ရိုစီမပြောပြတဲ့ လိုလျှင်ကြံဆ ဂမ္ဘီရ

တစ်နေ့သ၌ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း မကြီး၊ ဘူတာရုံလမ်းမှတ်တိုင်အနီး အေးရိပ်မွန် ၁ လမ်းရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းကလေး ရှိရာသို့ စာပို့သမားလေးတစ်ဦးသည် စက်ဘီး တစ်စီးကို တချောက်ချောက်နင်းလျက် ရောက်ရှိ လာလေ၏။

၎င်းစာပို့သမားလေးက ကျွန်ုပ်အား စာ သုံး စောင်ထုတ်၍ ပေး၏။ ကျွန်ုပ်လည်း ၄င်းအားခေတ္တ အမောပြေ ထိုင်စေပြီးလျှင် လက်ဖက်ရည်တစ်ခွက် တိုက်ရလေ၏။ ၄င်းပြန်သွားသောအခါ ကျွန်ုပ်သည် စာများကို ဖောက်၍ဖတ်ကြည့်၏။ နှစ်စောင်မှာ နယ် မှ ကျွန်ုပ်၏ ပရိသတ်များက ရေးသားလိုက်သော စာများဖြစ်၏။

တစ်စောင်မှာမူ သာမန်စာအိတ်များနှင့် မတူ ဘဲ လွန်စွာမှ ထူထဲလှတော့၏။ ဗလာစာအုပ်နှစ်အုပ် စာခန့်မျှပင် ရှိလောက်ပေ၏။ ထိုစာသည်ကား တခြား မဟုတ်။ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး မယ်မင်း ကြီးမ ရိုစီမထံမှ ဖြစ်လေတော့၏။

၎င်း၏စာတွင် ယခုအခါ၌ ၄င်းသည် ၄င်းနှင့် ခင်မင်ရင်းနှီးနေသော နိုင်ငံခြားသား ခရီးသည်အချို့ က ဖိတ်ခေါ်သောကြောင့် ၄င်းတို့နှင့်အတူ ချောင်း သာသို့ ရောက်ရှိနေကြောင်း။ ချောင်းသာမှတစ်ဆင့် ပုဂံသို့ ဆက်၍ကူးဦးမည်ဖြစ်ကြောင်း။ ကျွန်ုပ်ထံသို့ နှစ်ပတ်ခန့်အတွင်း ရောက်လာနိုင်ဦးမည်မဟုတ် ကြောင်းဖြင့် ရေးသားပါရှိလေ၏။

ထို့အပြင် ကျွန်ုပ်အပျင်းပြေဖတ်ရန် ဤစာကို  ရေးသားလိုက်ရခြင်းဖြစ်ရကြောင်း၊ ဤစာတွင် လတ် တလော အသုံးပြုနိုင်သော ဂမ္ဘီရနည်းတိုလေးတစ်ခု နှင့်အတူ အနယ်နယ်အရပ်ရပ်မှ ၄င်းကြားခဲ့သိခဲ့ရ သော လျှို့ဝှက်ဆန်းကြယ်ဂမ္ဘီရဆန်သည့် စုံထောက် ဝတ္ထုဆန်သည့် ဖြစ်ရပ်များကိုလည်း ဖောက်သည် ချလိုက်ပါကြောင်း ရေးသားပါရှိလေ၏။

ကျွန်ုပ်လည်း ၄င်း၏စာကို ဆက်၍မဖတ် သေးဘဲ စားပွဲပေါ်တွင် တင်ထားလိုက်၏။ ကလေးနာ မည်ပေး၊ လုပ်ငန်းနာမည်ပေး၊ ဗေဒင်ဟောစာတမ်း၊ လက္ခဏာဟောစာတမ်း စသည်များကို ဇယ်ဆက်သ ကဲ့သို့ လုပ်နေရလေ၏။

