မတူေသာအျပံဳးမ်ား

အပူရွိန္ျပင္းေသာ ေႏြလမွ ကင္း လြတ္ခြင့္ရေတာ့မည့္ မိုးဦးအႀကိဳတစ္ေန႔ က ျဖစ္ပါသည္။ ကြ်န္မသည္ သမီးႏွင့္ အတူ ေရႊတိဂံုေစတီေတာ္ႀကီးသို႔ ဘုရား ဖူး ေရာက္ျဖစ္ခဲ့ေလသည္။ ေရႊတိဂံုေစတီ ရင္ျပင္သို႔ ေစာင္းတန္းမွ တက္လာၾက ရင္း သမီးက-

“ေမေမ ေရႊတိဂံုေစတီကို ဘာလို႔ ေလးဆူ ဓာတ္ပံုေရႊတိဂံုလို႔ ေျပာၾကတာ လဲ” ဟု ေမးေလရာ ကြ်န္မက –

“ဘုရားရွင္ ေလးဆူတို႔ရဲ႕ ဓာတ္ ေတာ္ေတြ ကိန္းဝပ္ဌာပနာထားလို႔ေပါ့ သမီးရဲ႕။ ဘုန္းေတာ္ရွင္ ဘုန္းေတာ္ျပည့္၊ တရားမင္းသခင္ ဘုရားရွင္ႀကီးမ်ား ျဖစ္ ေတာ္မူၾကတဲ့ ကကုသန္၊ ေကာဏဂုဏ္၊ ကႆပ၊ ေဂါတမရွင္ေတာ္ျမတ္ဘုရား ႀကီးမ်ားရဲ႕ ေတာင္ေဝွး၊ ေရသႏုပ္၊ ဓမၼ က႐ိုဏ္၊ ဆံေတာ္ဆိုတဲ့ ေလးဆူေသာ ဓာတ္ျမတ္ေတြကို ဌာပနာၿပီး တည္ထား ခဲ့တာလို႔ ဆိုတယ္။

ေရႊတိဂံုေစတီေတာ္ႀကီးနဲ႔ ပတ္ သက္ၿပီး ေျပာရရင္ အရွည္ႀကီး၊ အက်ယ္ တဝင့္ႀကီး ေျပာရမွာ သမီးရဲ႕ အဲဒီလိုေျပာ ျပလို႔လည္း ၿပီးျပည့္စံုသြားဖို႔ကေတာ့ မရွိပါ ဘူး။ ေမေမသိသမွ်၊ မွတ္သားမိသမွ်  ၾကားဖူးသမွ်ေတြထက္အဆေပါင္းေထာင္ ေသာင္းမက ေျပာမကုန္ေအာင္ ေရႊတိဂံု ေစတီေတာ္ႀကီးရဲ႕ သမိုင္းေၾကာင္းက ႀကီး က်ယ္ခမ္းနားတယ္သမီးရဲ႕။ တန္ခိုးေတာ္ ကလည္း အံ့ခ်ီးမကုန္ႏိုင္ေအာင္ ထူးျခား တယ္။

