနေတဲ့သူကို သဘောကျမလား။ ငေးတိငေး တိုင်ဖြစ်နေတဲ့သူကို သဘောကျမလား။

ဒေါ်ဝါယော။ ။ ဒါများမေးနေရသေးသလား ဆရာ။ ရွှင်လန်းတက်ြွကနေတဲ့သူကိုပဲ သဘောကျ မှာပေါ့။ အားကျမှာပေါ့။

ကျွန်ုပ်။ ။ မျက်နှာလေး ပြုံးချိုနေတဲ့လူကို သဘောကျမလား၊ မဲ့ရွှဲ့နေတဲ့လူကို သဘောကျမ လား။

ဒေါ်ဝါယော။ ။ ဒါလည်း ဆရာရယ် ပြုံးချို နေတဲ့လူကိုပဲ သဘောကျမှာပေါ့။ အားကျမှာပေါ့

ကျွန်ုပ် ။ ။ အဲဒီတော့ ဒေါ်ဝါယောရယ် လူအ များစုဟာ ကြီးပွားချမ်းသာ အောင်မြင်နေတဲ့လူတွေ ကို သဘောကျတယ်။ အားကျတယ်။ သူတို့ရဲ့ ရွှင် လန်းတက်ြွကမှုမျိုး၊ ပြုံးပြုံးချိုချို ရယ်ရယ်မောမော နေခြင်းမျိုးတွေကို အားကျတယ်။ အဲဒီလိုဖြစ်ချင် တယ်။ အဲဒီအတွက် အဲဒီလူကို စိတ်ဝင်စားပြီး အဲဒီ လူကို အားပေးချင်တယ်။ အဲဒီလို အားပေးကြတဲ့ အတွက် အဲဒီလူမှာ ပရိသတ်ပိုများလာပြီး ပိုပြီး အောင် မြင်တော့တာပေါ့ ဒေါ်ဝါယောရယ်။

အဲဒီတော့ အောင်မြင်ကျော်ကြားချင်တဲ့ လူ တစ်ယောက်ဟာ အခုအခြေအနေမှာ ဘယ်လောက် ပဲ နိမ့်ကျနေပါစေ ကိုယ့်ကိုယ်ကို အောင်စိတ်မွေးပြီး အောင်မြင်ပြီးသား လူတစ်ယောက်လို ရွှင်ရွှင်လန်း လန်းတက်တက်ကြွကြွပြုမူနေထိုင်ပြောဆိုနေနိုင်ဖို့ ပါပဲ။

ကျွန်ုပ်က အထက်ပါအတိုင်း ပြောဆိုပြီး နောက် စကားကိုရပ်ရင်း ဒေါ်ဝါယောကြီး၏ မျက်နှုာ အား အကဲခတ်နေမိလေ၏။ ဒေါ်ဝါယောကြီးလည်း ခေါင်းတဆတ်ဆတ်ဖြင့် နားထောင်ရင်း –

“ဟုတ်တယ်နော် ဆရာ ဒါကြောင့် အောင် မြင်ကျော်ကြားတဲ့သူတွေဟာ ထပ်ထပ်ပြီး အောင် မြင်ကျော်ကြားနေကြသလို မအောင်မြင်သူတွေ၊ ရှုံး နိမ့်သူတွေဟာ ထပ်ထပ်ပြီး မြုပ်မြုပ်သွားကြတာ ပေါ့”ဟု အလေးအနက် ပြောလေ၏။ ထို့နောက် ၄င်းကပင်ဆက်လက်၍ –

“ဆရာ့ဆီက ဒီအသိလေး ရလိုက်တာ တော်တော့်ကို အဖိုးတန်ပါတယ် ဆရာရယ်။ ဒါ့အပြင် ဗေဒင်နည်းလေး၊ ဂမ္ဘီရနည်းလေးတွေ ရှိရင်လည်း ပြောပြပါဦး”ဟု ပြောပြန်လေ၏။ ထို့ကြောင့်ကျွန်ုပ် က –

“ကျုပ်တို့ဆရာကြီး အဘမင်းသိင်္ခသင်ပေး ဖူးတဲ့ နည်းတစ်ခုကတော့ ကျော်ကြားအောင် ဓာတ် ဆင်နည်း”လို့ ခေါ်တယ်ဗျ။

ကျော်တဲ့ဓာတ်အတွက် ဘုရားမှာ အကြော် လေးမျိုးလှူရမယ်။ ဘာအကြော်တွေလဲဆိုရင် ကြက် ကြော်ရယ်။ ငှက်ကြော်ရယ်။ နဝင်းကြော်ရယ်၊ အငြင်းကြော်ရယ်။ အဲဒီအကြော်လေးမျိုးလှူရမယ် ဗျ}}ဟု ပြောလိုက်လျှင် ဒေါ်ဝါယောကြီးက ရင်ဘတ် ကို ဖိရင်း –