ထိုနေ့ည ဆယ်နာရီခွဲခန့်တွင်ကျမှ ဗေဒင် အလုပ်များ လက်စသတ်နိုင်သောကြောင့် ရိုစီမ၏ စာတစ်ထပ်ကြီးကို အေးအေးလူလူ ဖတ်နိုင်လေတော့ ၏။ ကျွန်ုပ်ကိုယ်တိုင် စာရေးဆရာတစ်ဦးဖြစ်နေသော် ငြားလည်း နှစ်တန်းမျှပင် မအောင်ခဲ့သည့် ရိုစီမလေး ၏စာများကိုဖတ်ရင်း ကျွန်ုပ်သည် စာထဲတွင် နစ် မျောသွားသည်ဖြစ်ရာ နံနက်နှစ်နာရီထိုးမှပင် အိပ်ရာ ဝင်ခဲ့နိုင်လေတော့၏။ ゞင်းရေးသားထားသော အ ကြောင်းအရာများသည် လွန်စွာမှလည်း ထူးဆန်း ၏။ လွန်စွာမှလည်း စိတ်ဝင်စားဖွယ် ကောင်း၏။ ဝတ္ထုအဖြစ် အကျအန ချရေးလိုက်မည်ဆိုပါက ပရိသတ် လွန်စွာနှစ်ခြိုက်သော လျှို့ဝှက် ဆန်းကြယ်ဝတ္ထု ကောင်းများ ဖြစ် လာနိုင်ပေသည်။

(မှတ်ချက်။ ။ ထို အကြောင်းအရာများကို ကျွန်ုပ် သည် ယခုအခါ ဝတ္ထုအဖြစ် ချရေးနေပြီဖြစ်ပါသောကြောင့် ရိုစီမ၏ ဇာတ်လမ်းများကို ဇင်ယော်နီ ချရေးထားသည့် ဝတ္ထုကောင်းများ မကြာ မီ ဖတ်ရှုကြရတော့မည်ဖြစ်ကြောင်း ကြိုတင်သတင်း ကောင်းပါးအပ်ပေသည်)

ယခုမူ ရိုစီမ၏ စာတွင်ပါရှိသော ဂမ္ဘီရနည်း တိုလေးတစ်ခုကိုသာလျှင် လတ်တလော အဆာ ပြေအဖြစ် ရေးသားတင်ဆက်လိုက်ရပေတော့သ တည်း။

ရိုစီမ၏ ဂမ္ဘီရနည်းလေးမှာ လွန်စွာမှ ရိုးစင်း  လွယ်ကူလှတော့၏။ သို့ရာတွင် ကျွန်ုပ်သည် အရေး အကြောင်းရှိသောအခါတိုင်း ထိုနည်းကလေးကို လက်တွေ့အသုံးပြုကြည့်ရာ အလွန်ထိရောက်သုံး တည့်လှကြောင်း တွေ့ရှိခဲ့ရပေ၏။ ကျွန်ုပ်၏ ပရိသတ် အပေါင်းတို့သည်လည်း ထိုနည်းကလေးကို လွယ် ကူလွန်းသည်ဟူ၍ အမှုမဲ့အမှတ်မဲ့ သဘောမထားဘဲ လေးလေးစားစား အသုံးချကြည့်ပါက ထိရောက် သော ကောင်းကျိုးချမ်းသာများ မုချခံစားရပေလိမ့် မည်။ ထိုနည်းကလေးသည်ကား အောက်ပါအတိုင်း ဖြစ်လေတော့၏။

မိမိတို့တွင် အရေးပေါ် လုပ်စရာကိုင်စရာ၊ ပြောစရာ၊ ဆိုစရာ ဆောင်ရွက်စရာကိစ္စများ နေ့စဉ် နှင့်အမျှဆိုသလို ကြုံရတတ်ပေသည်။

ထိုသို့ကြုံလာခဲ့ပါက အနီရောင်ဖယောင်းတိုင် လေးတစ်တိုင်ကို ရှာရပါမည်။ ထိုဖယောင်းတိုင်ကို လုံခြုံစွာ ပတ်ထုပ်နိုင်သော လက်တစ်ဝါးခန့် အနီ ရောင်ပိတ်စလေးတစ်စလည်း လိုအပ်ပါသည်။