ၿပီးေတာ့ ေရွးကပြင့္ၿပီးတဲ့ ဘုရား ေလးဆူရဲ႕ဓာတ္ေတာ္ေတြသာမက ေနာင္ ပြင့္ေတာ္မူမယ့္ အရိေမတၲယ်ဘုရားရွင္ရဲ႕ ဓာတ္ေတာ္ေမြေတာ္ေတြဟာလည္း တစ္ ခ်ိန္မွာ အခုေရႊတိဂံုေစတီေတာ္တည္တဲ့ သိဂၤုတၲရကုန္းေတာ္ေပၚမွာ အပူေဇာ္ခံ ဌာ ပနာၾကရဦးမယ္လို႔ ေရွးလူႀကီးအခ်ိဳ႕ရဲ႕ ေျပာသံကို ၾကားခဲ့ဖူးတယ္။ အဲဒီအခ်ိန္ၾက ရင္ေတာ့ ငါးဆူဓာတ္ပံု ေရႊတိဂံုေပါ့သမီး ရယ္”ဟု ေျပာျပရေလသည္။ ထို႔ေနာက္ ေစာင္း တန္းအတက္တြင္ ဝယ္လာေသာ ပန္းမ်ား၊ အိမ္မွ ယူေဆာင္လာေသာ ပန္းႏွင့္ အေမႊးတိုင္မ်ားအားစု ေပါင္း၍ လွဴဒါန္းရန္ ေစတီေတာ္ႀကီးအား လွည့္ လည္ ဖူးေျမာ္ပူေဇာ္ရင္း ေလွ်ာက္လွမ္း လာခဲ့ၾကေလသည္။

ရင္ျပင္ေတာ္ေပၚရွိ ေသာၾကာ ေထာင့္သို႔ေရာက္ေသာအခါ သမီးက –

“ေမေမ ေသာၾကာေထာင့္မွာ ပန္းေတြ လွဴမယ္မဟုတ္လား။ ေဖေဖနဲ႔ ေမေမက ေသာၾကာေတြေလ” ဟု ေျပာ ေလရာ ကြ်န္မက –

“လွဴမယ္ေလ သမီးရဲ႕၊ သမီးရဲ႕ ေမြးနံေထာင့္မွာရယ္။ သမီးေမာင္ေလးရဲ႕ ေမြးနံေထာင့္မွာရယ္ လွဴဖို႔လည္း ပန္း ေတြခ်န္ထားဦး”ဟု ေျပာရင္း ေစတီရင္ ျပင္တစ္ေလွ်ာက္ ေမြးနံေထာင့္အသီးသီး တို႔တြင္ ပန္းမ်ား လွဴဒါန္းျဖစ္ခဲ့ၾကေလ သည္။

ထို႔ေနာက္ ေစတီေတာ္ေအာင္ေျမ တြင္ ဘုရားရွိခိုးျခင္း၊ ဂုဏ္ေတာ္မ်ားပြား မ်ားျခင္း၊ ေမတၲာပို႔သျခင္း၊ အမွ်ေဝ ျခင္းမ်ား ျပဳေဆာင္ခဲ့ၾကၿပီးေနာက္ ေစတီ ရင္ျပင္မွ ျပန္လည္ထြက္ခြာလာခဲ့ၾကေလ သည္။ အိမ္အျပန္လမ္းတြင္ သမီးက –

“ေမေမ သမီးတစ္ခု ေျပာဦး မယ္။ ၿဂိဳဟ္တိုင္ေတြမွာ ဘုရား႐ုပ္ပြား ေတာ္ေတြ ဖူးရတာ တစ္ဆူနဲ႔ တစ္ဆူ သိပ္မတူသလိုပဲ။ အခ်ိဳ႕ဆင္းတုေတာ္ ေတြက ေတာ္ေတာ္ေလးၿပံဳးတယ္။ အခ်ိဳ႕ ဆင္းတုေတာ္ေတြကေတာ့ နည္းနည္းပဲ ၿပံဳးသလိုပဲ။ အဲဒါထက္ သမီးေမးခ်င္တာ က သမီးဖတ္ဖူးတဲ့ စာအခ်ိဳ႕ထဲမွာ ဘုရား ရွင္က တစ္ခုခုေျပာခါနီးရင္ ၿပံဳးေတာ္မူ တယ္လို႔ ထည့္ၿပီးေရးထားတာ ေတြ႕ရ တယ္။ ဥပမာဆိုရင္ အေၾကာင္းအရာ တစ္ခုကို ေျပာေတာ့မယ္ဆိုရင္ ဘုရားရွင္ က ၿပံဳးေတာ္မူတယ္။ ေနာက္ၿပီးေတာ့ ညီေတာ္အာနႏၵာက ေမးေလွ်ာက္တဲ့အခါ မွာလည္း ဘုရားရွင္က ၿပံဳးေတာ္မူတယ္ ဆိုတဲ့ စာေတြကို ဖတ္ရတယ္။ ဘုရားရွင္ က ဘာလို႔ ၿပံဳးၿပံဳးေနတာလဲဟင္”ဟု ေမးေလရာ ကြ်န္မလည္း သမီး၏ေမးခြန္း အား ၾကက္သီးထစြာျဖင့္ –