“အောင်မလေး ဆရာ့ဟာကလည်း ကြံကြီး စည်ရာတွေ ပါလား။ ကြက်တွေ၊ ငှက်တွေကတော့ ထားပါတော့။ နဝင်းကောင်တွေ၊ အငြင်းကောင်တွေ က ဘယ်မှာသွားရှာရမှာတုန်း”ဟု မေးလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က ရယ်မောရင်း –

“ဒီလိုပါ ဒေါ်ဝါယောရယ်။ ရှေးလူကြီးတွေ က အတိုမှတ်ရလွယ်အောင် ပြောခဲ့တာပါ။ ကြက် ကြော်ဆိုတာက ကြက်သွန်ကြော်ကို ပြောတာ၊ ငှက် ကြော်ဆိုတာက ငှက်ပျောကြော်ကိုပြောတာ၊ နဝင်း ကြော်ဆိုတာက ဘယာကြော်ကိုပြောတာဗျာ။ ဘဆို တာက ကြာသပတေး ၅၊ ယာ ဆိုတာက ဗုဒ္ဓဟူး ၄၊ ပေါင်းလိုက်တော့ ၉ ရတယ်ဗျာ။ အငြင်းကြော်ဆို တာက ဘူးသီးကြော်ကို ပြောချင်တာဗျာ။ မသိဘူး။ မရှိဘူး။ မလုပ်ဘူး ဘူးခံပြီး ငြင်းတဲ့သဘောမဟုတ် လား။ အဲဒီတော့ ဘူးသီးကြော်ဆိုတော့ အငြင်းကြော် ပေါ့ဗျာ။

အဲဒီ အကြော်လေးမျိုးကို ကိုးခုစီ လှူရ မယ်ဗျ။ အသံထွက်အတိုင်းဆိုရင် အကြော်ဆိုတာ ဟာ ကျော်တဲ့ဓာတ်ကို ယူတာပေါ့ဗျာ။

နောက်တစ်ခု ကြားဆိုတဲ့ ဓာတ်အတွက်က အကြော်လှူတဲ့ ကုသိုလ်ကောင်းမှုကို ခေါင်းလောင်း ထိုး၊ ကြေးစည်ခေါက်ပြီး အမျှအတန်းပေးဝေရမယ် ဗျ။ ခေါင်းလောင်းသံ၊ ကြေးစည်သံဆိုတာကြားစေတဲ့ ဓာတ်ကိုယူတာပေါ့ဗျာ။ အဲဒီမှာ ဘယ်လိုခွဲပြီး မှတ်ရ မလဲဆိုတော့ ယောကျာ်းဆိုရင် ကြေးစည်ခေါက်ပြီး အမျှဝေရမယ်၊ မိန်းမဆိုရင် ခေါင်းလောင်းထိုးပြီး အမျှဝေရမယ်ဗျ။

အဲဒါအကျော်အကြား ဓာတ်ဆင်နည်းပါပဲ။ ဒါကို ကိုယ့်ရဲ့ မွေးနေ့မနက် ကိုးနာရီ ၄၅ မိနစ်မှာ လုပ်ရင်လည်း ရတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့် မွေးနေ့ရဲ့ သီရိကျတဲ့နေ့မှာ လှူရင်လည်းရတာပေါ့” ဟု ကျွန်ုပ်က ရှည်လျားစွာ ရှင်းပြလိုက်လေ၏။ ထို အခါ ဒေါ်ဝါယောကြီးက –

“ဘယ်လိုဟာမျိုးလဲ ဆရာရဲ့” ဟု ပြန်၍ မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က –

“တနင်္ဂနွေ သားသမီးအတွက်ဆိုရင် သော ကြာနေ့၊

တနင်္လာသားသမီးအတွက်ဆိုရင် တနင်္ဂနွေ နေ့၊

အင်္ဂါသားသမီးအတွက်ဆိုရင် တနင်္လာနေ့၊

ဗုဒ္ဓဟူးသားသမီးအတွက်ဆိုရင် အင်္ဂါနေ့၊

ကြာသပတေး သားသမီးအတွက်ဆိုရင် စနေနေ့၊

သောကြာသားသမီးအတွက်ဆိုရင် ဗုဒ္ဓဟူး နေ့၊

စနေသားသမီးအတွက်ဆိုရင် ဗုဒ္ဓဟူးနေ့” ဟု ပြောပြလိုက်ရာ ဒေါ်ဝါယောကြီးလည်း

“ဟုတ်သွားပြီ ဟုတ်သွားပြီ။ ဒီလောက်ဆို ရင် တော်တော်ဟုတ်သွားပြီ။ အဲဒီတော့ ပြန်မယ် ဆရာရေ။ ဟုတ်တုန်းလေးမှာ ရပ်ထားလိုက်မှ။ ဟုတ် တာထက် ပိုသွားရင် ရှုပ်ကုန်တတ်တယ် ဆရာရဲ့”ဟု ပြောဆိုရေရွတ်ပြီးနောက် ကျွန်ုပ်၏ ဟောခန်းမှ ရွှင် လန်းတက်ကြွစွာ ထွက်ခွာသွားပါလေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