ဖယောင်းတိုင်အနီရောင်ပေါ်တွင် လတ်တ လောမိမိ၏ အရေးအကြီးဆုံး လိုအင်ဆန္ဒကို အပ် ကလေးတစ်ချောင်းဖြင့် အတိုချုံး၍ ရေးသားရပါ မည်။

ဥပမာ – မိမိသည် ငွေရေးကြေးရေးကိစ္စ သွား၍ အကူအညီတောင်းမည်၊ ငွေထုတ်မည်။ ငွေ ရေးကြေးရေးနှင့် ပတ်သက်၍ပြောဆိုဖြေရှင်းရမည် ဆိုပါက ထိုဖယောင်းတိုင် အနီရောင်ပေါ်တွင် ငွေ ဟု ထင်ထင်ရှားရှား ရေးရပါမည်။

မိမိသည် အလုပ်သွားရှာမည်။ အလုပ်သွား လျှောက်မည်ဆိုပါကလည်း ဖယောင်းတိုင်ပေါ်၌ ကုမ္ပဏီအလုပ်၊ ဆည်မြောင်းအလုပ်၊ အရောင်းစာ ရေးအလုပ် စသည်ဖြင့် မိမိလုပ်လိုသောအလုပ်ကို ရေးသားရပါမည်။

ရာထူးတက်လိုသည်ဆိုပါကလည်း ရာထူးဟု ရေးသားရပါမည်။ ရာထူးအဆင့်ကို အတိအကျထည့် ရေးနိုင်လျှင် ပို၍ကောင်းပေသည်။

စာမေးပွဲဖြေမည်၊ အင်တာဗျူးဖြေမည် စသော ကိစ္စများအတွက်ဆိုလျှင်လည်း ပညာရေးဟု ရေးနိုင်ပေသည်။ စသည် စသည်ဖြင့် သားရေး၊ သမီးရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်ကိစ္စ၊ နေရာ ထိုင်ခင်း စသော စသောကိစ္စအားလုံးအတွက် အသုံး ပြုနိုင်ပေသည်။

ထိုသို့ မိမိ၏လိုအင်ဆန္ဒကို ရေးသားပြီးသော အခါ ဖယောင်းတိုင်တစ်ခုလုံးကို နံ့သာဆီဖြင့် ပွတ် တိုက်ရပါမည်။ ပေါ့ပေါ့တန်တန် ပွတ်တိုက်ခြင်းမျိုး မဟုတ်ဘဲ မိမိ၏လိုအင်ဆန္ဒကို အလေးအနက်၊ အသေးစိတ် အာရုံပြုဆုတောင်းရင်း ပွတ်တိုက်ရန်   ဖြစ်ပါသည်။

ထိုသို့စီရင်ခြင်းကို မိမိ၏အိမ်၊ အလုပ်ခန်း၊ ရုံးခန်း၊ အဝင်ဝဘက်မှနေ၍ လမ်းဘက်သို့လှည့်၍ စီရင်ပါက ပို၍ကောင်းပါသည်။

ထို့နောက် ၄င်းဂမ္ဘီရဖယောင်းတိုင်ကို အနီ ရောင်ပိတ်စဖြင့် လုံခြုံအောင် ပတ်ထုပ်ပြီးသည့် နောက် မိမိ၏ အိမ်ရှေ့၊ အလုပ်ခန်းရှေ့၊ ရုံးခန်းရှေ့   မျက်နှာစာတွင် မြေကြီးထဲ၌ မြှုပ်နှံလိုက်ရန်ဖြစ်ပါ သည်။ ချွင်းချက်အနေဖြင့် မိမိ၏ မျက်နှာစာတွင် မြှုပ်နှံရန် အခက်အခဲရှိပါက အဆင်ပြေသောနေရာ တွင်လည်း မြှုပ်နှံနိုင်ပါသည်။

ထိုအစီအရင်ကို ပြုလုပ်ပြီးသည့်နောက် မိမိ ဆောင်ရွက်ဖွယ်ရှိသော အလုပ်ကို ဆောင်ရွက်သွား ရန်သာ ဖြစ်ပေတော့သတည်း။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