“သမီးရဲ႕ …ဘုရားရွင္ၿပံဳးေတာ္ မူတာက ေမေမတို႔ သာမန္လူေတြလို ၿပံဳးတာမ်ိဳးမဟုတ္ဘူးေနာ္။ ဘုရားရွင္ဟာ အေၾကာင္းအရာမဲ့ ဘာကိုမွ ျပဳေတာ္ မမူ ဘူးသမီးရဲ႕၊ သမီးနားလည္ေအာင္ ေျပာ ျပရရင္ ေလာကသားေတြ ရင္ဆိုင္ေတြ႕ ႀကံဳၾကရတဲ့ ေလာကဓံ ရွစ္ပါးရွိတယ္။ အေကာင္းဘက္က ေလးပါး၊ အဆိုးဘက္ က ေလးပါးေပါ့ သမီးရယ္။ အၿခံအရံ အေက်ာ္အေဇာျဖစ္ျခင္း၊ အၿခံအရံအ ေက်ာ္ အေဇာမဲ့ျခင္း၊ လာဘ္ရျခင္း၊ လာဘ္မရျခင္း၊ ကဲ့ရဲ႕ျခင္း၊ ခ်ီးမြမ္းျခင္း၊ ခ်မ္းသာျခင္း၊ ဆင္းရဲျခင္းဆိုတာ ေတြ ေပါ့။ အဲဒီေလာကဓံေတြကို ေလာကအ တြင္းရွိသမွ် လူေတြႀကံဳေတြ႕ရတတ္တဲ့ ေလာကဓံတရားလို႔ ေခၚတယ္။ အဲဒီေလာ ကဓံတရားေတြနဲ႔ ႀကံဳေတြ႕ခဲ့ရင္ ခံႏိုင္ရည္ ရွိတဲ့ ပုဂၢိဳလ္မရွိသေလာက္ ရွားပါတယ္။ သို႔ေသာ္လည္း ဘုရား၊ ရဟႏၱာမ်ားက ေတာ့ အဲဒီေလာကဓံတရားမ်ားနဲ႔ ႀကံဳ ေတြ႕ရလည္း တုန္လႈပ္ျခင္း မရွိၾကဘူးတဲ့။

ဘုရားရွင္ၿပံဳးေတာ္မူတာဟာ ႏွစ္ သက္လို႔ ၿပံဳးတာမဟုတ္ဘူး။ ႏွစ္သက္လို႔ ၿပံဳးေတာ္မူတယ္ဆိုရင္ မႏွစ္သက္ရင္ မဲ့မယ္လို႔ ထင္စရာ ေတြးစရာ ျဖစ္ေန မွာေပါ့။ အဲဒီလိုမဟုတ္ဘူး။ ဘုရားရွင္ၿပံဳး ေတာ္မူတယ္ဆိုတာက အေၾကာင္းထူးကို ျမင္လို႔ အဲဒီအေၾကာင္းထူးကို ေဖာ္ထုတ္ ခ်င္လို႔ ၿပံဳးေတာ္မူျခင္းျဖစ္တယ္လို႔ တည္ ေတာဆရာေတာ္ဘုရားႀကီးရဲ႕ အေမး အေျဖစာစုမွာ ဖတ္ဖူးတယ္။

ဒါေၾကာင့္ ဘုရားရွင္ၿပံဳးေတာ္မူတဲ့ အၿပံဳးက မဂၤလသုတ္ေတာ္ထဲမွာပါတဲ့ တုန္လႈပ္မႈမရွိတဲ့ စိတ္ျဖစ္ျခင္း၊ စိုးရိမ္ပူ ေဆြးျခင္း၊ ရာဂစတဲ့ ျမဴအညစ္ အေၾကး မစြန္းထင္းျခင္း၊ ေဘးရန္လည္း မရွိျခင္း ဆိုတဲ့ တရားေလးပါးနဲ႔ ေကာင္းျမတ္ၿပီး ပကတိ တည္ၾကည္ သပၸာယ္တဲ့ ၿပံဳးျခင္း မ်ိဳးေပါ့။ သာမန္ လူသားေတြနဲ႔ မတူတဲ့ အၿပံဳးမ်ားလို႔ သမီး မွတ္ထား လိုက္ေပ ေတာ့” ဟု ရွင္းျပလိုက္ရပါေလေတာ့သ တည္း။

ဇင္လဲ့ရည္ႏြယ္

 

unicode version

 

မတူသောအပြုံးများ
** ဇင်လဲ့ရည်နွယ် **

*-*-*-*-*-*-*-*-**-*-*-*

အပူရှိန်ပြင်းသော နွေလမှ ကင်း လွတ်ခွင့်ရတော့မည့် မိုးဦးအကြိုတစ်နေ့ က ဖြစ်ပါသည်။ ကျွန်မသည် သမီးနှင့် အတူ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရား ဖူး ရောက်ဖြစ်ခဲ့လေသည်။ ရွှေတိဂုံစေတီ ရင်ပြင်သို့ စောင်းတန်းမှ တက်လာကြ ရင်း သမီးက-
“မေမေ ရွှေတိဂုံစေတီကို ဘာလို့ လေးဆူ ဓာတ်ပုံရွှေတိဂုံလို့ ပြောကြတာ လဲ” ဟု မေးလေရာ ကျွန်မက –
“ဘုရားရှင် လေးဆူတို့ရဲ့ ဓာတ် တော်တွေ ကိန်းဝပ်ဌာပနာထားလို့ပေါ့ သမီးရဲ့။ ဘုန်းတော်ရှင် ဘုန်းတော်ပြည့်၊ တရားမင်းသခင် ဘုရားရှင်ကြီးများ ဖြစ် တော်မူကြတဲ့ ကကုသန်၊ ကောဏဂုဏ်၊ ကဿပ၊ ဂေါတမရှင်တော်မြတ်ဘုရား ကြီးများရဲ့ တောင်ဝှေး၊ ရေသနုပ်၊ ဓမ္မ ကရိုဏ်၊ ဆံတော်ဆိုတဲ့ လေးဆူသော ဓာတ်မြတ်တွေကို ဌာပနာပြီး တည်ထား ခဲ့တာလို့ ဆိုတယ်။
ရွှေတိဂုံစေတီတော်ကြီးနဲ့ ပတ် သက်ပြီး ပြောရရင် အရှည်ကြီး၊ အကျယ် တဝင့်ကြီး ပြောရမှာ သမီးရဲ့ အဲဒီလိုပြော ပြလို့လည်း ပြီးပြည့်စုံသွားဖို့ကတော့ မရှိပါ ဘူး။ မေမေသိသမျှ၊ မှတ်သားမိသမျှ ကြားဖူးသမျှတွေထက်အဆပေါင်းထောင် သောင်းမက ပြောမကုန်အောင် ရွှေတိဂုံ စေတီတော်ကြီးရဲ့ သမိုင်းကြောင်းက ကြီး ကျယ်ခမ်းနားတယ်သမီးရဲ့။ တန်ခိုးတော် ကလည်း အံ့ချီးမကုန်နိုင်အောင် ထူးခြား တယ်။
ပြီးတော့ ရှေးကပွင့်ပြီးတဲ့ ဘုရား လေးဆူရဲ့ဓာတ်တော်တွေသာမက နောင် ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေဟာလည်း တစ် ချိန်မှာ အခုရွှေတိဂုံစေတီတော်တည်တဲ့ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ အပူဇော်ခံ ဌာ ပနာကြရဦးမယ်လို့ ရှေးလူကြီးအချို့ရဲ့ ပြောသံကို ကြားခဲ့ဖူးတယ်။ အဲဒီအချိန်ကြ ရင်တော့ ငါးဆူဓာတ်ပုံ ရွှေတိဂုံပေါ့သမီး ရယ်”ဟု ပြောပြရလေသည်။ ထို့နောက် စောင်း တန်းအတက်တွင် ဝယ်လာသော ပန်းများ၊ အိမ်မှ ယူဆောင်လာသော ပန်းနှင့် အမွှေးတိုင်များအားစု ပေါင်း၍ လှူဒါန်းရန် စေတီတော်ကြီးအား လှည့် လည် ဖူးမြော်ပူဇော်ရင်း လျှောက်လှမ်း လာခဲ့ကြလေသည်။
ရင်ပြင်တော်ပေါ်ရှိ သောကြာ ထောင့်သို့ရောက်သောအခါ သမီးက –
“မေမေ သောကြာထောင့်မှာ ပန်းတွေ လှူမယ်မဟုတ်လား။ ဖေဖေနဲ့ မေမေက သောကြာတွေလေ” ဟု ပြော လေရာ ကျွန်မက –
“လှူမယ်လေ သမီးရဲ့၊ သမီးရဲ့ မွေးနံထောင့်မှာရယ်။ သမီးမောင်လေးရဲ့ မွေးနံထောင့်မှာရယ် လှူဖို့လည်း ပန်း တွေချန်ထားဦး”ဟု ပြောရင်း စေတီရင် ပြင်တစ်လျှောက် မွေးနံထောင့်အသီးသီး တို့တွင် ပန်းများ လှူဒါန်းဖြစ်ခဲ့ကြလေ သည်။
ထို့နောက် စေတီတော်အောင်မြေ တွင် ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်များပွား များခြင်း၊ မေတ္တာပို့သခြင်း၊ အမျှဝေ ခြင်းများ ပြုဆောင်ခဲ့ကြပြီးနောက် စေတီ ရင်ပြင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြလေ သည်။ အိမ်အပြန်လမ်းတွင် သမီးက –
“မေမေ သမီးတစ်ခု ပြောဦး မယ်။ ဂြိုဟ်တိုင်တွေမှာ ဘုရားရုပ်ပွား တော်တွေ ဖူးရတာ တစ်ဆူနဲ့ တစ်ဆူ သိပ်မတူသလိုပဲ။ အချို့ဆင်းတုတော် တွေက တော်တော်လေးပြုံးတယ်။ အချို့ ဆင်းတုတော်တွေကတော့ နည်းနည်းပဲ ပြုံးသလိုပဲ။ အဲဒါထက် သမီးမေးချင်တာ က သမီးဖတ်ဖူးတဲ့ စာအချို့ထဲမှာ ဘုရားရှင်က တစ်ခုခုပြောခါနီးရင် ပြုံးတော်မူ တယ်လို့ ထည့်ပြီးရေးထားတာ တွေ့ရ တယ်။ ဥပမာဆိုရင် အကြောင်းအရာ တစ်ခုကို ပြောတော့မယ်ဆိုရင် ဘုရားရှင် က ပြုံးတော်မူတယ်။ နောက်ပြီးတော့ ညီတော်အာနန္ဒာက မေးလျှောက်တဲ့အခါ မှာလည်း ဘုရားရှင်က ပြုံးတော်မူတယ် ဆိုတဲ့ စာတွေကို ဖတ်ရတယ်။ ဘုရားရှင် က ဘာလို့ ပြုံးပြုံးနေတာလဲဟင်”ဟု မေးလေရာ ကျွန်မလည်း သမီး၏မေးခွန်း အား ကြက်သီးထစွာဖြင့် –
“သမီးရဲ့ …ဘုရားရှင်ပြုံးတော် မူတာက မေမေတို့ သာမန်လူတွေလို ပြုံးတာမျိုးမဟုတ်ဘူးနော်။ ဘုရားရှင်ဟာ အကြောင်းအရာမဲ့ ဘာကိုမှ ပြုတော် မမူ ဘူးသမီးရဲ့၊ သမီးနားလည်အောင် ပြော ပြရရင် လောကသားတွေ ရင်ဆိုင်တွေ့ ကြုံကြရတဲ့ လောကဓံ ရှစ်ပါးရှိတယ်။ အကောင်းဘက်က လေးပါး၊ အဆိုးဘက် က လေးပါးပေါ့ သမီးရယ်။ အခြံအရံ အကျော်အဇောဖြစ်ခြင်း၊ အခြံအရံအ ကျော် အဇောမဲ့ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုတာ တွေ ပေါ့။ အဲဒီလောကဓံတွေကို လောကအ တွင်းရှိသမျှ လူတွေကြုံတွေ့ရတတ်တဲ့ လောကဓံတရားလို့ ခေါ်တယ်။ အဲဒီလော ကဓံတရားတွေနဲ့ ကြုံတွေ့ခဲ့ရင် ခံနိုင်ရည် ရှိတဲ့ ပုဂ္ဂိုလ်မရှိသလောက် ရှားပါတယ်။ သို့သော်လည်း ဘုရား၊ ရဟန္တာများက တော့ အဲဒီလောကဓံတရားများနဲ့ ကြုံ တွေ့ရလည်း တုန်လှုပ်ခြင်း မရှိကြဘူးတဲ့။
ဘုရားရှင်ပြုံးတော်မူတာဟာ နှစ် သက်လို့ ပြုံးတာမဟုတ်ဘူး။ နှစ်သက်လို့ ပြုံးတော်မူတယ်ဆိုရင် မနှစ်သက်ရင် မဲ့မယ်လို့ ထင်စရာ တွေးစရာ ဖြစ်နေ မှာပေါ့။ အဲဒီလိုမဟုတ်ဘူး။ ဘုရားရှင်ပြုံး တော်မူတယ်ဆိုတာက အကြောင်းထူးကို မြင်လို့ အဲဒီအကြောင်းထူးကို ဖော်ထုတ် ချင်လို့ ပြုံးတော်မူခြင်းဖြစ်တယ်လို့ တည် တောဆရာတော်ဘုရားကြီးရဲ့ အမေး အဖြေစာစုမှာ ဖတ်ဖူးတယ်။
ဒါကြောင့် ဘုရားရှင်ပြုံးတော်မူတဲ့ အပြုံးက မင်္ဂလသုတ်တော်ထဲမှာပါတဲ့ တုန်လှုပ်မှုမရှိတဲ့ စိတ်ဖြစ်ခြင်း၊ စိုးရိမ်ပူ ဆွေးခြင်း၊ ရာဂစတဲ့ မြူအညစ် အကြေး မစွန်းထင်းခြင်း၊ ဘေးရန်လည်း မရှိခြင်း ဆိုတဲ့ တရားလေးပါးနဲ့ ကောင်းမြတ်ပြီး ပကတိ တည်ကြည် သပ္ပာယ်တဲ့ ပြုံးခြင်း မျိုးပေါ့။ သာမန် လူသားတွေနဲ့ မတူတဲ့ အပြုံးများလို့ သမီး မှတ်ထား လိုက်ပေ တော့” ဟု ရှင်းပြလိုက်ရပါလေတော့သ တည်း။
ဇင်လဲ့ရည်နွယ်